မဝတ်လည်းမကောင်း ဝတ်လည်းမကောင်းတဲ့ ဘရာစီယာ အကြောင်းလေး နည်းနည်းလောက် ဆွေးနွေးချင်ပါတယ်။ မိန်းကလေးနဲ့ယောကျာ်းလေး အဝတ်အစား ဝတ်ရပုံကို စဉ်းစားကြည့် မိန်းကလေးက အမြဲ တစ်ခု ပိုဝတ်ရတယ်နော်။ အဲ့ဒီအရာကို မဝတ်ရင်လည်း စိတ်က မလုံခြုံ ပတ်ဝန်းကျင် အမြင်မှာလည်း မတင့်တယ်။ ဝတ်ပြန်ရင်လည်း ချောင်နေရင်ကျ ဝတ်မကောင်း။ ဒါကတော့ အတွင်းဝတ် ဘရာစီယာပါ။
မိန်းကလေး အတွင်းခံ ဘရာစီယာ ဆိုတာ ကျပ်ကျပ် ဝတ်ရတာ ဆိုတဲ့ လူကြီးသူမတို့ရဲ့ ဆုံးမစကား ကလည်း ရှိနေပြန်တော့ အရှက်အကြောက် ကြီးတဲ့ တို့မြန်မာ မိန်းကလေးတွေက ဘရာစီယာ ဆိုတာ ကျပ်ကျပ် ဝတ်ရတဲ့ အမျိုးဆိုပြီး အရိုးစွဲနေတတ် တယ်လေ။
ကျပ်ကျပ်ဝတ်လေ ပုံပိုပေါ်လေ၊ ပိုကြီးသယောင်လည်းဖြစ်တယ်ဆိုတော့ ပစ္စည်းရှိကြောင်းလည်း ကြွားချင်တယ်မလား။ မဝတ်ဘဲ နေပြန်ရင်လည်း ဟာလာဟင်းလင်းဖြစ်နေပြန်ရောလေ။ အဲတော့ မရှိလည်းမကောင်း ရှိလည်းမကောင်း ဆိုတဲ့ ဘရာစီယာကို ဘယ်လိုဝတ်သင့်သလဲ။ တင်းတင်းကျပ်ကျပ် ဝတ်တိုင်းကောင်းသလား။ ကြည့်ရအောင်။
မဝတ်လည်းမကောင်း ဝတ်လည်းမကောင်းတဲ့ ဘရာစီယာ
မဝတ်လည်းမကောင်း ဝတ်လည်းမကောင်းတဲ့ ဘရာစီယာအကြောင်း သိရအောင် ကြည့်လိုက်ကြစို့လား။
၁။ သင်၏ကျောကုန်းနှင့် လည်ပင်းရိုးများအတွက် ဘရာစီယာ ကျပ်ကျပ် သည်မကောင်းပေ။
အမျိုးသမီးတော်တော်များများက ဘရာစီယာရဲ့ cup size က ရင်သားအားထောက်ပံ့ထားသည်ဟုထင်ကြတယ်။ အမှန်က ကျောကုန်းနှင့် လည်ပင်းကြွက်သားများကသာ ထိန်းထားတာတဲ့။ ဒါကြောင့် ကိုယ်နှင့် သင့်တော်သော ဘရာစီယာကို ရွေးချယ် မဝတ်နိုင်ရင် အချိန် ကြာလာတာနဲ့ သင့်ကျောကုန်းနှင့် လည်ပင်းရှိ ကြွက်သားများ နာလာနိုင်ပါတယ်။
၂။ အသက်ရှူမဝခြင်း
မိန်းကလေးတိုင်း သိနေသော ကိစ္စပင်။ ဘရာစီယာကို ကျပ်ကျပ် ဝတ်ရင် အသက်ရှူလို့ မကောင်းဘူးလေနော်။ အသက်ရှူလို့ မဝတော့ လိုတဲ့ အောက်ဆီဂျင် ကောင်းကောင်း မရ အဲဒီတော့ ခေါင်းတွေ မူးလာရော။
၃။ အစားကောင်းကောင်း မစားနိုင်ခြင်း။
အစားစားရင်လည်း ကျပ်နေတော့ အစား ကောင်းကောင်း မစားနိုင်။ ဘရာစီယာ ကျပ်ကျပ် ဝတ်ထားရင် ရင်ခေါင်းနဲ့ ဗိုက်ကို ခြားထားတဲ့ ကြွက်သားကို ဖိထားတော့ စားပြီးရင်လည်း အစာခြေဖို့ အခက်အခဲ ရှိနေတတ်တော့ ဗိုက်တင်းပြီး အောင့်နေပြန်ရောတဲ့။
၄။ အရေပြားပေါ်တွင် အရာများထင်ခြင်း။
ဘရာစီယာကို အရမ်း ကျပ်ကျပ် ဝတ်ထားရင် ကြိုးများက အသားထဲ နစ်ဝင်နေပြီး ပခုံးနှင့် ကျောကုန်း နေရာများတွင် အရာများ ထင်ကျန်ပြီး တခါတလေ နာနေတတ်တယ် လေနော်။
ယုံတမ်းတွေ ပြောတာက ဘရာစီယာကို ညဘက် အိပ်ချိန် ဝတ်ထားရင် ရင်သား လှအောင် လုပ်ပေးနိုင်တယ်တဲ့။ အဲဒါ မှားနေတယ်နော်။ ဘရာစီယာကို တစ်နေ့ ၁၂ နာရီ ထက် ပိုဝတ်ရင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ပိုများတယ်တဲ့နော်။ အဲ့တော့ ဘရာစီယာ မဝတ်ဘဲ မအိပ်တတ်ရင်တောင် နောက်က ချိတ်လေးကို ဖြုတ်ပြီးတော့ အိပ်သင့်တယ်တဲ့။
ကဲ ကဲ ဘရာစီယာ ဆိုသည်မှာ မဝတ်ပြန်ရင်လည်း မတင့်တယ် ၊ လှနေအောင် တအား ကျပ်ကျပ် ဝတ်ရင်လည်း မကောင်းပြန်ဘူးနော်။
[embed-health-tool-ovulation]