brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

RV uterus ဆိုတာ

RV uterus ဆိုတာ

RV uterus ဆိုတာ

ဒီတစ်ခေါက်တော့ မေမေဖြစ်နိုင်တဲ့အခွင့်အရေးကိုပိုင်ဆိုင်ထားတဲ့ လေဒီလေးတို့မှာ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေလေးတစ်ရပ်အကြောင်းကို ဆွေးနွေးချင်ပါတယ်။

Retroverted (RV) uterus ဆိုတာ

Retroverted (RV) ဆိုတာက သားအိမ်က ပုံမှန်အခြေအနေမဟုတ်ဘဲ နောက်လန်နေတာပါ။ သားအိမ်က ရှိသင့်တဲ့ပုံစံအတိုင်းတည့်တည့်ရှိမနေဘဲ နောက်ကို နည်းနည်းကွေးနေတာမျိုးပါ။ ဒီအချက်ကို ပုံမှန်အတိုင်းတော့ မသိနိုင်ပါဘူး။ အမျိုးသမီး ၅ ဦးမှာ ၁ ဦးနှုန်းလောက် RV ကိုခံစားနေရတာပါ။ RV utreus (သားအိမ်နောက်လန်တယ်) ဆိုတာကသားအိမ်အဝကနေ အတွင်ပိုင်းထဲကို ဆက်သွားတဲ့ လမ်းကြောင်းက အောက်ဘက်ဆီကို ဦးတည်နေတာပါ။ အမျိုးသမီးတိုင်းမှာ မွေးလမ်းကြောင်းအဆုံးမှာ သားအိမ်ဝရှိနေပြီး သားအိမ်ဝနဲ့ တစ်ဆက်တည်းမှာ သားအိမ်ရှိနေပါတယ်။ ဒီလမ်းကြောင်းတွေက ပုံမှန်ဆိုရင် တဖြောင့်တည်းရှိနေတတ်တာဖြစ်ပြီး RV (သားအိမ်နောက်လန်ခြင်း) ခံစားနေရသူတွေမှာတော့ သားအိမ်ခေါင်းပိုင်းက သားအိမ်နဲ့ တဖြောင့်တည်းဖြစ်မနေဘဲ ထောင့်ချိုးပုံစံမျိုးရှိနေတာပါ။

ဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲ………………

RV (သားအိမ်နောက်လန်ခြင်း) RV uterus ခံစားနေရတဲ့ လေဒီတစ်ယောက်မှာ အခုလို လက္ခဏာတွေခံစားရနိုင်ပါတယ်။

  • လိင်ဆက်ဆံချိန်မှာ မွေးလမ်းကြောင်းကနာမယ်။ ခါးအောက်ပိုင်းနာကျင်မယ်
  • ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမယ်
  • တန်ပွန်သုံးတဲ့အခါ အလွယ်တကူထည့်လို့မရဘူး
  • မကြာခဏဆီးသွားမယ်
  • ဆီးလမ်းကြောင်းပိုးဝင်ကူးစက်မှုတွေဖြစ်မယ်
  • ဆီးမထိန်းနိုင်တာမျိုးဖြစ်မယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။

RV (သားအိမ်နောက်လန်ခြင်း) ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ……..

RV (သားအိမ်နောက်လန်ခြင်း) ကိုဖြစ်စေတဲ့ အကြောင်းအရင်းက တစ်ခုမကရှိနိုင်ပါတယ်။

  • Endometriosis (သားအိမ်အတွင်းမြှေးနံရံ ပြဿနာ) ခံစားနေရတာ
  • သားအိမ်ထဲမှာ အလုံးတည်တာ
  • Pelvic inflammatory disease (PID) ခံစားနေရတာ
  • တင်ပဆုံခွဲစိတ်ကုသမှုခံယူဖူးတာ
  • အရင်ကကိုယ်ဝန်ဆောင်ဖူးတာတွေကြောင့် (RV) သားအိမ်နောက်လန်ခြင်းကို ခံစားရနိုင်ပါတယ်။

RV (သားအိမ်နောက်လန်ခြင်း) RV uterus ခံစားနေရရင် ကလေးမရနိုင်ဘူးလား…….

ဒီအခြေအနေက လေဒီတို့ရဲ့ ကလေးရနိုင်ခြေအပေါ်မှာ သက်ရောက်မှုမရှိပါဘူး။ သားအိမ်ကပုံမှန်ရှိသင့်တဲ့ အနေအထားမျိုးမှာ မဟုတ်ဘူးဆိုပေမယ့် မျိုးအောင်နိုင်စွမ်းနဲ့ ကိုယ်ဝန်ဆောင်နိုင်မှုတို့အပေါ်မှာ သက်ရောက်မှုလုံးဝမရှိပါဘူး။

  • ဆီးသွားရခက်နေမယ်
  • ဗိုက်ထဲကအောင့်မယ် ဒါမှမဟုတ် စအိုနားကအောင့်နေမယ်
  • ဝမ်းချုပ်မယ်
  • ဆီးဝမ်းမထိန်းနိုင်ဖြစ်မယ်ဆိုရင်တော့ အခန့်မသင့်ရင် ကိုယ်ဝန်ကို ထိခိုက်နိုင်တာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံးသွားပြဖို့လိုပါမယ်။

လိင်ဆက်ဆံရင်ရော ဘာတွေဖြစ်နိုင်လဲ…..

သားအိမ်အနေအထားက ပုံမှန်အခြေအနေမှာ မရှိတာကြောင့် လိင်ဆက်ဆံတဲ့အခါ နာကျင်တာမျိုးကိုခံစားရနိုင်ပါတယ်။ လိင်ဆက်ဆံတဲ့အနေအထားကို ပြောင်းလဲပေးမှုက ဒီနာကျင်တာကို သက်သာစေမှာပါ။

ဘယ်လိုသက်သာအောင်လုပ်မလဲ……

RV (သားအိမ်နောက်လန်ခြင်း) ကိုသက်သာစေဖို့အတွက် လေ့ကျင့်ခန်းတွေလုပ်ပေးလို့ရသလို ခွဲစိတ်ကုသမှုခံယူလို့လည်းရပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/09/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။