backup og meta

ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေမယ့် ယောဂပို့စ်

ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေမယ့် ယောဂပို့စ်

တစ်လတစ်ကြိမ်ရာသီလာတဲ့အခါတိုင်း နာကျင်ပင်ပန်းနေရတဲ့ လေဒီလေးတွေရှိလား။ ဒါဆိုရင်တော့ ရာသီလာစဉ် နာကျင်ကိုက်ခဲတာတွေ ပင်ပန်းတာတွေ သက်သာစေဖို့ လုပ်ပေးသင့်တဲ့ ယောဂပို့စ်လေးတွေအကြောင်း ပြောပြပေးပါရစေ။ ယောဂလုပ်တာက စိတ်ကျန်းမာစေသလို ခန္ဓာကိုယ်ကိုလည်း နာကျင်မှုကင်းဝေးပြီး ကျန်းမာစေနိုင်ပါတယ်။

ရာသီလာစဉ်မှာ ကိုက်ခဲမှုကင်းစေဖို့ လေဒီလေးတွေ လုပ်ပေးသင့်တဲ့ ယောဂပို့စ်တွေက ဘာတွေဖြစ်မလဲ…….

ရာသီလာချိန်မှာ ပုံမှန်အတိုင်းကိုက လေဒီလေးတွေအတွက် တော်တော်ပင်ပန်းတတ်ကြပါတယ်။ ဒီပင်ပန်းမှုမှာ နာကျင်ကိုက်ခဲမှုပါ ထပ်ပေါင်းလိုက်မယ်ဆိုရင် တော်တော်လေး ဆိုးရွားတဲ့ အခြေအနေလို့ဆိုရပါမယ်။ ဒီတော့ ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကင်းစေဖို့ဆိုရင် ဒီယောဂပို့စလေးတွေက အကောင်းဆုံး​ဖြေရှင်းနိုင်မှာပါ။

Child’s pose

Child’s pose

ဒီယောဂပို့စ်က သက်တောင့်သက်သာရှိစေပြီး ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ခါးနဲ့နောက်ကျောကြွက်သားတွေကို ဖြည်းဖြည်းချင်းဆွဲဆန့်ပေးပြီး ကြွက်သားတွေကို ပြေလျော့စေမှာပါ။ ခါးနာတာကို သိသိသာသာသက်သာစေနိုင်မှာ အသေအချာပါ။ ပုဆစ်တုပ်ထိုင်ပြီး ခြေထောက်ကို ပခုံးနဲ့အညီထားပါ။ ပြီးရင်တော့ လက်နှစ်ဖက်ကို ရှေ့ကိုဆန့်တန်းလို့ ခါးကို ကိုင်းချပါ။ ခဏလေး အကြောတွေကို ဖြေလျှော့ထားပါ။ မှောက်တဲ့အချိန်မှာ အသက်ရှုသွင်းလို့စက္ကန့် ၃၀ ကြာနေပြီး ပြန်ထချိန်မှာ အသက်ရှုထုတ်ပါ။ တင်ပါးနဲ့ပေါင်ကြွက်သားတွေကို ဖြေလျှော့ထားပါ။ ဒီလိုလုပ်ပေးတာက ရာသီလာစဉ်နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်သလို ရာသီလာချိန် ပင်ပန်းတာကို အထိရောက်ဆုံးသက်သာစေနိုင်မှာပါ။

Forward Fold ပို့စ်

Forward Fold

တင်ပါးကကြွက်သားတွေနဲ့ ခါးရိုးတွေကို သက်တောင့်သက်သာဖြစ်စေမယ့် လေ့ကျင့်ခန်းတစ်မျိုးပေါ့။ ခြေသလုံးကြွက်သားတွေနဲ့ ပေါင်၊ ခါး ကြွက်သားတွေကိုပြေလျော့စေပြီး နာကျင်မှုကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ဒီပို့စ်လုပ်မယ်ဆိုရင် အရင်ဆုံး ခန္ဓာကိုယ်ကို မတ်မတ်ကလေးရပ်ဖို့လိုပါမယ်။ ပြီးရင်တော့ လက်နှစ်ဖက်ကို ရှေ့ကိုဆန့်တန်းလို့ ခါးကို တတ်နိုင်သမျှချိုးချပေးပါ။ စက္ကန့် ၃၀ လောက်နေပါ။ ပြီးရင် ခန္ဓာကိုယ်ကို ပုံမှန်အတိုင်း ပြန်နေပေးပါ။ ဒီလိုလုပ်ပေးတာက ခန္ဓာကိုယ်က ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှုကောင်းစေပြီး နာကျင်မှုကိုသက်သာစေနိုင်ပါတယ်။

Knees-to-Chest ပို့စ်

Knees-to-Chest Pose

ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို အထိရောက်ဆုံးသက်သာစေနိုင်တဲ့ ယောဂပို့စ်တစ်ရပ်ပါ။ ခါးအောက်ပိုင်းကြွက်သားတွေနဲ့ ဝမ်းဗိုက်ကြွက်သားတွေကိုပြေလျော့စေနိုင်ပါတယ်။ ကြွက်သားတွေတင်းနေတာကို ပြေလျော့စေပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ဒီယောဂပို့စ်က ဗိုက်ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှုကောင်းစေပြီး ကိုယ်တွင်းအင်္ဂါတွေကို ကျန်းမာစေနိုင်ပါတယ်။ စိတ်ပြေလျော့စေပြီး စိတ်ပူပန်မှုကို သက်သာစေနိုင်ပါတယ်။ အရင်ဆုံးကြမ်းပြင်ပေါ်မှာ ပက်လက်အနေအထားနဲ့ လှဲလိုက်ပါ။ ပြီးရင်ဒူးနှစ်ဖက်ကို ကွေးလို့ ရင်ဘတ်ပေါ်ကိုတင်ပြီး လက်နဲ့ပိုက်ထားပေးပါ။ စက္ကန့် ၃၀ လောက်နေပြီးရင် ပုံမှန်အတိုင်း သက်တောင့်သက်သာပြန်နေပေးပါ။ အသက်ရှုဖို့ မမေ့ပါနဲ့။

Supine Twist ပို့စ်

Supine Twist

ဒီယောဂပို့စ်က ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်သလို ကိုယ်တွင်းအင်္ဂါတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အာရုံကြောတွေကိုလည်း နာကျင်မှုတွေသက်သာစေဖို့ အထောက်အပံ့ပေးသလို ဝမ်းဗိုက်နာကျင်ကိုက်ခဲတာကိုလည်း သိသိသာသာသက်သာစေမှာပါ။ အရင်ဆုံး ကြမ်းပြင်ပေါ်မှာ ပက်လက်အနေအထားနဲ့နေပါ။ ဘေးစောင်းအနေအထားနဲ့ အောက်ဘက်က ခြေထောက်ကို ဆန့်ထားပြီး အပေါ်ဘက်ကခြေထောက်ကို ဒူးကွေးထားပါ။ ဒူးနဲ့ ခန္ဓာကိုယ်ကို ဆန့်ကျင်ဘက်ဆီလှည့်လို့ မိနစ်အနည်းငယ်နေပေပါ။ ယောဂပို့စ်လုပ်ဆောင်နေစဉ်အတွင်း အသက်ရှုဖို့ မမေ့ပါနဲ့။

Savasana ပို့စ်

Savasana

ဒီယောဂပို့စက သက်တောင့်သက်သာ အရှိဆုံးယောဂပို့စ်တွေထဲကတစ်ခုပေါ့။ သက်တောင့်သက်သာရှိသလို ခန္ဓာကိုယ်ကို တော်တော်လေး ကျန်းမာစေနိုင်မှာပါ။ စိတ်ရောကိုယ်ပါ လန်းဆန်း​ပေါ့ပါးစေမှာလည်း အသေအချာပါ။ အရင်ဆုံး ကြမ်းပြင်ပေါ်မှာ ပက်လက်လှဲချလိုက်ပါ။ လက်နှစ်ဖက်ကို ဖြန့်လျက်အနေအထားနဲ့ ဘေးတစ်ဖက်စီမှာ ချထားပါ။ ခြေထောက်နှစ်ဖက်ကိုလည်း ဆန့်တန်းထားရင်း ပခုံးအကျယ်အတိုင်း ခွာထားပါ။ အကြောတွေအားလုံးကို ဖြေလျော့ထားပြီး သက်တောင့်သက်သာဖြစ်နေအောင်နေပေးပါ။ အသက်ရှုသွင်းရှုထုတ် ပုံမှန်လုပ်နေပေးပါ။ ဒီလိုလုပ်ပေးတာက ကြွက်သားတွေကိုပြေလျော့စေပြီး နာကျင်မှုကို သက်သာစေသလို စိတ်ကိုလည်း တည်ငြိမ်အေးချမ်းစေမှာပါ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

6 Yoga Poses for Your Period https://www.doyouyoga.com/6-yoga-poses-to-relieve-menstrual-cramps-37359/ Accessed Date 8 January 2020

6 Yoga Poses to Relieve Menstrual Cramps https://www.verywellhealth.com/yoga-poses-for-your-period-3567221 Accessed Date 8 January 2020

ယခုပုံစံ

06/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝက်ခြံရှိသူလေးတွေလုပ်ပေးသင့်တဲ့ ယောဂပို့စ်

အိပ်မပျော်သူတွေအတွက် အသုံးတည့်မယ့် ယောဂပို့စ်များ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement