ကျန်းမာတဲ့ မိန်းမကိုယ်မှာ သဘာဝအရ စွတ်စိုမှု အနည်းငယ်တော့ ရှိနိုင်ပါတယ်။ ဒီလိုစွတ်စိုမှသာ မိန်းမကိုယ် ယားယံတာမျိုး မဖြစ်မှာပါ။ ဒါ့အပြင် ချောဆီအဖြစ်နဲ့ လိင်ဆက်ဆံနေစဉ် ပွန်းပဲ့ထိခိုက်ခြင်း မဖြစ်အောင်၊ သုက်ပိုးများကို မိန်းမကိုယ်တွင်း အချိန်ကြာမြင့်စွာ ရှင်သန်စေပြီး မျိုးအောင်စေဖို့လည်း ကူညီပေးပါတယ်။ ဒါကြောင့် မိန်းမကိုယ် ကျန်းမာရေးနဲ့ ပတ်သက်လာရင် မခြောက်လွန်း၊ မစိုလွန်းတဲ့ ပမာဏကို ထိန်းဖို့ လိုတယ်လို့ ပြောရခြင်း ဖြစ်ပါတယ်။
မိန်းမကိုယ် ခြောက်သွေ့ခြင်းက မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီတော့ ကာကွယ်နိုင်စေဖို့အတွက် မိန်းမကိုယ်ခြောက်သွေ့ခြင်းရဲ့ တရားခံ တွေက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။
မိန်းမကိုယ်ခြောက်သွေ့ခြင်းရဲ့ တရားခံ တွေက ဘာတွေလဲ
မိန်းမကိုယ်ခြောက်သွေ့ခြင်းရဲ့ တရားခံ က ဘာဖြစ်မလဲ။ အမျိုးသမီးများတွင် အက်စထရိုဂျင် (Estrogen) လို့ ခေါ်တဲ့ မဟော်မုန်း နည်းလာခြင်းဟာ မိန်းမကိုယ် ခြောက်သွေ့ခြင်း ဖြစ်စေတဲ့ အဓိက တရားခံလို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့်
မိန်းမကိုယ်ရဲ့ စိုထိုင်းမှုမျှခြေ ပျက်ယွင်းပြီး ခြောက်သွေ့လာတဲ့အခါ
အချိန်တော်တော် ကြာမြင့်သည်အထိ ပုံမှန်အတိုင်း စိုစွတ်မှု မရှိသေးဘူးဆိုရင်တော့ သားဖွားမီးယပ်အထူးကုဆရာဝန်နဲ့ သေချာပြသကြည့်သင့်ပါတယ်။ ဆရာဝန်အနေနဲ့ လူနာရဲ့ ကျန်းမာရေး အခြေအနေ၊ နောက်ကြောင်း ရာဇဝင်၊ ရာသီသွေး ပုံမှန်ဆင်းခြင်း ရှိ၊ မရှိ၊ ဖြစ်နေတဲ့ ရောဂါလက္ခဏာတွေကို မေးမြန်းပြီးတဲ့အခါ သင့်တော်တဲ့ ကုသမှုခံယူဖို့ အကြံပေးပါလိမ့်မယ်။
တခြားကုထုံးတွေ အနေနဲ့ ဟော်မုန်း ဆေးသောက်ခြင်း၊ ဆေးဆိုင်ကနေ ခြောက်သွေ့တဲ့ မိန်းမကိုယ်ကို ကုသဖို့ ချောဆီ၊ အစိုဓာတ်ထိန်း ခရင်မ်တွေကို လိမ်းပေးလို့ ရပါတယ်။ ရေချိုးတဲ့အခါမှာလည်း pH မျှခြေကို ထိန်းပေးဖို့ မိန်းမကိုယ် သန့်စင်ဆေးရည်ကို အသုံးပြုပြီး သေချာ ဆေးကြောပေးနိုင်ရင် ပျောက်ဖို့ ပိုလွယ်ပါတယ်။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။