အဓိပ္ပါယ်ဖွင့်ဆိုချက်
Acute Renal Failure (ရုတ်တရက်ကျောက်ကပ်အလုပ်မလုပ်တော့ခြင်း) ကဘာလဲ။
သွေးထဲရှိ စွန့်ပြစ်ပစ္စည်းများ ကျောက်ကပ်ကရုတ်တရက် မစွန့်ပြစ်နိုင်တော့တဲ့ အခြေအနေကို ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်းလို့ ခေါ်ပါတယ်။ ကျောက်ကပ်ရဲ့စွန့်ထုတ်နိုင်မှုစွမ်းရည် ဆုံးရှုံးသွားတဲ့အခါမှာ အန္တရယ်ရှိတဲ့ စွန့်ပြစ်ပစ္စည်းတွေ စုပုံလာပြီး သွေးရဲ့ဓါတုမျှခြေပျက်စီးသွားပါမယ်။