အက်စရိုဂျင်ဟော်မုန်း (Estrogen) တစ်နည်းအားဖြင့် မဟော်မုန်းတွေကို အမျိုးသမီးတွေမှာ အများဆုံးတွေ့ရပြီး အမျိုးသားတွေမှာလည်း ပမာဏတစ်ခုထိ တွေ့ရနိုင်ပါတယ်။ အမျိုးသမီးတွေအတွက် မဟော်မုန်းရဲ့ လုပ်ဆောင်ချက်တွေကတော့ မျိုးပွားစနစ်၊ အရိုးနဲ့ အရေပြားကျန်းမာစေဖို့၊ လိင်မှုကိစ္စ၊ အမျိုးသမီးများ ရာသီစက်ဝန်းကို ပုံမှန်လည်ပတ်စေဖို့ပဲ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် မိန်းကလေးတွေမှာ အပျိုဖော်ဝင်ကာစမှ အသက် ၄၀ မတိုင်ခင်အထိကာလသည် မဟော်မုန်းထုတ်လုပ်မှုနှုန်း အမြင့်ဆုံးကာလအဖြစ် သတ်မှတ်ထားပြီး အဲ့နောက်ပိုင်းမှသာ ကိုယ်ခန္ဓာက ဟော်မုန်းထုတ်လုပ်တဲ့ နှုန်းကျဆင်းလာကာ မဟော်မုန်းချို့တဲ့တဲ့ အခြေအနေကို ရောက်ရှိပါတယ်။
ရာသီစက်ဝန်းကို တွက်ချက်ပါ။