အဓိပ္ပါယ်ဖွင့်ဆိုချက်
Anemia (သွေးအားနည်းရောဂါ) ကဘာလဲ။
သွေးအားနည်းရောဂါဆိုသည်မှာ သင့်ခန္ဓါကိုယ်တွင် hemoglobin ( တစ်ရှူးများထံသို့ အောက်စီဂျင်သယ်ပေး သော ကျန်းမာသော သွေးနီဥဆဲလ်များ) မလုံလောက်သော ကြောင့် ခံစားရသော အခြေအနေတစ်ခု ဖြစ်သည်။ သွေးအားနည်းရောဂါ ဖြစ်ပါက သင့်ခန္ဓါကိုယ်သည် အောက် စီဂျင် လုံလောက်စွာ မရရှိ၍ လုပ်ငန်းကောင်းစွာ မလုပ်နိုင်ပါ။
သွေးအားနည်းရောဂါ အမျိုးအစား များစွာ ရှိပါသည်။ အဖြစ်အများဆုံး အမျိုးအစားများမှာ-
- သံဓါတ်ချို့တဲ့သော သွေးအားနည်းရောဂါ။ နာမည် အတိုင်းပင် သံဓါတ်ချို့တဲ့ပါက သံဓါတ်ချို့တဲ့သော သွေးအားနည်းရောဂါ ဖြစ်ပွားသည်။ သံဓါတ်မရှိပါက ရိုးတွင်းခြင်ဆီသည် လုံလောက်သော hemoglobin မထုတ်လုပ်နိုင်ပါ။
- ဗီတာမင် ချို့တဲ့သော သွေးအားနည်းရောဂါ။ ကျန်း မာသော သွေးနီဥဆဲလ်များ ထုတ်လုပ်နိုင်ရန် folate နှင့် ဗီတာမင် ဘီ ၁၂ လိုအပ်သည်။ အချို့တွင် ဗီတာမင် လုံလောက်စွာ ရရှိသော်လည်း မသုံးစွဲနိုင်ပါ။
- ဆဲလ်အသစ်မထုတ်နိုင်သော သွေးအားနည်းရောဂါ။ ရှားပါးသော အသက်အန္တရာယ်စိုးရိမ်ရသည့် သွေးအားနည်း ရောဂါဖြစ်သည်။ ရောဂါပိုးကူးစက်ခြင်း ၊ အဆိပ်အတောက် ထိတွေ့ခြင်းနှင့် အချို့ဆေးများ သောက်ခြင်းကြောင့် ဖြစ်ပွားသည်။
- သွေးနီဥဆဲလ်များ ပျက်စီးသော သွေးအားနည်း ရောဂါ။ သင့်ခန္ဓါကိုယ်သည် သွေးနီဥဆဲလ်များကို ထုတ်လုပ်နှုန်းထက် ပိုမြန်စွာ ဖျက်ဆီးပါက ဤသွေး အားနည်းရောဂါ ရနိုင်သည်။ မွေးရာပါ သို့မဟုတ် နောက်မှ ဖြစ်ပွားခြင်း ဖြစ်နိုင်သည်။
- တံစဉ်ပုံ ဆဲလ်များဖြစ်သော သွေးအားနည်းရောဂါ။ ၎င်းသည် မျိုးရိုးလိုက်သည်။ သွေးနီဥဆဲလ်များကို တောင့်တင်းသော တံစဉ်ပုံများ ဖြစ်စေပြီး သွေးကြော များအတွင်းတွင် ဖြတ်သန်းခြင်းကို ခက်ခဲစေသည်။ နာကျင်ပြီး တစ်ရှူးပျက်စီးခြင်းများ ဖြစ်ပေါ်သည်။
အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ၎င်းကို ထိန်းချုပ်နိုင်ပါသည်။ ပိုမိုသော အချက်အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။