brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

မိန်းမကိုယ်မှာ ဝက်ခြံပေါက်တာက လေဒီလေးတွေအတွက် အတော်လေး ခံရခက်တဲ့ ကိစ္စတစ်ခုပါ။ ဒီပြဿနာကို ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုပြီး တွေးရခက်နေပြီလား……… ဒါဆိုရင်တော့ မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံသက်သာစေဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။

မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

မိန်းမကိုယ်မှာ ဝက်ခြံဘာကြောင့်ဖြစ်…………

မိန်းမကိုယ်မှာ ဝက်ခြံဖြစ်စေတဲ့ အကြောင်းအရင်းကတော့ တစ်ခုမကပါဘူး။

  • အရေပြား ဓာတ်မတည့်တာ
  • ရေချိုးဆပ်ပြာရည်တွေနဲ့ ထိတွေ့မိတာ
  • အမွှေးနံ့ပြင်းတဲ့ ဆပ်ပြာတွေနဲ့ ထိတွေ့မိတာ
  • မိန်းမကိုယ်ကို ရေမွှေးဆွတ်တာ
  • feminine wipes သုံးတာ
  • အမွှေးခဲနဲ့ ပွတ်တိုက်တာ
  • လိုးရှင်းလိမ်းတာ
  • ပေါင်ဒါသုံးတာ
  • လစဉ်သုံးတွေ သုံးတာ
  • tampons သုံးတာ
  • မိန်းမကိုယ်အတွင်းပိုင်းကို ဆေးကြောတာ
  • သုက်ပိုးသတ်ဆေးတွေ သုံးတာ
  • ချောဆီသုံးတာ
  • ဆေးဝါးတွေ သောက်သုံးရတာ
  • အတွင်းခံကို လျှော်တဲ့အခါ ဆပ်ပြာမှုန့်တွေ အလွန်အကျွံသုံးတာ
  • မီးပူတိုက်တဲ့အခါ သုံးတဲ့ အမွှေးဆီတွေကြောင့် မိန်းမကိုယ်မှာ ဝက်ခြံ ပေါက်နိုင်ပါတယ်။
  • ဒါတွေအပြင်

    မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

    မိန်းမကိုယ်မှာ ပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့ ဆိုရင်

    ရေနွေးဝတ် ကပ်ပေးပါ

    မိန်းမကိုယ်မှာ ဝက်ခြံထွက်တဲ့အခါ ရေပူနဲ့ ရေချိုးတာက ဝက်ခြံကို ပိုဆိုးစေနိုင်တယ်ဆိုပေမယ့်။ အဝတ်စ၊ ဒါမှမဟုတ် ဂွမ်းစ သန့်သန့်လေးမှာ ရေနွေးဆွတ်ပြီး ဝက်ခြံပေါ် ဖိကပ်ပေးတာက ဝက်ခြံကိုသက်သာစေမှာပါ။

    ဒါကြောင့် ဝက်ခြံဖြစ်တဲ့အခါ အရင်ဆုံး ရေနွေးဝတ် ကပ်ပေးပါ။

    ခြောက်သွေ့အောင် ထားပါ

    ဝက်ခြံထွက်တာက စိုထိုင်းမှု များတာကြောင့် ဖြစ်နိုင်ပါတယ်။ ဝက်ခြံ သက်သာအောင် အစိုဓာတ် ထိန်းပေးရတယ်ဆိုပေမယ့် မိန်းမကိုယ်မှာ ပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့ကတော့ မိန်းမကိုယ်ကို ခြောက်သွေ့အောင် ထားဖို့ လိုပါမယ်။

    မကုတ်ဖဲ့ပါနဲ့

    မိန်းမကိုယ်မှာ ဝက်ခြံ ထွက်တဲ့အခါ ယားယံတာ၊ နေရတာ သက်တောင့်သက်သာ မရှိတာမျိုး ခံစားရနိုင်ပေမယ့် ကုတ်ဖဲ့တာမျိုး၊ ညှစ်ထုတ်တာမျိုး မလုပ်ပါနဲ့။ ဒီလို လုပ်တာက ဝက်ခြံကို ပိုဆိုးစေနိုင်လို့ပါ။

    ဆပ်ပြာတွေနဲ့ သန့်စင်တာမျိုး မလုပ်ပါနဲ့။

    မိန်းမကိုယ်မှာ ဝက်ခြံ ဖြစ်တဲ့အခါ ဘက်တီးရီးယားတွေကြောင့် ဖြစ်တာ သန့်သွားအောင်ဆိုပြီး ဆပ်ပြာနဲ့ သန့်စင်တာမျိုး မလုပ်ပါနဲ့။ ဒီလိုလုပ်တာက ယားယံတာကို ပိုဆိုးစေသလို ဝက်ခြံတွေ ထပ်ဖြစ်လာစေနိုင်ပါတယ်။

    သဘာဝပစ္စည်းလေးတွေ သုံးပါ။

    နုနယ်တဲ့ အစိတ်အပိုင်းဖြစ်တဲ့ မိန်းမကိုယ်မှာ ဝက်ခြံဖြစ်လာပြီဆိုရင် ဓာတုပစ္စည်းတွေအစား သဘာဝ ပစ္စည်းလေးတွေက ပိုအဆင်ပြေပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ် အနှစ်၊ သခွားသီးအရည်စတာတွေကို လိမ်းပေးလို့ရပါတယ်။

    ချည်သား​ပွပွချောင်ချောင် ဝတ်ပါ။

    ဝက်ခြံဖြစ်တဲ့အခါ ဝက်ခြံ သက်သာစေဖို့နဲ့ နေရထိုင်ရ သက်တောင့်သက်သာဖြစ်စေဖို့အတွက် ချည်သား ပွပွချောင်ချောင်လေးတွေကို ဝတ်ဆင်ပေးပါ။ ဒီလို ဝတ်ဆင်ပေးတာက ဝက်ခြံသက်သာစေဖို့ရော ထပ်မဖြစ်စေဖို့ပါ ကာကွယ်ပေးနိုင်ပါတယ်။

    နောက်ဆုံး သတိပေးချင်တာ တစ်ခုက ဒီလိုမျိုး မိန်းမကိုယ်မှာ ဝက်ခြံပေါက်နေချိန်မှာ ဆီးခုံမွှေးဖယ်ရှားတာမျိုး၊ ရိတ်ပစ်တာမျိုးတွေ၊ အဝတ်အစား ကြပ်ကြပ်တွေ ဝတ်တာမျိုး မလုပ်ပါနဲ့။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/05/2023 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။