backup og meta

ကျောက်ကပ်ရောဂါရှိသူများ သတိပြုရမည့် ပိုတက်ဆီယမ်ပမာဏ

ကျောက်ကပ်ရောဂါရှိသူများ သတိပြုရမည့် ပိုတက်ဆီယမ်ပမာဏ
ကျောက်ကပ်ရောဂါရှိသူများ သတိပြုရမည့် ပိုတက်ဆီယမ်ပမာဏ

ကျောက်ကပ်ရဲ့ အဓိကတာဝန်ဟာ သွေးထဲမှာ ပိုလျှံနေတဲ့ အရည်များနဲ့ အညစ်အကြေးများကို ဖယ်ရှားသန့်စင်ပေးရခြင်း ဖြစ်ပါတယ်။ ပုံမှန်လုပ်ငန်းလုပ်ဆောင်နိုင်တဲ့ အခြေအနေမှာ သွေးကိုသန့်စင်နိုင်တဲ့ ပမာဏဟာ လီတာ ၁၀၀ ကျော်ပြီး ဆီးအနေနဲ့ ၁-၂ လီတာအကြား စွန့်ထုတ်ပါတယ်။ ဒီနည်းနဲ့ ကိုယ်ခန္ဓာထဲမှာ အညစ်အကြေးတွေ စုဝေးမနေရအောင် ကာကွယ်ပေးပါတယ်။ ဆိုဒီယမ်၊ ဖော့စဖိတ်၊ ပိုတက်ဆီယမ် စတဲ့ဓာတ်ဆားများကိုလည်း ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။ ဒီတစ်ခေါက် ပြောပြချင်တာက ကျောက်ကပ်ရောဂါရှိသူများ သတိပြုရမည့် ပိုတက်ဆီယမ်ပမာဏ အကြောင်းလေး ပြောပြပေးချင်ပါတယ်။

ကျောက်ကပ်ရောဂါရှိသူများ သတိပြုရမည့် ပိုတက်ဆီယမ်ပမာဏ

ကျောက်ကပ်ရောဂါဖြစ်လာရင်တော့ သွေးသန့်စင်ခြင်း၊ ဓာတ်ဆားများထိန်းညှိခြင်း စတာတွေကို လုပ်ဆောင်နိုင်စွမ်း ကျဆင်းလာပါတယ်။ အထူးသဖြင့် ပိုတက်ဆီယမ်ပမာဏကို မထိန်းနိုင်ရင် သွေးထဲမှာ အန္တရာယ်ဖြစ်လောက်တဲ့ အနေအထားအထိ မြင့်တက်လာနိုင်ပါတယ်။ ကျောက်ကပ်အတွက် သောက်နေရတဲ့ ဆေးအချို့ဟာလည်း ပိုတက်ဆီယမ်ကို မြင့်တက်စေတာကြောင့် ပြဿနာကို ပိုဆိုးစေပါတယ်။

ပိုတက်ဆီယမ်များနေရင် ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်မြန်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ပိုတက်ဆီယမ်မြင့်တက်တဲ့ အခြေအနေမှာ အရေးပေါ် ဆေးဝါးကုသမှုခံယူသင့်ပါတယ်။

ပိုတက်ဆီယမ်မြင့်တက်လာခြင်းမဖြစ်အောင် ဘယ်လိုရှောင်ရှားမလဲ

ထိရောက်တဲ့နည်းလမ်းကတော့ အစားအသောက်ကို ထိန်းသိမ်းဖို့ပါပဲ။ ပိုတက်ဆီယမ်မြင့်တဲ့ အစားအသောက်များကို ရှောင်ကြဉ်ရပါမယ်။ ကျောက်ကပ်အတွက် အဆင်ပြေတဲ့ အစားအသောက်များကို ရေးချယ်စားသောက်ရပါမယ်။

ပိုတက်ဆီယမ်နည်းတဲ့ အစားအစာတွေကတော့

– ဘယ်ရီသီး (စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ)

– ပန်းသီး

– ဂရိတ်ဖရု

– နာနတ်သီး

– ပန်းဂေါ်ဖီ

– ပန်းပွင့်စိမ်း

– ဆန်အဖြူ၊ ပေါင်မုန့်အဖြူ

– ခရမ်းသီး

– ပဲသီး

– ကြက်ဥအကာ စတာတွေ ဖြစ်ပါတယ်။

ပိုတက်ဆီယမ် ပါဝင်မှုမြင့်မားပြီး ကျောက်ကပ်ရောဂါရှိချိန်မှာ ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ငှက်ပျောသီး

– ထောပတ်သီး

– စပျစ်သီးခြောက်

– ဆီးသီးခြောက်၊ ဆီးဖျော်ရည်

– လိမ္မော်သီး၊ လိမ္မော်ရည်

ခရမ်းချဉ်သီး၊ ခရမ်းချဉ်သီးဖျော်ရည်

ပဲနီလေး၊ ပဲဝါလေး၊ ကုလားပဲ

– ဟင်းနုနွယ်

– အာလူး၊ ကန်စွန်းဥ

– ရွှေဖရုံသီး

– အမဲသား၊ ကြက်သား စတာတွေ ဖြစ်ပါတယ်။

ဘေးကင်းစိတ်ချရတဲ့ပမာဏ

အရွယ်ရောက်ပြီး ကျန်းမာရေးကောင်းသူတွေ တနေ့တာ စားသုံးသင့်တဲ့ ပိုတက်ဆီယမ်ပမာဏကတော့ အမျိုးသားများအတွက် ၃၄၀၀ မီလီဂရမ်နဲ့ အမျိုးသမီးများအတွက် ၂၆၀၀ မီလီဂရမ် ဖြစ်ပါတယ်။ ကျောက်ကပ်ပြဿနာရှိသူတွေအနေနဲ့တော့ တစ်ရက်မှာ ၂၀၀၀ မီလီဂရမ်အောက်ပဲ လိုအပ်ပါတယ်။ ကျောက်ကပ်ပြဿနာဖြစ်ပွားနေရင်တော့ ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ပိုတက်ဆီယမ်ပမာဏကို စစ်ဆေးနေဖို့ လိုအပ်ပါတယ်။

သွေးတွင်းပိုတက်ဆီယမ် စစ်ဆေးမှုရလာဒ်တွေနဲ့ အခြေအနေတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

• ဘေးကင်းစိတ်ချရတဲ့ပမာဏ။ 3.5 မှ 5.0 mmol/L

• သတိထားရမည့်ပမာဏ။ 5.1 မှ 6.0 mmol/L

• အန္တရာယ်ရှိသောပမာဏ။ 6.0 mmol/L နှင့်အထက်

ဘယ်အခြေအနေမှာ ဆရာဝန်နဲ့ ပြသသင့်သလဲ

မိမိမှာ ကျောက်ကပ်ပိုင်းဆိုင်ရာ ပြဿနာရှိနေရင် ဆရာဝန်နဲ ပုံမှန်ပြသစစ်ဆေးနေဖို့ လိုပါတယ်။ အထူးသဖြင့် ပိုတက်ဆီယမ်ပမာဏကို စစ်ဆေးကြည့်နေဖို့ လိုပါတယ်။ ပိုတက်ဆီယမ်များတဲ့ လက္ခဏာတွေဖြစ်တဲ့

မောပန်းနွမ်းနယ်ခြင်း

– အားနည်းခြင်း

– ထုံ/ကျဉ်ခြင်း

– ပျို့အန်ခြင်း

– ရင်ဘတ် အောင့်ခြင်း

– နှလုံးခုန်မမှန်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်ရင် ဆေးဝါး ကုသမှု လိုအပ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/kidney-health/kidney-disease-and-potassium Accessed Date 4 September 2020

ယခုပုံစံ

30/05/2023

Written by Dr. Thant Zin

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရုတ်တရက်ကျောက်ကပ်ပျက်စီး ခြင်း

ကျောက်ကပ် ရောဂါရှိတယ်။ ဘာတွေရှောင်စားရမလဲ.......


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


30/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement