အဓိပ္ပါယ်ဖွင့်ဆိုချက်
Perimenopause (သွေးဆုံးချိန်ဝန်းကျင်ကာလ) ကဘာလဲ။
သွေးဆုံးခါနီးကာလ ကိုခေါ်သည်။ ထိုအချိန်တွင်သင့်ခန္ဓါကိုယ်သည် သွေးဆုံးခြင်းဖြစ်ရန်သဘာဝပြောင်းလဲခြင်းများဖြစ်သည်။ မျိုးပွားနိုင်သောနောက်ဆုံးအချိန်များလဲဖြစ်သည်။
မိန်းမမျာ်း အသက်အရွယ်မျိုးစုံတွင်ဖြစ်နိုင်သည်။ သွေးဆုံးခါနီး လက္ခဏာများဖြစ်သော ရာသီပုံမှန်မလာခြင်း များကို အသက် လေးဆယ်နှောင်းပိုင်းတွင်စခံစားရတတ်သည်။ အချို့သူများတွင် အသက်သုံးဆယ်တွင်စတင်သတိထားမိတတ်သည်။
မဟော်မှန်းပမာဏ သည် သွေးဆုံးခါနီးကာလတွင် တက်ခြင်း ကျခြင်းများမညီမျှစွာဖြစ်သည်။ ရာသီလာမှု ကြာခြင်းတိုခြင်း သို့မဟုတ် သင့် သားဥအိမ်မှ သားဥကိုမထုတ်တော့ခြင်းများဖြစ်တတ်သည်။ သွေးဆုံးခြင်းလက္ခဏာများ(ပူခြင်း မျက်နှာရခြင်း အိမ်ရေးမဝခြင်း နှင့် မအဂါၤခြောက်ခြင်းများကိုခံစားရနိုင်သည်။ လက္ခဏာများသက်သာစေရန်ကုသမှုများရှိသည်။။
ဆယ့်နှစ်လကျော်အောင်ရာသီမလာပါက သွေးဆုံးခြင်းဖြစ်ပြီး သွေးဆုံးကာလပြီးဆုံးပြီးဖြစ်သည်။
Perimenopause (သွေးဆုံးချိန်ဝန်းကျင်ကာလ) က ဘယ်လောက်အဖြစ်များသလဲ
ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လက္ခဏာများ
Perimenopause (သွေးဆုံးချိန်ဝန်းကျင်ကာလ) ရဲ့လက္ခဏာတွေကဘာတွေလဲ
သွေးဆုံးခါနီးကာလရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
- ပုံမမှန်ရာသီလာခြင်း။ဥကြွေခြင်းကမှန်းဆရပိုခက်တတ်သည်။ ရာသီချိန် တိုခြင်း ရှည်ခြင်း များခြင်းနည်းခြင်း နှင့် ရာသီမလာတော့ခြင်းများဖြစ်တတ်သည်။ ရာသီ ခုနှစ်ရက်ထက်ပိုပြောင်းလဲခြင်း ရာသီချိန်ရှည်လျားခြင်းများဖြစ်ပါက စောစီးစွာသွေးဆုံးနိုင်သည်။ အကယ်၍ သင့် ရာသီကြားချိန်သည် ရက်ခြောက်ဆယ် သို့မဟုတ် ပိုများပါက သွေးဆုံးခြင်းနောက်ကျတတ်သည်။
- ပူခြင်းမျက်နှာရဲခြင်းသည် သွေးဆုံးခါနီးကာလတွင်ဖြစ်တတ်သောအခြေအနေတစ်ခုဖြစ်သည်။ ပြင်းထန်မှု ကြာ၇ှည်ချိန် ကြိမ်နုန်းအပေါ်မူတည်၍ပြောင်းလဲမှုများရှိသည်။ ပူခြင်းကြောင့် ညဘက်ချွေးထွက်ခြင်း အိပ်ရေးပျက်ခြင်းများဖြစ်တတ်သည် သို့သော် ခန္ဓါကိုယ်မပူသော်လည်း အိပ်ရေးပျက်ခြင်းများလည်းရှိတတ်သည်။
- စိတ်အပြောင်းအလဲမြန်ခြင်း။ စိတ်ဆိုးလွယ်ခြင်း စိတ်ဓါတ်ကျလွယ်ခြင်းများဖြစ်တတ်သည်။ ထိုသို့ဖြစ်ခြင်းသည် အိပ်ရေးပျက်စေခြင်း ပူခြင်းများဖြင့်တွဲတတ်သည်။ စိတ်အပြောင်းအလဲမြန်ခြင်းသည် တခါတရံ ဟော်မှန်းပြောင်းလဲခြင်းနှင့်လဲမဆိုင်တတ်ပါ။
- မအဂါၤနှင့် ဆီးအိတ်ပြဿနာများ။ မဟော်မှန်းကျသဖြင့် မအဂါၤတွင် ချောဆီနည်းခြင်း ကျုံနိုင်ဆန့်နီုင်မှုနည်းခြင်းတို့ကြောင့် လိင်ဆက်ဆံချိန်တွင်နာတတ်သည်။ မဟောမှန်းနည်းက ရောဂါပိုးပိုဝင်စေတတ်သည်။ ဆီးမနိုင်ခြင်းများလည်းဖြစ်တတ်သည်။
- မျိုးပွားနိုင်နှုန်းကျခြင်း။ဥကြွေမှုလည်းပုံမှန်မဟုတ်ပဲ မျိုးပွားမှုလဲကျစေသည်။ သိုသော် ရာသီသွေးလာနေသမျှ ကိုယ်ဝန်ရနိင်သည်။ ကိုယ်ကွန်ရခြင်းကိုရှောင်လိုပါက ၁၂ လတိုင် ရာသီမလာခြင်းမရှိသ၍ ကိုယ်ဝန်တားဆေးကိုသုံးသင့်သည်။
- လိင်ဆက်ဆံနိုင်နှုန်းကျခြင်း။ သွေးဆုံးခါနီးကာလတွင် လိင်စိတ်များပြောင်းလဲတတ်သည်။ သွေးဆုံးချိန်မတိုင်မီ လိင်စိတ်ကျေနပ်မှုရပါက သွေးဆုံးချိန်ကာလအားကျော်ခဲ့ပြီးဟုသတ်မှတ်သည်။
- အရိုးကျိုးခြင်း။ မဟော်မှန်းနည်းခြင်းကြောင့် အရိုးပွခြင်းကိုပိုဖြစ်စေတတ်သည်။
- ကိုလက်စတောဓါတ်ပြောင်းလဲခြင်း။ မဟော်မှန်းပြောင်းလဲခြင်းကြောင့် ကိုလက်စတောဓါတ် ပြောင်းလဲခြင်းများဖြစ်တတ်သည်။ မကောင်းသောအဆီဓါတ်တက်ခြင်းကြောင့် နှလုံးရောဂါဖြစ်နှုန်းကိုများစေသည်။ ကောင်းသောကိုလက်စတော နည်းခြင်းကြောင့်လဲ နှလုံးရောဂါပိုဖြစ်စေတတ်သည်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။