backup og meta

သားအိမ်ကျတဲ့ပြဿနာကို ကုသလို့ရလား ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 18/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားအိမ်ကျတဲ့ပြဿနာကို ကုသလို့ရလား ။ ။

    မိန်းမကိုယ်ဝမှာ တစ်ဆို့ဆို့ကြီးနဲ့၊ နေရထိုင်ရခက် အောင့်တောင့်တောင့်နဲ့ ဖြစ်နေလို့ ဆရာဝန်ဆီ ပြေးတဲ့အခါ သားအိမ်ကျ နေပြီဆိုတဲ့ ဝေဒနာ ကိုယ့်မှာ ခံစားနေရပြီ ဆိုတဲ့ အဖြေထွက်လာပြီ ဆိုရင် လန့်သွားတတ်ကြတာ အမျိုးသမီးတိုင်းပါ။ ဗိုက်ထဲမှာ ရှိရမယ့် သားအိမ်ကြီးက ဘာ့ကြောင့် မိန်းမကိုယ် အပြင်ဘက်ကို ထွက်ကျလာတာလဲ။ ဘယ်လို ကုသကြမလဲ။ သားအိမ်ကျတဲ့ပြဿနာကို ကုသလို့ရလား ။ ဆိုတာတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။

    သားအိမ်ကျတဲ့ပြဿနာကို ကုသလို့ရလား ။ ။

    သားအိမ်ကျတဲ့ပြဿနာကို ကုသလို့ရလားဆိုတဲ့ အဖြေလေးကို ဆက်ကြည့်လိုက်ရအောင်နော်။

    သားအိမ်ကျတဲ့ ပြဿနာ ဘာ့ကြောင့် ဖြစ်ရတာလဲ။

    အဓိက ကတော့ သားအိမ်ကို ထိန်းထားတဲ့ တင်ပဆုံ ကြွက်သားတွေနဲ့ အရွတ်တွေ အားလျော့သွားတာကြောင့် ဖြစ်ရတာပါ။ ဒီတော့ ဒီ ကြွက်သားနဲ့ အရွက်တွေကို အားလျော့စေတဲ့ ပြဿနာတွေဖြစ်တဲ့

    • ကိုယ်ဝန်ဆောင်တဲ့ အကြိမ် အရေအတွက် များတာ
    • မီးဖွားချိန် သားအိမ် ဝန်းကျင်ကို ထိခိုက်မိတာ
    • ပေါင်ချိန်များတဲ့ ကလေး၊ ကလေး ကြီးကြီးတွေကို မိန်းမကိုယ်ကနေ ရိုးရိုးမွေးတာ
    • ကိုယ်အလေးချိန် များနေတာ အဝလွန်နေတာ
    • သွေးဆုံးချိန် အီစတိုဂျင် ဟော်မုန်း နည်းလာတာ
    • နာတာရှည် ဝမ်းချုပ်လို့ တစ်ခါ ဝမ်းသွားရင် ညှစ်ညှစ်ပြီး သွားရတာ
    • နာတာရှည် ချောင်းဆိုးရလွန်းလို့ ဗိုက်ကို သွားသွား ညှစ်သလို ဖြစ်နေတာနဲ့
    • အလေးအပင်တွေ မလွန်းတာ စတာတွေက သားအိမ်ကျခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ။

    ဒီလို အကြောင်းအရင်းတွေထဲက တစ်ခုခုကိုယ့်မှာ ရှိခဲ့လို့ သားအိမ်ကျတဲ့ ပြဿနာရှိပြီဆိုရင် ဘယ်လိုကုသကြမလဲ။

    သားအိမ်ကျတဲ့ ပြဿနာကို ကုသမှုဟာ သားအိမ်ကျတဲ့ အဆင့် ဆိုးရွားမှုတွေပေါ် မူတည်ပါတယ်။

    Pessary – ရာဘာကွင်းစွတ်ခြင်း ။ ကျနေတဲ့ သားအိမ်နဲ့ တစ်ရှူး အပိုင်းအစတွေကို ထိန်းဖို့ သားအိမ် ရာဘာကွင်း စွတ်တာကတော့ သားအိမ်ကျတဲ့သူတိုင်းကို ကုသနေကျနည်း တစ်ခုပါ။

    ခွဲစိတ်မှု – တချို့ ပြင်းထန်တဲ့သားအိမ်ကျတဲ့ ပြဿနာတွေမှာဆို ခွဲစိတ်မှု လုပ်ဖို့ လိုအပ်ပါတယ်။

    • ခွဲစိတ်မှုတွေကတော့ – ကိုယ့်ကိုယ်ခန္ဓာက ကြွက်သားတွေကို ပြန်ယူပြီး အားနည်းနေတဲ့ တင်ပဆုံ ကြွက်သားတွေကို ပြန်ပြီး ပြုပြင်ခွဲစိတ်တာမျိုးပါ။
    • နောက်ဆုံး မရတော့တဲ့ အခြေအနေမှာဆို သားအိမ်ကို ထုတ်လိုက်တာမျိုးတွေ စတဲ့ နည်းတွေ နဲ့ ကုသလို့ ရပါတယ်။

    ဒီလို ခွဲစိတ်ကုသတာ အပြင် ကိုယ့်ဘက်က ပြောင်းလဲဖို့ လိုအပ်တဲ့ လူနေမှု ပုံစံတွေ ရှိပါသေးတယ်။ ဒါတွေကတော့

    • စစချင်း သိပ်မပြင်းထန်တဲ့ ကိစ္စမှာတော့ ဘာပြဿနာမှ မရှိသေးတဲ့ အတွက် ထွက်ခါစ ပြုနေတဲ့ သားအိမ် ပြန်ဝင်သွားအောင် Kegel exercises လေ့ကျင့်ခန်းလုပ်
    • ကိုယ်အလေးချိန် လျှော့တာတွေ အပြင်
    • အားနဲ့ ညှစ်စေတဲ့ ကျန်းမာရေး ပြဿနာတွေဖြစ်တဲ့ချောင်းဆိုးတာတွေ ဝမ်းချုပ်တာတွေကိုပါ ကုသဖို့ လိုအပ်ပါတယ်။
    • နောက်ပြီး အလေးအပင် မတာတွေကိုလည်း လျှော့ဖို့ လိုအပ်ပါတယ်။

    ရေးသားသူ – Dr. Thinl Yadanar

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 18/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement