backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဓါတ်မတည့်မှုပြသရန် လမ်းညွှန်ချက်


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဓါတ်မတည့်မှုပြသရန် လမ်းညွှန်ချက်

ဓါတ်မတည့်မှုကုသသူ ဆရာဝန်များဟာ ဓါတ်မတည့်မှုဖြစ်ခြင်းများနဲ့ ပတ်သက်တဲ့ ရောဂါရှာဖွေကုသခြင်းတွေမှာ လေ့ကျင့်ထားသူတွေပဲ ဖြစ်ပါတယ်။ အန္တရာယ်ရှိတဲ့ ဓါတ်မတည့်ခြင်း ဖြစ်ပွားတယ်ထင်ရင် ကနဦးကြည့်ရှုတဲ့ ဆရာဝန်ကနေ ဓါတ်မတည့်မှုကုသပေးတဲ့ ဆရာဝန်ဆီ လွှဲပေးပါလိမ့်မယ်။ ယခုဖော်ပြမှကြတော့ ဘယ်လိုပြသရမလဲဆိုတဲ့ လမ်းညွှန်ချက်ပဲ ဖြစ်ပါတယ်။

၁။ ဘယ်အချိန်မှာ ဆေးဝါးကုသမှု ခံယူမလဲ

လူအများက ဓါတ်မတည့်ခြင်းဟာ အရေးမကြီးဘူးလို့ ထင်ကြပါတယ်။ ဓါတ်မတည့်ခြင်းဟာ နှစ်နဲ့ချီပြီး ဖြစ်နေရင်တောင် အမြဲဖစ်နေကြရောဂါလို့တောင် သဘောထားလာကြပါတယ်။ ရာသီအလိုက်ဖြစ်တဲ့ ဓါတ်မတည့်မှုကိုတော့ ဟစ်စတမင်း ဆန့်ကျင်ဆေးတွေ၊ နှာပိတ်ပျောက်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။ ဒါပေမယ့် အန္တရာယ်ရှိတဲ့ ဓါတ်မတည့်ခြင်းမျိုးဆိုရင်တော့ ကုသမှု ခံယူဖို့ လိုပါတယ်။

သင် ဒါမှမဟုတ် သင့်ကလေးမှာ ရင်ကျပ်တဲ့လက္ခဏာ တွေ့ရင် ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။ တခါတရံမှာ ရင်ကျပ်ခြင်းဟာ ဓါတ်မတည့်မှုကြောင့် ဖြစ်တတ်ပါတယ်။ လက္ခဏာတွေကတော့ ချောင်းအလွန်ဆိုးခြင်း၊ အသက်ရှူသံပြင်းထန်ခြင်း၊ အသက်ရှူရခက်ခြင်း၊ ရင်ဘတ်ကျပ်ခြင်း စတာတွေ ပါဝင်ပါတယ်။ မကုသဘဲထးရင် ဒီလက္ခဏာတွေဟာ ဆိုးရွားသွားတတ်ပါတယ်။

၂။ မှတ်တမ်းထားပါ

ရောဂါကို ရှာဖွေသိရှိဖို့အတွက် ဓါတ်မတည့်မှုကုသသူ ဆရာဝန်ဟာ ဘယ်အချိန်တွေမှာ ဓါတ်မတည့်မှု ဖြစ်ပွားတတ်လဲ၊ ဘာတွေနဲ့ မတည့်တာ ဖြစ်နိုင်လဲနဲ့ ဓါတ်မတည့်မှုဖြစ်တဲ့အခြေအနေ စတာတွေကို သိရှိထားဖို့ လိုပါတယ်။

ဒါကြောင့်မို့လို့ ဓါတ်မတည့်မှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဆရာဝန်သိရအောင် အတိအကျမှတ်တမ်းတင်ထားဖို့ လိုပါတယ်။ ဓါတ်မတည့်မှုဟာ အစာနဲ့ပတ်သက်ရင် လက္ခဏာတွေကို မှတ်သားထားပြီး ဂျာနယ်တွေမှာ ရှာဖွေမှတ်သားရပါမယ်။

၃။ ပြသမှုအတွင်း

ဆရာဝန်ဟာ မိသားစုရာဇဝင်ကို သိရှိဖို့ လိုပါတယ်။ ချိန်းဆိုပြသဖို့ မသွားခင် မိသားစုအတွင်း မေးမြန်းသင့်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးရာဇဝင်လည်း အရေးကြီးပါတယ်။ မိမိကိုယ်ပိုင် ကျန်းမာရေး မှတ်တမ်းကို ယူဆောင်သွားသင့်ပါတယ်။ ဓါတ်မတည့်မှု ဖြစ်ပွားရင် သင်ဘာဆေးတွေ သောက်နေကြဖြစ်တယ်ဆိုတာ ပြောပြဖို့ လိုပါတယ်။ ဒီဆေးတွေကို ဆရာဝန်သိရင် ပိုပြီး အထောက်အကူပြုပါတယ်။

၄။ ဘာမေးရမလဲ

သင့်အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေရှိရင် ဆရာဝန်ကို မေးမြန်းဖို့ ဝန်မလေးပါနဲ့။ ဆရာဝန်ပြသဖို့ အချိန်ကန့်သတ်ချက်ရှိတာမို့ ဘာတွေမေးမြန်းရမလဲ ဆိုတာ ကြိုပြီးစာရင်းပြုစု သွားရပါမယ်။ လိုအပ်တဲ့ မေးခွန်းတွေကတော့

– ဘယ်လိုအပြောင်းအလဲက ဓါတ်မတည့်ခြင်းကို ကာကွယ်နိုင်မလဲ

– ကုသမှုရဲ့ မျှော်မှန်းချက်တွေက ဘာတွေလဲ

– ဖြစ်နိုင်ခြေ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲ

– ဓါတ်မတည့်မှုပစ္စည်းတွေကို သိရအောင် ဘယ်လိုစမ်းသပ်ချက်တွေ လုပ်ရမလဲ စတာတွေပဲ ဖြစ်ပါတယ်။

ချိန်းဆိုပြသပြီး နောက်ပိုင်းမှာ ကုသမှုအတွက် ဘာတွေက အကျိုးရှိမလဲ စဉ်းစားမိရင်၊ တခြား စိုးရိမ်တာရှိရင် ဆရာဝန်နဲ့ ထပ်မံရက်ချိန်းယူရပါမယ်။ ဆေးဝါးတွေညွှန်းတာရှိရင် စစ်ဆေးပြသနေဖို့ မဖြစ်မနေ လိုပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement