backup og meta

သင့်မိန်းမကိုယ်အတွက် မေးရမှာရှက်နေသော်လည်း မေးသင့်တဲ့ မေးခွန်း ၅ ချက်။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 08/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်မိန်းမကိုယ်အတွက် မေးရမှာရှက်နေသော်လည်း မေးသင့်တဲ့ မေးခွန်း ၅ ချက်။ ။

    သင့်မိန်းမကိုယ်အတွက် မေးရမှာရှက်နေသော်လည်း မေးသင့်တဲ့ မေးခွန်း ၅ ချက် ရှိပါတယ်။ ဘာတွေလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    သင့်ကိုယ်ခန္ဓါမှာရှိတဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ သင်မသိတာ ရှိရင် မေးဖို့ ဝန်လေးပြီး ရှက်မနေသင့်ပါဘူး။ တခြား နေမကောင်းတာသွားပြတဲ့ ဆရာဝန်ဆီမှာဆို ဝေဒနာတွေကို ရွှန်းရွှန်းဝေအောင်ပြောကြတယ်မလား။ အရှက်အကြောက်ကြီးတဲ့ မိန်းကလေးတို့သဘာဝ အတိုင်း မိန်းမကိုယ်နဲ့ ပတ်သက်လာရင် သူငယ်ချင်းကြားထဲမှာလည်းမပြော၊ အိမ်မှာလည်း မပြော၊ သားဖွားမီးယပ်ဆရာဝန်ဆီရောက်လည်း မေးလည်းမမေးရဲ ၊ ပြောရမှာလည်းရှက်၊ ပြဖို့လည်း ဝန်လေးနေကြပါတယ်။ ဒါကြောင့် မိန်းမကိုယ်နဲ့ ပတ်သက်တဲ့ ဗဟုသုတွေ နည်းရခြင်းဖြစ်ပါတယ်။ ဒါမျိုးတွေ ဖြစ်စရာမလိုပါဘူး။ ကိုယ်ဖြစ်နေတာတွေကို ကိုယ်ပြောမှ၊ မေးမှ ပြောပြမယ့်သူကလည်း သင်ဘာသိချင်တာ၊ ဘာပြောချင်တာတွေကို နားလည်မှာဖြစ်ပါတယ်။ ဒါကြောင့် သားဖွားမီးယပ် ဆရာဝန်ဆီရောက်ရင် သင်သိချင်နေတဲ့ ၊ မေးသင့်တဲ့ မိန်းမကိုယ်နဲ့ ပတ်သက်တဲ့ မေးခွန်း ၅ ချက်လောက်ကို ရှက်မနေဘဲ ဆရာဝန်ဆီကနေ မေးလိုက်ပါ။ သင့်စိတ်ထဲ အမြဲ မတင်မကျ ဖြစ်နေတာ တွေ ရှင်းလင်းသွားမှာပါ။ ။

    သင့်မိန်းမကိုယ်အတွက် မေးရမှာရှက်နေသော်လည်း မေးသင့်တဲ့ မေးခွန်း ၅ ချက်။ ။

    သင့်မိန်းမကိုယ်အတွက် မေးရမှာရှက်နေသော်လည်း မေးသင့်တဲ့ မေးခွန်း ၅ ချက် ကတော့

    ၁။ မိန်းမကိုယ်ကကဆင်းတဲ့ အရည်တွေဟာ အနံ့ရှိတတ်လား။ ။

    မိန်းမကိုယ်ကနေ အရည်ဆင်း၊ အချွဲဆင်းတယ်ဆိုတာ သဘာဝဖြစ်ပြီး သင်က ကလေးမွေးနိုင်တဲ့ အရွယ်ရောက်နေပြီ၊ သားဥကြွေနေပြီဆိုတာကို ပြောပြနေတာဖြစ်ပါတယ်။ ပြီးရင် မိန်းမကိုယ်တွင်းက pHနဲ့ အကျိုးပြု ဘက်တီးရီးယားတွေကြောင့် ဆင်းလာတဲ့ အရည်တွေက အနံ့ ရှိတတ်ပါတယ်။ ပုံမှန်ဖြစ်လို့ သင့်အနေနဲ့ စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမယ့်မိန်းမကိုယ်ကဆင်းတဲ့ အရည်တွေက ဆိုးဆိုးဝါးဝါးနံနေမယ်၊ ပုပ်အဲ့အဲ့ အနံ့တွေ ဖြစ်နေမယ်ဆိုရင်တော့ သင့်အနေနဲ့ သတိထားရမယ့် အပိုင်းကို ရောက်လာပါပြီ။ မိန်းမကိုယ်တွင်းကို ပိုးဝင်ခြင်းကြောင့် ဖြစ်တတ်တဲ့ လက္ခဏာဖြစ်လို့ပါ။ ပုံမှန်ထွက်တဲ့ အနံ့တွေဆိုရင် စိုးရိမ်စရာမရှိတဲ့ အပြင် သင့်အဖော်အတွက်ဆို ဆွဲဆောင်စရာ တစ်ခုလိုတောင်ဖြစ်နေဦးမှာပါ။

    ၂။ မိန်းမကိုယ်ကနေ ဆင်းတဲ့ အရည်ပမာဏ ကဘယ်လောက်ရှိသင့်သလဲ။ ။

    မိန်းမကိုယ်ကနေ အရည်ဆင်းတယ်ဆိုတာ လူတိုင်း ပုံသေ ဘယ်လောက်ပဲဆင်းရမယ်ဆိုပြီး သတ်မှတ်ထားတာမရှိပါဘူး။ လူတစ်ယောက်နဲ့ တစ်ယောက်၊ ဟော်မုန်းတွေနဲ့ အချိန်အခါပေါ်မူတည်ပြီးလည်း ကွဲပြားနိုင်ပါတယ်။ သာမန်ဆို အတွင်းခံ ဘောင်းဘီလေး စိုရုံလောက်သာ ဆင်းသင့်ပါတယ်။ ရာသီလာခါနီးမှာ ဟော်မုန်းတွေကြောင့် ပိုဆင်းနိုင်တာတွေလည်း ရှိပါတယ်။ လိင်မှုကိစ္စ ဆောင်ရွက်ခါနီးရင်တော့ မိန်းမကိုယ်ကနေ အရည်တစ်မျိုးဆင်းလာတတ်ပြီး ပုံမှန်ထက် ပမာဏများတတ်ပါတယ်။ ဒါကတော့ ပုံမှန်ကိစ္စ ဖြစ်လို့ စိုးရိမ်စရာ မရှိပါဘူး။ အဲလို အချိန်တွေက လွဲလို့ တခြား အချိန်တွေမှာမိန်းမကိုယ်က အရည်တွေ အရမ်းဆင်းနေပြီး အတွင်းခံ ဘောင်းဘီကိုပေါက်ကာ ထဘီတွေမှာပါ စိုတယ်ဆိုရင်တော့ စိုးရိမ်စရာ ရှိနေပါပြီ။ မိန်းမကိုယ်ပိုးဝင်တာနဲ့ ဆက်စပ်နေလို့ပါ။

    ၃။ မိန်းမကိုယ်ယားတာက ပုံမှန်ပဲလား။ ။

    ကိုယ်ပေါ်က နေရာတစ်ခုခုမှာ ယားတယ်ဆိုတာ ပုံမှန်မဟုတ်တဲ့ ကိစ္စတစ်ခုဆိုတာ လူတိုင်းသိကြမှာပါ။ ဒါကြောင့် မိန်းမကိုယ်ယားတယ်ဆိုတာလည်း ပုံမှန် မဟုတ်တဲ့ ကိစ္စ တစ်ခုပါ။ မိန်းမကိုယ်ယားတယ်ဆိုတဲ့ အကြောင်းတွေမှာ ထိပ်ဆုံးကတော့ မိန်းမကိုယ်ပိုးဝင်တာဖြစ်ပါတယ်။ မိန်းမကိုယ်လည်းယားတယ်၊ အတွင်းခံဘောင်းဘီတွေမှာလည်း အဖြူဖတ်တွေ ကပ်နေသလိုမျိုးဖြစ်နေတယ်ဆို မိန်းမကိုယ်ပိုးဝင်တာသေချာသွားပါပြီ။ အသက်ကြီးလာလို့ မိန်းမကိုယ်ခြောက်ပြီးယားတာ၊ ဓါတ်မတည့်တာ တစ်ခုခုကြောင့်ယားတာတွေ၊ အတွင်းခံ မသန့်တာတွေကြောင့် လည်း ယားနိုင်ပါသေးတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် မိန်းမကိုယ်ယားပြီဆိုတည်းက ပုံမှန်မဟုတ်တာ တစ်ခုခုဖြစ်နေလို့ပါ။

    ၄။ မိန်းမကိုယ်ဆိုတာ ဘယ်လိုပုံစံမျိုးရှိလဲ။ ။

    မိန်းမကိုယ်မှာ မအင်္ဂါစေ့( clitoris)၊ မိန်းမကိုယ်ဝ( vagina)၊ အပြင်နှုတ်ခမ်းသား( labia Majora)၊ အတွင်းနှုတ်ခမ်းသား ( labia Minora)ဆိုပြီး မျက်လုံးနဲ့ ကြည့်လို့ရတဲ့ အပြင်က အပိုင်းတွေပါပါတယ်။ အပြင်နှုတ်ခမ်းသားက ထူပြီး အတွင်းနှုတ်ခမ်းသားနဲ့ မအင်္ဂ ါစေံကို ဖုံးထားပေးပါတယ်။ အတွင်းနှုတ်ခမ်းသားကတော့ မိန်းမကိုယ်အဝကို ဖုံးထားပေးပါတယ်။ အတွင်းဘက်မှာဆိုရင်တော့ အပျိုစင် အမှေးပါး(hymen) ၊ မိန်းမကိုယ်ဝနဲ့ ဆက်နေတဲ့ ရှည်လျားပြီး ပြွန်သဏ္ဍန်ရှိတဲ့ မွေးလမ်ကြောင်းရှိပြီး သားအိမ်( uterus)နဲ့ သားဥအိမ်( ovaries) တို့ပါပါတယ်။

    ၅။ မိန်းမကိုယ်အနားတစ်ဝိုက်မှာ ပေါက်တတ်တဲ့ အဖုတွေက ဘာတွေလဲ။ စိုးရိမ်ရလား။ ။

    မိန်းမကိုယ် အနားတစ်ဝိုက်မှာ အဖု ပေါက်လာတယ်၊ စမ်းမိတယ်ဆို မိန်းကလေးတိုင်း လန့်သွားတတ်ကြပါတယ်။ ဘာတွေဖြစ်ကုန်ပြီးလဲပေါ့။ ရောဂါတွေဘာတွေဖြစ်ကုန်ပြီလားပေါ့။ မိန်းမကိုယ်မှာ များသောအားဖြင့် ပေါက်တတ်တာက ကြွက်နို့်ပါ။ သူက အရေပြားပေါ်မှာ ပေါက်တာဖြစ်ပြီး မာမာခဲခဲလေးဖြစ်နေတတ်ပါတယ်။ ကြွက်နို့ပေါက်ရတာက လိင်ဆက်ဆံရာမှ တဆင့်ကူးစက်တတ်တဲ့ ပိုးဝင်တာကြောင့်ဖြစ်တာများပြီး စိုးရိမ်စရာရှိပါတယ်။ နောက်ဖြစ်တတ်တာ တစ်ခုကတော့ မိန်းမကိုယ်ဆေးရင်း နဲ့ အရေပြားအောက်မှာ အလုံးစမ်းမိတာဖြစ်ပါတယ်။ ဒါကလည်း ပိုးဝင်တာကြောင့် မိန်းမကိုယ်မှ ရှိတဲ့ ပိုးဝင်တာကိုကာကွယ်တဲ့ ပြန်ရည်ကြောအဖုလေးတွေက ပိုးကို ဖမ်းပြီး သတ်နေတဲ့ အတွက်ကြောင့် ရောင်ပြီးကြီးလာရတာဖြစ်ပြီး အရေပြားအောက်မှာ ပျော့ပျော့အခဲလေး စမ်းမိတတ်ပါတယ်။ ဝက်ခြံလည်း မိန်းမကိုယ်မှာ တရံတစ်ခါ ပေါက်တတ်ပါတယ်။ သာမန်ဆို မိန်းမကိုယ်မှာ ဘာအဖုမှ ရှိမနေသင့်ပါဘူး။

    ဒါတွေကတော့ သားဖွား မီးယပ်ဆရာဝန်ဆီရောက်ရင် သင့်အနေနဲ့ ရှက်မနေဘဲ မေးကြည့်သင့်တဲ့ မေးခွန်း ၅ ချက်ဖြစ်ပါတယ်။ ဒါမှလည်း သင့်စိတ်ထဲမှာ မတင်မကျ ဖြစ်နေတာတွေ ရှင်းသွားပြီး ရလာတဲ့ ဗဟုသုတတွေကို အခြားသူတွေကို ပြန်လည်ဝေမျှနိုင်မှာဖြစ်ပါတယ်။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 08/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement