brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးမွှားတွေဟာ အကြောင်း အမျိုးမျိုးနဲ့ ဆီးလမ်းကြောင်း ကနေတဆင့် ဝင်ရောက်သွားတတ်ပါတယ်။ ဒီလိုကနေ အစပြုပြီး ဆီးလမ်းကြောင်း ပိုးဝင်တာကို ခံစားရပါတယ်။ ဆီးလမ်းကြောင်း ကနေတဆင့် ဘက်တီးရီးယား နဲ့ မှိုပိုးတွေ ဝင်ရောက် ကူးစက်တာက များပါတယ်။ ဗိုင်းရပ်စ် ဝင်ရောက် ကူးစက်မှုက ဖြစ်ခဲပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

လေ့လာမှုတွေအရကတော့ အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းဟာ အမျိုးသားတွေရဲ့ ဆီးလမ်းကြောင်းထက် ပိုတိုတာကြောင့် ဆီးလမ်းကြောင်းပိုးဝင် ကူးစက်ခံရနိုင်ခြေက ၄ ဆ ပိုများနေပါတယ်။ ဗိုင်းရပ်စ်က ဆီးလမ်းကြောင်းထဲ ဝင်ရောက် ကူးစက်သွားတဲ့အခါ ကျောက်ကပ်ထိ ဝင်ရောက် ကူးစက်နိုင်ပါတယ်။

ဒီဗိုင်းရပ်စ်တွေက ဆီးကနေတဆင့် ဆီးပို့ပြွန်ဆီရောက်ပြီး ကိုယ်တွင်းအင်္ဂါတွေကို ပျက်စီးစေတာ၊ လုပ်ဆောင်မှုတွေကို နှေးစေတာမျိုး ဖြစ်စေနိုင်ပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်နေတာလား…

ဆီးလမ်းကြောင်း ပိုးဝင်တာက တစ်ခါတလေမှာ လက္ခဏာ မပြတာမျိုး ရှိနိုင်ပါတယ်။ များသောအားဖြင့် ကတော့

  • ဆီးသွားတဲ့အခါ နာကျင်တာ
  • ဆီးမကြာခဏ သွားချင်နေတာ
  • ဆီးသွားနည်းနေတာ
  • ဆီးကျန်သလို ခံစားရတာ
  • ဆီးမထိန်းနိုင်တာ
  • ဆီးထဲသွေးပါတယ်
  • ဆီးအရောင်က ရင့်နေတာ
  • ဆီးက အရောင်ပုံမှန် မဟုတ်တာ
  • ဆီးနံ့ ပြင်းတာ
  • အမျိုးသမီးတွေမှာ တင်ပါးဆုံထဲက နာတာမျိုးတွေ ခံစားရနိုင်ပါတယ်။

တကယ်လို့ ဆီးလမ်းကြောင်းပိုးဝင်တာက အရမ်းပြင်းထန်မယ်၊ ဆီးပို့ပြွန် အတွင်းမှာ ဖြစ်မယ်ဆိုရင်

ဆီးလမ်းကြောင်း ပိုးဝင်တာ ဘယ်လို ကုသမှု ခံယူရမလဲ…

တကယ်လို့ အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေထဲက တစ်ခုလောက် ခံစားနေရမယ် ဆိုရင် ဆရာဝန်နဲ့ ချက်ချင်း ပြသဖို့ လိုပါမယ်။ ဆရာဝန်က ကျန်းမာရေး အခြေအနေကို စစ်ဆေးပါလိမ့်မယ်။ ဆီးစစ်ကြည့်ရမှာ ဖြစ်ပါတယ်။

ဆီး နမူနာကို ဓာတ်ခွဲခန်းကို ပို့ဆောင် စစ်ဆေးမှာ ဖြစ်ပြီး ထွက်လာတဲ့ အဖြေပေါ် မူတည်ပြီး ပဋိဇီဝ ပိုးသတ်ဆေး သောက်ဖို့ ဆရာဝန်က ညွှန်ကြား ပါလိမ့်မယ်။ ဆရာဝန်က ညွှန်ကြားတဲ့အတိုင်း လိုက်နာမယ် ဆိုရင် အချိန်တို အတွင်း သက်သာမှာ ဖြစ်ပါတယ်။

မကုသဘဲ ထားတဲ့အခါ

ဆီးလမ်းကြောင်းပိုးဝင်တာက စောစောသိပြီး စောစော ကုသမယ်ဆိုရင် မြန်မြန် သက်သာမှာဖြစ်သလို ကုသရတာလည်း လွယ်ကူပါတယ်။ တကယ်လို့ မှိုပိုးဝင် ကူးစက်တာကို မကုသဘဲ ထားမယ်ဆိုရင် ကျောက်ကပ် ထိခိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာက အခန့်မသင့်ရင် အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။

ဘယ်လို ကာကွယ်မလဲ…

ဆီးလမ်းကြောင်းပိုးဝင်တာကို အခုလို နည်းလမ်းလေးတွေနဲ့ ကာကွယ်လို့ ရပါတယ်။

  • ရေ များများ သောက်ပါ။
  • တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ။
  • ချည်သား အတွင်းခံ ဝတ်ပါ။
  • ဆီးအောင့် မထားပါနဲ့။
  • ရေအိမ်သုံးတဲ့အခါ အရှေ့ကနေ အနောက်ကို ဆွဲယူတဲ့ ပုံစံနဲ့ သန့်စင်ပါ။
  • အနံ့ပြင်းတဲ့ ဆပ်ပြာတွေနဲ့ မိန်းမကိုယ်ကို သန့်စင်တာမျိုး မလုပ်ပါနဲ့။
  • အတူနေပြီးတိုင်း ရေတစ်ခွက် သောက်လို့ ဆီးများများ သွားပါ။
  • အာဟာရ ပြည့်ဝအောင် စားပါ။
  • အိပ်ရေး ဝဝအိပ်ပါ
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 27/02/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။