ကျန်းမာရေးနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောရမှာ၊ မေးရမှာ ရှက်ရွံ့ကြတဲ့အထဲမှာ မိန်းမကိုယ်ကျန်းမာရေးလည်းပါဝင်ပါတယ်။ မိန်းကလေးတွေအတွက် အရေးပါတဲ့အခန်းကဏ္ဍဖြစ်တဲ့အတွက် သူနဲ့ပတ်သက်တဲ့ကျန်းမာရေးဗဟုသုတတွေကိုလည်းသိထားသင့်တာပေါ့။ မမြင်ကွယ်ရာ ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်ပေမယ့် သူ့မှာပြဿနာတစ်ခုခုရှိနေရင် စိတ်ဖိစီးတာတွေ၊ အိမ်ထောင်ဘက်နဲ့အဆင်မပြေတာတွေ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းလာတာတွေ စတဲ့ တခြားကိစ္စတွေမှာပါ ထိခိုက်လာစေနိုင်တာကိုး။ ဒီတစ်ခေါက်တော့ လေဒီလေးတွေ မေးဖို့ ရှက်ကြတဲ့ မိန်းမကိုယ်ကျန်းမာရေးကို သက်ရောက်မှုရှိနေတဲ့ အချက် လေးတွေအကြောင်း ပြောပြပေးသွားပါမယ်။
မိန်းမကိုယ်ကျန်းမာရေးကို သက်ရောက်မှုရှိနေတဲ့ အချက် (၈) ချက်
မိန်းမကိုယ်ကျန်းမာရေးကို သက်ရောက်မှုရှိနေတဲ့ အချက် တွေက ဘာတွေများလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ မိန်းမကိုယ်နဲ့သားအိမ်ဟာ မိန်းကလေးတွေမှာပဲရှိတဲ့ ထူးခြားတဲ့လက်ဆောင်ပါ။ ဒီအစိတ်အပိုင်းတွေကြောင့်ပဲ အမေမွေးလို့ လူတွေဖြစ်လာတာမဟုတ်လား။ မိန်းမကိုယ်ကို အမျိုးသမီးအင်္ဂါရဲ့အပြင်ဘက် ယောနိဝကနေ သားအိမ်ခေါင်းဆီကို တွယ်ဆက်ထားတဲ့မွေးလမ်းကြောင်းလို့လည်း ခေါ်ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ဘဝမှာ အရေးပါတဲ့အစိတ်အပိုင်းဖြစ်နေတဲ့ မိန်းမကိုယ်ရဲ့ကျန်းမာရေးကို ဘယ်အချက်တွေက သက်ရောက်မှုရှိနိုင်လဲဆိုတာ ဆက်လေ့လာကြည့်ကြမယ်။
(၅) အမွှေးနံ့ပြင်းတဲ့တစ်ကိုယ်ရေသုံးပစ္စည်း
အနံ့ဆိုးကင်းပြီး အမြဲမွှေးကြိုင်နေစေဖို့ အမွှေးနံ့ပြင်းတဲ့ဆပ်ပြာတွေတိုက်၊ ဖျန်းဆေးတွေ၊ အတွင်းပိုင်းဆေးကြောတဲ့ဆေးရည်တွေသုံးတာက မိန်းမကိုယ်ကို ထိခိုက်စေနိုင်တာသေချာပါတယ်။ မိန်းမကိုယ်ကိုခြောက်သွေ့ယားယံတာ၊ သဘာဝကာကွယ်မှုစနစ်ကိုထိန်းညှိပေးတဲ့ အကျိုးပြုဘက်တီးရီးယားတွေလျော့နည်းတာ၊ရောဂါပိုးဝင်လွယ်တာတွေဖြစ်လာစေနိုင်တယ်။ နဂိုကမှ မိန်းမကိုယ်ကျန်းမာရေးမှာပြဿနာရှိနေရင်လည်း ပိုဆိုးစေနိုင်ပါတယ်။
(၆) ကိုယ်ဝန်ဆောင်ခြင်းနဲ့ ကလေးမီးဖွားခြင်း
ကိုယ်ဝန်ဆောင်ရပြီဆို ကလေးမွေးတဲ့အထိ ရာသီသွေးမဆင်းတော့ဘူးမလား။ အဲဒီကာလအတွင်းမှာ အဖြူဆင်းတာ ပိုများတတ်ပါတယ်။ ကလေးမွေးတဲ့အခါလည်း မိန်းမကိုယ်စုတ်ပြဲခြင်းလည်းဖြစ်ရတယ်(ရိုးရိုးမွေးရင်)၊ တစ်ခါတလေလိုအပ်လာရင်ဆရာဝန်တွေက episiotomy လို့ခေါ်တဲ့ မိန်းမကိုယ်အဝကို ခွဲစိတ်ချဲ့ပေးတာလည်း လုပ်ပေးပါတယ်။ ကလေးမွေးပြီးတဲ့နောက်ပိုင်းမှာ မိန်းမကိုယ်ရဲ့ကြွက်သားကျုံ့ဆန့်နိုင်စွမ်းကလည်း အားလျော့သွားနိုင်ပါတယ်။
မှိုပိုးဝင်ခြင်း ခဏခဏဖြစ်နေတာက အမျိုးသမီးတွေမှာ ဆီးချိုသွေးချိုဖြစ်နေကြောင်း ကနဦးလက္ခဏာဖြစ်နေနိုင်ပါတယ်။သွေးတွင်းသကြားဓါတ်ပမာဏမြင့်တက်နေတဲ့အခါ အထူးသဖြင့် မိန်းမကိုယ်တစ်ရှူးတွေအတွင်းမှာ မှိုပိုးတွေပေါက်ဖွားရှင်သန်ရာတစ်ခုဖန်တီးသလိုဖြစ်စေနိုင်ပါတယ်။ ဆီးချိုမထိန်းနိုင်တဲ့ အမျိုးသမီးတွေမှာ မှိုပိုးဝင်ခြင်း အမြဲလိုလိုဖြစ်နေလို့ အတော်ဒုက္ခရောက်ရပါတယ်။
မိန်းကလေးတွေမှာရှိတဲ့ဟော်မုန်းပမာဏအပြောင်းအလဲတွေက မိန်းမကိုယ်ကို ထိခိုက်စေနိုင်တယ်။ ဥပမာ သွေးဆုံးပြီးနောက်ပိုင်း ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့ကာလတွေမှာ အက်စထရိုဂျင်ဟော်မုန်းထုတ်လုပ်မှုကျဆင်းသွားနိုင်တယ်။ အက်စထရိုဂျင်လျော့ကျမှုက မိန်းမကိုယ်မြှေးနံရံကို ပါးစေပြီးမွေးလမ်းကြောင်းကိုခြောက်သွေ့စေနိုင်ပါတယ်။
မိန်းမကိုယ်မှာ ပြဿနာတစ်ခုခုရှိနေပြီဆိုရင် –
- အဖြူဆင်းတာက အရောင်၊ အနံ့၊ ပမာဏာပြောင်းလဲလာတာ၊
- မိန်းမကိုယ်မှာ နီမြန်းတာ၊ ယားယံတာ၊
- ရာသီလာမယ့်ရက်မဟုတ်ဘဲ ကြားချိန်မှာ၊ လိင်ဆက်ဆံပြီးချိန်မှာ၊ ဒါမှမဟုတ် သွေးဆုံးပြီးနောက်ပိုင်း သွေးဆင်းတာ၊
- မိန်းမကိုယ်မှာ အခဲပိတ်ဆို့တာ၊
- လိင်ဆက်ဆံရင်နာကျင်တာ စတဲ့ လက္ခဏာတွေဖြစ်လာနိုင်ပါတယ်။ ဒါတွေဖြစ်လာရင် ဆရာဝန်ပြပါ။
[embed-health-tool-ovulation]