home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ရာသီသွေးဆင်းတဲ့ရက် မြန်မြန်ပြီးအောင် လုပ်လို့ရပါသလား ။ ။

ရာသီသွေးဆင်းတဲ့ရက် မြန်မြန်ပြီးအောင် လုပ်လို့ရပါသလား ။ ။

မိန်းကလေးတွေ အတွက် တစ်လတစ်ခါ ဓမ္မတာလာချိန် ဆိုတာရှောင်လွဲလို့မရတဲ့ ကိစ္စတစ်ခုပါ။ ခရီးသွားခါနီး၊ စာမေးပွဲဖြေခါနီးစတဲ့ အရေးကြီး ကိစ္စရှိတဲ့အချိန် ဒီ ဓမ္မတာလာခဲ့ရင် တကယ်ကို စိတ်ရှုပ်ရပါတယ်။ ဒီတော့ ရာသီသွေး ပေါ်တာကို လိုချင်တဲ့ရက်ရအောင် ရွေ့လို့ရလား ။ ။

လုပ်လို့ရတဲ့နည်းတွေရှိပါတယ်။ လူတိုင်းအတွက် အလုပ်ဖြစ်မှာတော့ မဟုတ်ပေမယ့် တစ်ချို့လူတွေမှာတော့ ဒီလိုရာသီရက်တွေ ရွေ့လို့ရတတ်ပါတယ်။ ဘယ်လိုမျိုးလဲဆိုတာ ဆက်ကြည့်ရအောင် ။ ။

ဓမ္မတာရက်ကို မြန်မြန်ပြီးအောင် ဘယ်လိုလုပ်ရမလဲ ။ ။

နောက်၃ ရက်လောက်ဆို စာမေးပွဲဖြေရတော့မယ်။ ရာသီကဒီနေ့မှစလာနေတယ်။ တိုက်တော့မှာပဲ ဆိုပြီး စိတ်ညစ်နေပါသလား။ လာနေတဲ့ရာသီရက်ကို တိုသွားအောင် လုပ်လို့ရတဲ့ တချို့နည်းလေးတွေရှိပါတယ်။။

တစ်ကိုယ်ရည်အာသာဖြေခြင်း ။ ။

ရာသီလာနေတဲ့အချိန် တစ်ကိုယ်ရည်အာသာ ဖြေပြီးနောက်၊ လိင်ဆက်ဆံပြီးနောက် ကာမစိတ်အထွတ်အထိပ်ရောက်တဲ့အချိန်ဆို သားအိမ်ကို ညှစ်လိုက်သလိုဖြစ်တာကြောင့် ရာသီသွေးများများ ပိုဆင်းတယ်လို့ ဆိုပါတယ်။ ဒီလိုများများပိုဆင်းလိုက်တာကြောင့်သွေးဆင်းတဲ့ ရက်လည်း တိုသွားပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ။

လေ့ကျင့်ခန်းလုပ်တဲ့အချိန် ကြွက်သားတွေ လှုပ်ရှားရတာကြောင့် သားအိမ်ကိုအားပြုသလိုဖြစ်သွားပြီး ရာသီသွေးဆင်းများစေလို့ ရာသီလာတဲ့ရက်တိုသွားတတ်ပါတယ်။

တမ်ပွန် မသုံးပါနဲ့။ ။

တမ်ပွန်သုံးတဲ့အခါကျ ဆင်းတဲ့သွေးတွေကို လမ်းကြောင်းပိတ်ထားသလို ဖြစ်စေတတ်တာကြောင့် သွေးတွေ ဆင်းသင့်သလောက် မဆင်းဘဲ ရာသီလာချိန် ကြာနေတတ်ပါတယ်။

ဓမ္မတာလာချိန် ကိုက်ခဲတဲ့အခါသောက်တဲ့အကိုက်အခဲပျောက်ဆေး ။

စတီးရွိုက်မပါတဲ့ အကိုက်အခဲပျောက်ဆေးတွေ ဖြစ်တဲ့ aspirin, naproxen, နဲ့ ibuprofen တို့ဟာ ဓမ္မတာကြောင့် ကိုက်ခဲတာတွေကိုလည်းသက်သာစေနိုင်သလို ရာသီသွေးဆင်းတဲ့ ရက်ကိုလည်း တိုစေတတ်ပါတယ်။

ဗီတာမင် စီ ( vitamin C )

ဗီတာမင် စီ များများသောက်တဲ့အခါ သွေးထဲရှိ ပရိုဂျက်စတုန်း ဟော်မုန်းပမာဏနည်းသွားတာကြောင့် သားအိမ်နံရံတွေ မြန်မြန်ကွာကျပြီး ရာသီသွေးဆင်းတဲ့ ရက် တိုသွားတတ်ပါတယ်။

သန္ဓေတားဆေး ။ ။

ဟော်မုန်းတွေ ထည့်ထားတဲ့ သန္ဓေတားဆေးတွေ ဟာ သင့်ရာသီစက်ဝန်းအပေါ် သက်ရောက်မှုရှိတာကြောင့် ရာသီသွေးဆင်းတဲ့ရက်ကို တိုစေတတ်သလို ရာသီစက်ဝန်းတစ်လနဲ့တစ်လကိုလည်း နောက်ကျစေတတ်ပါတယ်။

အချုပ်အနေနဲ့ ပြောရရင် ရာသီသွေးဆင်းတဲ့ရက် မြန်မြန်ပြီးအောင်လုပ်တယ်ဆိုတာ သဘာဝနည်းအတိုင်းနဲ့ဆိုရင် ပြဿနာမရှိတတ်တဲ့ ကိစ္စတစ်ခုပါ။ တကယ်လို့ ကိုယ့်ရဲ့ ရာသီရက်က တစ်ခါလာရင် အရမ်းကြာတယ်၊ သွေးဆင်းတာလည်းများလွန်းတာ ၊ ရာသီကြောင့် မခံမရပ်နိုင်အောင် ကိုက်ခဲနေခဲ့တယ်ဆိုရင်တော့ ဆရာဝန်ဆီသွားပြီး တိုင်ပင်ကြည့်တာသာ အကောင်းဆုံးပါ ။ ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

https://www.healthline.com/health/womens-health/how-to-make-your-period-end-faster#vitamin-c

Accessed Date 29.3.2019

https://www.medicalnewstoday.com/articles/322958.php

Accessed Date 29.3.2019

 

 

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 6 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။