backup og meta

မိန်းမကိုယ် သန့်စင်ဆေးရည်တွေကို နည်းလမ်းမှန်မှန် ဘယ်လိုသုံးကြမလဲ ။ ။

မိန်းမကိုယ် သန့်စင်ဆေးရည်တွေကို နည်းလမ်းမှန်မှန် ဘယ်လိုသုံးကြမလဲ ။ ။

မိန်းကလေး တစ်ယောက်အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုတာ ရေမှန်မှန်ချိုးပြီး ဆပ်ပြာ ကောင်းကောင်းသုံးရုံနဲ့ မပြီးပါဘူး။ မိန်းကလေးတွေ ကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်တစ်ခုဖြစ်တဲ့ မိန်းမကိုယ် သန့်ရှင်းရေးကလည်း အရေးပါပါသေးတယ်။ မိန်းမကိုယ် ဆိုတာလည်း အခန့်မသင့်ရင် ပိုးတွေ အချိန်မရွေးဝင်သွားနိုင်တဲ့ နေရာတစ်ခုဖြစ်တာကြောင့် အနံဆိုးထွက်နေတာ၊ မှိုပိုးဝင်တာတွေ၊ ယားယံတာတွေဖြစ်နေရင် ဘယ်မှာသွားပြီး စိတ်ချမ်းသာစရာကောင်းတော့မလဲ။ ဒီတစ်ခေါက်တော့ လေဒီလေးတိုင်း သိထားသင့်တဲ့ မိန်းမကိုယ် သန့်စင်ဆေးရည်တွေကို နည်းလမ်းမှန်မှန် ဘယ်လိုသုံးကြမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

ဒါဆို ရောဂါပိုးဝင်တာ ဘယ်လိုသိနိုင်မလဲ

အဖြူဆင်းတယ်ဆိုတိုင်း ရောဂါပိုးဝင်တာမဟုတ်ပေမယ့် အနံ့ဆိုးပါထွက်နေရင်တော့ ရောဂါပိုးဝင်တာဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်မှာ ယားယံတာ၊ နီရဲလာတာ၊ အနာဖြစ်လာတာဆိုရင်တော့ မိန်းမကိုယ်သန့်ရှင်းရေးကို ဂရုစိုက်ဖို့လိုတဲ့အပြင် ဆရာဝန်ပါပြသင့်နေပြီဖြစ်ပါတယ်။

မိန်းမကိုယ်သန့်ရှင်းရေးကို ဘယ်လိုဂရုစိုက်မလဲ

နေ့တိုင်းရေချိုးတိုင်းဆပ်ပြာတိုက်နေတာပဲ။ ရေချိုးဆပ်ပြာနဲ့ မိန်းမကိုယ်ကိုပါ ဆေးကြောသန့်စင်လိုက်ရင် ပြီးတာပဲလို့ မတွေးလိုက်ပါနဲ့။ ဆပ်ပြာရဲ့ အက်ဆစ်ပြင်းအားက များပါတယ်။ ဒါကြောင့် နုနယ်တဲ့ မိန်းမကိုယ်အတွက် ထိခိုက်မှုမရှိအောင် အထူးထုတ်လုပ်ထားတဲ့ အမျိုးသမီးသန့်စင်ဆေးရည်တွေ သုံးပေးရမှာပါ။

မိန်းမကိုယ်သန့်စင်ဆေးရည်တွေ သုံးခြင်းအားဖြင့်

  • အနံ့ဆိုး တွေလည်း ပျောက်စေမယ်
  • ပြင်ပက ဘက်တီးရီးယားတွေ မိန်းမကိုယ်ထဲ မဝင်အောင်လည်း တားဆီးပေးနိုင်မယ်။
  • ရာသီလာချိန် ရောဂါပိုးဝင်ခြင်းနဲ့ အနံ့ဆိုးထွက်ခြင်းကို လည်း တားဆီးပေးတယ်။
  • မိန်းမကိုယ် ယားယံခြင်းကိုလည်း မဖြစ်စေပါဘူး။

နေ့စဉ်သုံးအတွက်ကိုပဲ အမြှုပ်ပုံစံနဲ့ အရည်ပုံစံ နှစ်မျိုးရှိတဲ့အတွက် သုံးရလွယ်ကူပြီး အဆင်ပြေစေပါတယ်။

မိန်းမကိုယ် သန့်စင်ဆေးရည်တွေကို နည်းလမ်းမှန်မှန် ဘယ်လိုသုံးကြမလဲ ။ ။

မိန်းမကိုယ် သန့်စင်ဆေးရည်တွေကို နည်းလမ်းမှန်မှန် ဘယ်လိုသုံးကြမလဲဆိုတော့ မသုံးခင် စဝယ်တဲ့အပိုင်းက အရေးကြီးတာပါ။

  • မိန်းမကိုယ်သန့်စင်ဆေးရည် တစ်ခုဆိုတာ မွှေးတဲ့ အနံ့တွေ ပါရမယ် ဆိုပေမယ့် ပြင်းလွန်းတဲ့ အနံ့တွေ ဖြစ်နေလို့တော့ မရပါဘူး။ အနံ့မပါရင်တော့ အကောင်းဆုံးပါပဲ။
  • pH ပြင်းအားကလည်း မိန်းမကိုယ်ရဲ့ သဘာဝအတိုင်း ရှိတဲ့ pH ပမာဏအတိုင်း ဖြစ်ရပါမယ်။
  • ခြောက်သွေ့ယားယံတာ မရှိဘဲ အစိုဓာတ်ကို ထိန်းပေးရမယ့်အပြင်
  • အကျိုးပြုဘက်တီးရီးယားတွေ ရှင်သန်မှုကို ထောက်ကူပေးတဲ့ prebiotics ပါဝင်တဲ့ Feminine Wash ကိုပဲ ရွေးချယ်ဝယ်ပြီး သုံးသင့်ပါတယ်။ ။

ဝယ်ပြီးပြီဆိုတော့ နည်းလမ်းမှန်နဲ့ အသုံးပြုဖို့ ပဲလိုပါတော့တယ်။ ။

  • သန့်စင်ဆေးရည် ဆိုတော့ များများသုံးလေ ပိုသန့်စင်လေလေ မဟုတ်ပါဘူး။ မိန်းမကိုယ်မှာလည်း အကျိုးပြု ဘက်တီးရီးယားတွေ ရှိသေးတာကြောင့် သန့်စင်ဆေးရည် အကြိမ် များများသုံးမိရင် အကျိုးပြု ဘက်တီးရီးယားတွေကိုပါ သေစေနိုင်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ နှစ်ကြိမ်လောက် သုံးပေးရင် ရပါပြီ။
  • သန့်စင်ဆေးရည်ကို လက်ထဲထည့်ပြီး စိုစွတ်နေတဲ့ မိန်းမကိုယ်နား တစ်ဝိုက်ကို ပွတ်ပြီးသန့်ရှင်းပေးရပါမယ်။ ဆေးရည်ထည့်ထားတဲ့လက်က သန့်နေဖို့တော့လိုတာပေါ့။
  • သုံးပြီးတာနဲ့ ပြန်စင်သွားအောင် ရေနဲ့ သေချာ ဆေးကြောပေးရပါမယ်။
  • အပြင်က ဖုန်တွေ ဝင်နိုင်တာကြောင့် သုံးပြီးသား ဆေးရည်ဘူး အဖုံးကို သေချာပိတ်ခဲ့ဖို့လည်း မမေ့ပါနဲ့။
  • စိုစွတ်နေတဲ့ မိန်းမကိုယ်ကို တဘက်သန့်သန့် ( ဒါမှမဟုတ်) တစ်သျှူးနဲ့ ခြောက်သွေ့အောင် ပြန်သုတ်ပေးပါ။ ။

ရေးသားသူ – Dr. Thin Yadanar@ Frances

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Keeping your vagina clean and healthyhttps://www.nhs.uk/live-well/sexual-health/keeping-your-vagina-clean-and-healthy/

Accessed date 2.4.2019

https://www.prevention.com/health/a19839905/how-to-clean-your-vagina/

Accessed Date – Sep 21, 2018.

https://www.nhs.uk/live-well/sexual-health/keeping-your-vagina-clean-and-healthy/

Accessed Date – Sep 21, 2018.

 

 

ယခုပုံစံ

31/01/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသမီးသန့်စင်ဆေးရည်နဲ့ ရိုးရိုးဆပ်ပြာ ဘာတွေကွာခြားလဲ

မိန်းမကိုယ်ယားယံတာကို သက်သာစေဖို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 31/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement