ဓာတ်မတည့်ဖြစ်စဉ်တွေထဲမှာ တော်တော်လေးကို ရှားပါးတဲ့ ဖြစ်စဉ်လို့ ဆိုရမှာပါ။ များသောအားဖြင့် သောက်ဆေးအသစ်တွေကို စသောက်တဲ့အခါမှာ ဒီလိုဓာတ်မတည့်လက္ခဏာကို တွေ့ရနိုင်ပါတယ်။ ကိုယ်ခံအားစနစ်က တခြားဘက်တီးရီးယားနဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ရမယ့်အစား သောက်ဆေးနဲ့ ဓာတ်ပြုပြီး ဓာတ်မတည့်လက္ခဏာမျိုး ဖြစ်စေပါတယ်။