အဓိပ္ပါယ်ဖွင့်ဆိုချက်
Cervical Incompetance (သားအိမ်ခေါင်းမလုံခြင်း) ကဘာလဲ။
သားအိမ်ခေါင်းမလုံခြင်းဟာ သားအိမ်ခေါင်းတစ်သျူးတွေအားနည်းခြင်းကြောင့်ဖြစ်ပြီး လမစေ့ခင်မွေးဖွားခြင်း သို့ ကိုယ်ဝန်ပျက်ကျခြင်းဖြစ်စေနိုင်ပါတယ်။
ကိုယ်ဝန်မဆောင်ခင်မှာ မွေးလမ်းကြောင်း ခေါ် သားအိမ်လမ်းကြောင်းနဲ့ဆက်ထားတဲ့ သင့်သားအိမ်အဖျားပိုင်းဖြစ်တဲ့သားအိမ်ခေါင်းဟာ ပုံမှန်အားဖြင့် ပိတ်ထားလေ့ရှိပြီးမာကြောပါတယ်။ ကိုယ်ဝန်ရင့်လာပြီး မွေးရန်နီးလာတာနဲ့အမျှ သားအိမ်ခေါင်းတဖြေးဖြေးပျော့ပြီး ပါးလာပါတယ်။ ဒါကြောင့် သားအိမ်ခေါင်းပါးသူတွေဟာ စောစီးစွာသားအိမ်ပွင့်သွားနိုင်တယ်။ ထိုအခါမှန်းထားတာထက် ပိုပြီးစောစော မီးဖွားသွားနိုင်ပါတယ်။
သားအိမ်ခေါင်းမလုံခြင်းဟာ ရောဂါရှာဖွေသိရှိနိုင်ဖို့ခက်ခဲတာကြောင့် ကုသဖို့လည်းခက်ခဲနိုင်ပါတယ်။ စောစီးစွာသားအိမ်ခေါင်းပွင့်လာတာသိပါက ကျန်းမာရေးစောင့်ရှောက်သူက ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ကာကွယ်စောင့်ရှောက်မှုဖြစ်တဲ့ မကြာခဏအာထရာဆောင်းရိုက်ခြင်း၊ ဒါမှမဟုတ် အားကောင်းသောချုပ်ရိုးတွေနဲ့ ကျဉ်းပေးပါလိမ့်မယ်။
Cervical Incompetance (သားအိမ်ခေါင်းမလုံခြင်း) က ဘယ်လောက်အဖြစ်များသလဲ
အမေရိကန်ပြည်ထောင်စုမှာတော့ရှားပါးပါတယ်။ ကိုယ်ဝန်ဆောင်သည်အားလုံးရဲ့ ၁-၂ ရာခိုင်နှုန်းလောက်သာဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်ဒုတိယကာလမှာ သားပျက်သူတွေရဲ့ ၂၀ မှ ၂၅ ရာခိုင်နှုန်းခန့်ဖြစ်တယ်။
သို့ပေမယ့် ရောဂါဖြစ်ခြင်းကိုအားပေးတဲ့အချက်တွေ၊ အခြေအနေတွေကို လျှော့ချခြင်းအားဖြင့် ထိန်းချုပ်နိုင်တယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။