နေကလည်းမကောင်း ရုံးတို့ ကျောင်းတို့တက်ရဖို့၊ အပြင်သွားဖို့ ကြုံလာရတဲ့အခါမျိုးဆိုရင် ပျိုမေတို့ သိပ်ကို စိတ်ညစ်ကြရတယ်မဟုတ်လား။
နေကလည်းမကောင်း ရုံးတို့ ကျောင်းတို့တက်ရဖို့၊ အပြင်သွားဖို့ ကြုံလာရတဲ့အခါမျိုးဆိုရင် ပျိုမေတို့ သိပ်ကို စိတ်ညစ်ကြရတယ်မဟုတ်လား။

တစ်ခါတလေမှာ မလွှဲသာမရှောင်သာနဲ့ အပြင်သွားရတော့မယ်ဆိုရင် နေမကောင်းနေတဲ့ ရုပ်ကြီးနဲ့ ထထွက်သွားလို့ မကောင်းဘူးလေ။
ဒါပေမယ့် ကိုယ့်အခြေအနေနဲ့ မလိုက်ဖက်လောက်အောင် အတင်းကာရောကြီး ပြင်ဆင်ခြယ်သသွားမယ်ဆိုရင်လည်း အလှကုန်တွေကြောင့် ပိုပြီးနေလို့ထိုင်လို့မကောင်း၊ ပိုပြီးစိတ်ပင်ပန်းရတာပဲ အဖတ်တင်နိုင်ပါတယ်။
ဒါကြောင့် လိုအပ်လာလို့ အပြင်သွားရချိန်မှာ နေမကောင်းပေမယ့် ကြည့်ကောင်းနေစေမယ့် ၊ ကိုယ့်ကျန်းမာရေးကိုလည်း မထိခိုက်စေနိုင်တဲ့ ပြင်ဆင်ခြယ်သနည်းလေးတွေကို လမ်းညွှန်ပေးချင်ပါတယ်။