ရုတ်တရက်ကျောက်ကပ်ပျက်စီး တယ်ဆိုတာ ကျောက်ကပ်က ရုတ်တရက် သူ့အလုပ်ကို မလုပ်နိုင်တော့တာပါ။ နည်းနည်းပျက်စီးတာလဲဖြစ်နိုင်သလို လုံးဝအလုပ်မလုပ်နိုင်တာလဲ ဖြစ်ပါတယ်။ ရုတ်တရက်ကျောက်ကပ်ပျက်စီး တာက ကျောက်ကပ်ကိုယ်တိုင်မကောင်းတာကြောင့်ဖြစ်နိုင်သလို တခြားအကြောင်းအရင်းတစ်ခုကြောင့် ကျောက်ကပ်မှာ နောက်ဆက်တွဲလာထိတာလည်း ဖြစ်နိုင်ပါတယ်။ ဒါက အသက်ကြီးပြီးရောဂါအခံတစ်ခုခုရှိတဲ့သူတွေ၊ နဂိုတည်းက ကျောက်ကပ်မကောင်းတဲ့သူတွေမှာပိုဖြစ်တတ်ပါတယ်။ ရုတ်တရက်ကျောက်ကပ်ပျက်စီးတာက မြန်မြန်သိ မြန်မြန််ကုနိုင်ရင် ပိုကောင်းပါတယ်။ မကုနိုင်ရင် ကိုယ်ထဲမှာ ဓာတ်ဆားတွေ၊ အညစ်အကြေးတွေပုံလာပြီး တခြားအင်္ဂါအစိတ်အပိုင်းတွေကိုပါ ထိခိုက်လာမှာပါ။ ကျောက်ကပ်လုံးဝအလုပ်မလုပ်တော့ရင်တော့ ကျောက်ကပ်ဆေးရမှာပါ။ မဟုတ်ရင် အသက်အန္တရာယ်ရှိပါတယ်။
ကျောက်ကပ်ကို သွေးကောင်းကောင်းမလျှောက်စေတဲ့အကြောင်းတွေကတော့
ကျောက်ကပ်ကို တိုက်ရိုက်ထိခိုက်စေတဲ့ အကြာင်းတွေကတော့
ဆီးတွေအပြင်ကိုမထွက်နိုင်ဘဲ ကျောက်ကပ်မှာပြန်ပုံနေစေတဲ့ အကြောင်းတွေကတော့
တစ်ခါတစ်လေဘာလက္ခဏာမှမပြဘဲ သွေးစစ်လိုက်မှသိတာမျိုးလည်းရှိပါတယ်။
ဘယ်သူတွေပိုဖြစ်နိုင်လဲ။
ဘယ်လိုကုသကြမလဲ။
ရုတ်တရက်ကျောက်ကပ်ပျက်စီးတဲ့သူတွေက ဆေးရုံတက်ပြီး ကုသမှုခံယူရမှာပါ။ ဆေးရုံတက်ပြီး
-
-
- ကျောက်ကပ်ပျက်စီးစေတဲ့ အကြောင်းရင်းတွေကို ရှာရပါမယ်။
- ဆေးကုသနေချိန်၊ ဖြစ်ရတဲ့အကြောင်းရင်းကို ရှာဖွေချိန်မှာ နောက်ဆက်တွေမဖြစ်အောင်လို့ကုသပေးရပါမယ်။ ဥပမာပြောရရင်
-ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ရေပမာဏကို သေချာတွက်ချက်ပေးရပါမယ်။ နည်းရင် ကျောက်ကပ်ကို ပိုပျက်စီးစေပြီး များရင်လည်း ပိုဖော ပိုမောလာမှာပါ။
-သွေးတွင်းပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်ဓာတ်ကို ထိန်းထားရပါမယ်။
-လိုအပ်ရင်ကျောက်ကပ်ဆေးပြီး သွေးထဲက အညစ်အကြေးတွေကို ဖယ်ထုတ်ပစ်ရပါမယ်။
ဘယ်လိုကာကွယ်ကြမလဲ။
ဘယ်တော့ကျေက်ကပ်ပျက်မလဲဆိုတာ ဘယ်သူမှမပြောနိုင်ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ချေနည်းအောင်လို့
-
- အကိုက်အခဲပျောက်ဆေးတွေကို အလွန်အကျွံမသောက်ပါနဲ့။ အထူးသဖြင့် နဂိုတည်းက ကျောက်ကပ်မကောင်းတဲ့သူတွေ၊ ဆီးချို၊ သွေးတိုးရှိတဲ့သူတွေက ပိုပြီးသတိထားသင့်ပါတယ်။
- တကယ်လို့ သင့်မှာ တခြားနာတာရှည်ရောဂါတစ်ခုခုရှိနေတယ်ဆိုရင် ဆရာဝန်နဲ့ပြသပြီး သေချာကုသပါ။
- ကျန်းမာတဲ့ နေထိုင်မှုပုံစံရှိပါစေ။ (ဥပမာ လှုပ်လှုပ်ရှားရှားနေပါ။ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားပါ။ အရက်လျှော့သောက်ပါ။)