backup og meta

ဆီးသွားချင်တာကို အောင့်ထားတတ်တဲ့ လူတွေရှိလား။ ဘယ်လို ဆိုးကျိုးတွေ ရှိနိုင်လဲ ။ ။

ဆီးသွားချင်တာကို အောင့်ထားတတ်တဲ့ လူတွေရှိလား။ ဘယ်လို ဆိုးကျိုးတွေ ရှိနိုင်လဲ ။  ။

ဆီးသွားချင်တာကို အောင့်ထားတဲ့အခါ ဘာတွေ ဖြစ်လာမလဲ ။ ။

အားလုံးတစ်ချိန်မဟုတ်တစ်ချိန်မှာတော့ ဖြစ်ဖူးကြမှာပါ။ ဆီးသွားချင်ပေမယ့် မအားသေးလို့၊ အိမ်သာမရှိလို့ အောင့်ထားရတဲ့ အဖြစ်မျိုး ။ တစ်ချို့ဆိုလည်း အိပ်ချင်နေတဲ့အချိန် ဆီးသွားချင်ရင် အိမ်သာမသွားတော့ဘဲ အောင့်ထားလိုက်တာမျိုး။ ဒီလိုမျိုး ဆီးသွားချင်နေရက်နဲ့ အောင့်ထားတတ်တဲ့ အကျင့်ရှိလာရင် ကြာလာတဲ့အခါ ကျန်းမာရေးကို ဘယ်လိုထိခိုက်နိုင်မှာလဲ ။ ။

ဆီးအိတ်က ဆီးပမာဏ ဘယ်လောက်ကို ထိန်းထားနိုင်သလဲ ။ ။

ဆီးအောင့်ထားတာကို အရင်မပြောခင် ဆီးအိတ်ကနေ ဆီးပမာဏ ဘယ်လောက်ကို သိုလှောင်ထားနိုင်သလဲဆိုတာ အရင်ပြောပြပါမယ် ။ ပုံမှန် ဆီးအိတ်တစ်ခုဟာ ဆီးပမာဏ ၁၆ အောင်စ ( ဒါမှမဟုတ်) ဆီး ၂ ခွက်လောက်ကို ထိန်းထားနိုင်ပါတယ်။ ၂ နှစ် အရွယ်ကလေးတွေမှာဆို ဆီးအိတ်က ၄ အောင်စလောက်အထိပဲ ထိန်းထားနိုင်ပါတယ်။ ၂ နှစ်ထက်ကြီးတဲ့ ကလေးတွေကိုဆိုရင် သူတို့ရှိနေတဲ့ အသက်ကို ၂ နဲ့စားပြီး ၆ နဲပေါင်းလို့ ရလာတဲ့ ပမာဏဟာ ဆီးအိတ်ကနေ ဆီးတွေကို သိုလှောင်ထားနိုင်တဲ့ ပမာဏပါ။

ဆီးသွားချင်တာကို အောင့်ထားတာက ကောင်းရဲ့လား။ ။

  • သင့်ရဲ့ ဆီးလမ်းကြောင်း ကသာ ကျန်းမာနေရင် သင်ဆီးသွားချင်တာကို အောင့်ထားတာဟာ ပြဿနာ ဆိုးဆိုးဝါးဝါးကို မဖြစ်စေတတ်ပါဘူး။ ဆီးအိတ်ထိန်းထားနိုင်တဲ့ ပမာဏကို ကျော်လွန်လာတဲ့အချိန်မှာ ဆီးမသွားဘဲ အောင့်ထားရင်တော့ သက်တောင့်သက်တာ မရှိစေမှာတော့ အမှန်ပါ။
  • သင်ဟာ ဆီးအိမ်အရမ်းအလုပ်လုပ်တဲ့ ဝေဒနာကို ခံစားနေရတဲ့သူဆိုရင်တော့ ဆီးသွားချင်ရင်အောင့်ထားတာဟာ သင့်ဆီးအိမ်ကို ဆီးအရမ်းမလွယ်အောင် လေ့ကျင့်ပေးသလိုဖြစ်တာကြောင့် အဲ့ဒီရောဂါသမားတွေအတွက်ကတော့ ဆီးသွားချင်ရင် အောင့်တာဟာ ကောင်းတဲ့အရာတစ်ခုပါ။
  • ခုပြောပြမယ့် ရောဂါတွေ သင့်မှာရှိနေရင်တော့ ဆီးဆိုတာ လုံးဝကို မအောင့်သင့်တဲ့အရာပါ။

ဆီးသွားချင်တာကို သင့်ဘက်က မသွားဘဲ အောင့်ထားတဲ့အခါ ဘာတွေ ဖြစ်လာနိုင်သလဲ ။

  • ဆီးသွားချင်တယ်ဆိုတာ သင့်ဆီးအိမ်ထဲမှာ ဆီးတွေပြည့်လာလို့ ဝိတ်လျှော့တဲ့ အနေနဲ့ အပြင်ကိုထုတ်ချင်တာ ဖြစ်မယ်ဆိုပြီး သင်ထင်ထားသလောက် မလွယ်ကူပါဘူး။ ဆီးတစ်ခါ သွားဖို့ဆို ဆီးအိမ်ကြွက်သားတွေ၊ အာရုံကြောတွေနဲ့ ဆီးလမ်းကြောင်းတစ်လျှောက်က အင်္ဂါတွေ အကုန်လုံး အလုပ်လုပ်ကြရပါတယ်။
  • သင့်ဆီးအိမ်ထဲမှာ ဆီးတွေ တစ်ဝက်လောက်ပြည့်လာပြီဆိုတည်းက ဆီးသွားချင်နေပြီဆိုတဲ့ အာရုံကြောအချက်ပြစနစ်ကို ဆီးအိမ်ကနေ ဦးနှောက်ဆီပို့လွှတ်ပါတယ်။ ဦးနှောက်ကနေ သွားသင့်မသွားသင့်ဆုံးဖြတ်ပြီး အခြေအနေ မပေးသေးလို့ ဆီးကို အောင့်ထားဖို့ ညွှန်ကြားလိုက်တဲ့အါမှာ ဆီးသွားချင်တဲ့အချက်ပေးစနစ်နဲ့ သင့်ဆီးအိမ်ကြွက်သားတို့ စတင်စစ်ခင်းကြပါတယ်။ ဘယ်သူ အနိုင်ရမလဲပေါ့။
  • ဒီလို ဆီးသွားချင်တယ်ဆိုတဲ့ အချက်ပြစနစ်ဟာ သင့်အသက်အရွယ်၊ ဆီးအိတ်အခြေအနေနဲ့ နေ့ခင်းလား ညဘက်လား စတဲ့အချက်တွေ အပေါ်မူတည်ပြီး လူတစ်ယောက်နဲ့တစ်ယောက်မှာ ကွဲပြားမှုရှိပါတယ်။

ကဲ အောင့်ထားတော့ဘာတွေ ဆက်ဖြစ်မလဲ .။ ။

သွားချင်နေရက်နဲ့ မသွားရဘူးလို့ ထိန်းချုပ်ခံလိုက်ရတဲ့ ဆီးအောင့်ထားတာက ဘာဆိုးကျိုးတွေရှိသလဲ။ ။

  • ဆီးသွားရင် နာကျင် – အကြာကြီးထိန်းဆီးထိန်းထားပြီး ဆီးပြန်သွားတဲ့အခါ နာကျင်နေတတ်ပါတယ်။
  • ဆီးလမ်းကြောင်းပိုးဝင်မယ် – ဆီးသွားရင်မဝတာ၊ ဆီးပူတာ၊ ဆီးနောက်တာ၊ ဆီးကျင်တာတွေ ဖြစ်တတ်ပါတယ်။
  • ဆီးတွေ အများကြီးကို အကြာကြီးထိန်းထားရလို့ ကျယ်သွားတဲ့ ဆီးအိတ်က ချက်ချင်းပြန်ပြီးကျုံ့ဖို့ မလွယ်တဲ့အတွက် ဆီးစသွားဖို့ အခက်အခဲ ဖြစ်တတ်ပါတယ်။
  • ဆီးလမ်းကြောင်းက ကြွက်သားတွေ ကြာလာရင် တဖြည်းဖြည်း အားနည်းလာပါတယ်။
  • ဆီးထဲမှာ ပါဝင်တဲ့ စွန့်ပစ်ပစ္စည်းတွေက uric acid တို့ ၊ calciumoxalate တို့လို ကျောက်တည်စေနိုင်တဲ့ ပစ္စည်းတွေဖြစ်တာကြောင့် ဆီးကိုအကြာကြီးအောင့်ထားလေလေ အနည်ကျနိုင်လေလေဖြစ်ပြီး ဆီးကျောက်တည်နိုင်ဖို့အခွင့်အလမ်း ပိုများနိုင်ပါတယ်။ ။
  • နောက်ဆုံး အနေနဲ့ အရှားပါးဆုံးဖြစ်တဲ့ ဆီးအများကြီးထိန်းထားရတဲ့ ဆီးအိမ်ကြီးကွဲသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီအတိုင်းဆိုရင်တော့ ဆီးအိမ်ကွဲတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ကိုယ့်က ဆီးအောင့်ထားတဲ့အချိန်မှာ ဆီးအိမ်ကို တစ်ခုခု ထိခိုက်တာမျိုးတွေ ဖြစ်သွားခဲ့ရင်တော့ ဆီးအိမ်ကွဲ သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ။

ကဲ ဒီတော့ ကိုယ်ခန္ဓါရဲ့ စွန့်ပစ်ပစ္စည်းဖြစ်တဲ့ ဆီးကို လုံးဝကို မတတ်သာတဲ့ အချိန်မျိုးရောက်မှသာ အောင့်ထားသင့်တယ်နော်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.medicalnewstoday.com/articles/321408.php

Accessed Date 6.2.1209

https://www.healthline.com/health/holding-pee#other-complications

Accessed Date 6.2.1209

https://www.sciencealert.com/what-happens-when-you-hold-in-pee-science-2017

Accessed Date 6.2.1209

 

 

 

ယခုပုံစံ

19/09/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသားများ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

ဆီးက ပြောပြနေတဲ့ သင့်ကျန်းမာရေး ။ ။



Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement