အဓိပ္ပါယ်ဖွင့်ဆိုချက်
Ovarian Cysts (သားဥအိမ်တွင်ရေအိတ်တည်ခြင်း) ကဘာလဲ။
သားဥအိမ်တွင်ရေအိတ်တည်ခြင်းဆိုသည် ရေပြည့်နေသောအိတ် သည် သားဥအိမ်အတွင်းသို့မဟုတ် သားဥအိမ်မျက်နှာပြင်ပေါ်တွင်ရှိနေခြင်းဖြစ်သည်။ မိန်းမများတွင် သားဥအိမ်နှစ်လုံးရှိသည်။ တစ်ခုစီသည် မက်မွန်သီးကဲ့သို့အရွယ်အစားပုံသဏာန်ရှိသည်။ သားအိမ်၏တစ်ဖက်တစ်ချက်တွင်ရှိသည်။ သားဥသည် သားဥအိမ်အတွင်းတွင်ကြီးလာပြီး ကလေးမွေးဖွားနိုင်သော ရာသီစက်ဝန်းအတွင်းထွက်လာသည်။
မိန်းမအများစုသည် သားဥအိမ်တွင်ရေအိတ်တည်ခြင်းတခါတရံရှိတတ်သည်။ သားဥအိမ်တွင်ရေအိတ်တည်ခြင်းအများစုသည် အနည်းငယ်သို့မဟုတ် လုံးဝအနှောက်အယှက်မဖြစ်စေခြင်း နှင့် အန္ဓါရယ်လဲမပေးပါ။ များသောအားဖြင့် ကုသမှုမလိုပဲ လပိုင်းအနည်းငယ်တွင်ပျောက်သွားတတ်သည်။
သို့သော် သားဥအိမ်တွင်ရေအိတ်တည်ခြင်း များသောအားဖြင့် ပေါက်သွားပါက – တခါတရံ ပြင်းထန်သောလက္ခဏာများပြတတ်သည်။ သင့်ကျန်းမာရေးကိုစောင့်ရှောက်နိုင်သောအကောင်းဆုံးနည်းလမ်းမှာ အရေးကြီးသောလက္ခဏာများကိုသိထားခြင်းနှင့် ပုံမှန် တင်ပါးစုံတွင်းသို့စမ်းသက်ပြုလုပ်မှုများလုပ်သင့်သည်။
Ovarian Cysts (သားဥအိမ်တွင်ရေအိတ်တည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ
ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လက္ခဏာများ
Ovarian Cysts (သားဥအိမ်တွင်ရေအိတ်တည်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
များသောအားဖြင့် ရောဂါလက္ခဏာမပြတတ်ပဲ သူ့ဟာသူသက်သာသွားတတ်သည်။ ရေအိတ်ကြီးပါက ဗိုက်နေထိုင်မကောင်းခြင်းဖြစ်တတ်သည်။ အကယ်၍ ရေအိတ်အကြီးက ဆီးအိတ်ကိုဖိပါက ဆီးခဏခဏသွားရခြင်းတို့ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဆီးအိတ်ခံနိုင်ရည်အားကျဆင်းနေသောကြောင့်ဖြစ်သည်။
သားဥအိမ်တွင်ရေအိတ်တည်ခြင်းရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါသည်။
- တင်ပါးစုံအတွင်းပိုင်းမှနာခြင်း။ ကိုက်ပြီး သင့်ကျောနောက်ဘက်နှင့်ပေါင်သို့ပျံသွားလိမ့်မည်။
- ထိုသို့နာခြင်းသည် ရာသီမလာခင်နှင့် ရာသီလာပြီးပြီးချင်းတွင်ဖြစ်တတ်သည်။
- လိင်ဆက်ဆံချိန်တွင်လည်းနာတတ်သည်။
- အူများလှုပါရှားခြင်းသို့မဟုတ် အူများအားဖိခြင်းကြောင့်လည်းနာနိုင်သည်။
- ကိုယ်ဝန်ဆောင်ချိန်တွင်ခံစားရသော ပျို့ခြင်း အန်ခြင်းသို့မဟုတ် ရင်သားနာခြင်းများဖြစ်တတ်သည်။
- ဗိုက်တင်းနေခြင်း လေးနေခြင်းမျိုးခံစားရနိုင်သည်။
- ဆီးအိတ်အားဖိပါက ဆီးခဏခဏသွားရခြင်း သို့မဟုတ် ဆီးကုန်အောင်သွားရခက်ခြင်းတို့ဖြစ်နိုင်သည်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။