backup og meta

အရေပြား အရောင်ရင့်လာခြင်းကို ဘယ်လို ကာကွယ် ကုသမလဲ

အရေပြား အရောင်ပြောင်းလဲခြင်းတွင် ပိုမိုရင့်လာခြင်း နှင့် ပိုနုလာခြင်း ဟူ၍ရှိပါသည်။ အရေပြား အရောင်ရင့်လာခြင်း ဆိုသည်မှာ အရေပြားတွင်းရှိ မယ်လနင်ဟုခေါ်သော ရောင်ခြယ်ပစ္စည်း များလာပြီး အသားအရေ မဲလာပါမည်။ သို့သော် တစ်ကိုယ်လုံး တစ်ပြေးညီ ဖြစ်မည် မဟုတ်ဘဲ ယင်းရောင်ခြယ်ပစ္စည်း များများရှိသော နေရာတွင် ပိုဖြစ်ပါမည်။ ဤသို့ ရောင်ခြယ်ပစ္စည်းများ များပြားလာ ခြင်းမှာ နေရောင်ခြည်နှင့် ထိတွေ့ခြင်း၊ မတည့် သော အလှ ကုန်များ သုံးစွဲမိခြင်းနှင့် မတည့်သော ဆေးများ သုံးစွဲမိခြင်း တို့ကြောင့် ဖြစ်နိုင်ပါသည်။

အရေပြား အရောင်ရင့်လာခြင်းကို ဘယ်လို ကာကွယ် ကုသမလဲ

လူအများစုသည် အသားအရည် အရောင်ပြောင်းလဲခြင်းကို စိတ်ပူကြပါသည်။ တချို့မှာ အစက်အပြောက်လေး တစ်ခု ပင် မရှိစေလို ကြချေ။ ထိုသို့ ပြီးပြည့်စုံသော အရေပြားကို ရရှိနိုင်ရန်အတွက် အောက်ပါ အချက်များကို လိုက်နာရန် လိုအပ်ပါသည်။

၁။ နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှု့ကို ရှောင်ပါ

အရေပြား ဆရာဝန်များ၏ ပြောပြချက်အရ လူငယ်များသည် အရေပြား အရောင်ပြောင်းလဲခြင်းကို စိုးရိမ်ကြပြီး အလျင်အ မြန် ပြန်ကောင်းလိုကြပါသည်။ ထိုသို့ဖြစ်ခြင်းကို ကာကွယ် ရန် နေရောင်ခြည်နှင့် တိုက်ရိုက် မထိရပါ။ နေလောင်ခံ လိမ်း ဆေးများ လိမ်းရပါမည်။ နေရောင်ခံ လိမ်းဆေးများသည် ကြားခံအနေဖြင့် ရှိနေခြင်းကြောင့် ကောင်းမွန်သော အသား အရည်ကို ရရှိစေပါသည်။ နေရောင်ခံ လိမ်းဆေးတွင် အနည်းဆုံး SPF 30 ပါဝင်သော လိမ်းဆေးများ ကိုသာရွေးချယ်ရပါမည်။ ထိုလိမ်းဆေးများကို အပြင်မ ထွက်မိ အနည်းဆုံး မိနစ် ၂၀ကြို၍ လိမ်းထားရပါမည်။

hydroxy quinone၊ tretinoin၊ topical steroids၊ alpha hydroxy acid၊ azelic acid နှင့် kojic acid စသည်တို့ ပါသော လိမ်းဆေးများကို ရွေးချယ်ရပါမည်။ ယင်းလိမ်းဆေးကို ညအခါတွင် လိမ်းပြီး နေ့တွင် နေရောင်ခံလိမ်းဆေးများကို လိမ်းရပါမည်။ ထိုနည်းတူ ဓါတ်တိုးဆန့်ကျင် ပစ္စည်းများ ကိုပါ တွဲဖက်သုံးစွဲခြင်းဖြင့် အရောင်ပြောင်းခြင်းကို လျော့ချ နိုင်ပါသည်။ အကယ်၍ အရေပြား အရောင်ပြောင်းလဲခြင်းမှာ မသက်သာပါက အရေပြား ဆရာဝန်နှင့် တိုင်ပင်ပြီး အရေပြား ကုသမှု့များလည်း ခံယူနိုင်ပါသည့်အပြင် အရေပြားကို နေ့စဉ် သန့်စင်ပေးခြင်း၊ အစားအသောက် ဂရုစိုက်ခြင်းဖြင့်လည်း သက်သာစေနိုင်ပါသည်။

၂။ အရေပြားကို ပြန်လည်အားဖြည့်ပါ။

သင်သည် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ခံစားနေရ သည်ဟု ထင်ပါက သင့်အရေပြားကို အောက်ပါ အချက်များ ဖြင့် ပြန်လည် အားဖြည့်စေပါ။

  • သင့်အသုံးပြုနေသော အလှကုန်များတွင် ဆဲလ်အ သေများကို ဖယ်ရှားပေးနိုင်သော အာနိသင် ပါပါစေ
  • အရေပြား အတွင်းလွာမှ ဆဲလ်အသစ်များ ထွက်ပေါ် ရန် လှုံဆော်ပေးသော အလှကုန်များကို အသုံးပြုပါ
  • ဓါတ်တိုဆန့်ကျင်ပစ္စည်းများ ပါသော အလှကုန်များ ရွေးချယ်ခြင်းဖြင့် သင့်အရေပြားဆဲလ်များ ပြန်လည် ပြပြင်ပေးပြီး အိုမင်းခြင်း ကို လျော့ချစေပါ
  • အရေပြားသို့ သွေးစီးဆင်းမှု့ ကောင်းပါစေ
  • အရေပြား အလွာအားလုံးကို ရေနှင့် အဟာရ ပြန်လည် ဖြည့်တင်းနိုင်သော အလုကုန်များ အစားအစားမျာကို အသုံးပြုပါ။

၃။ အရေပြားကို နေ့စဉ် ဂရုစိုက် ထိန်းသိမ်းပါ။

သင့်အရေပြားကို နေရောင်ခြည် ဒဏ်မှကာကွယ်နိုင်ရန် အတွက် အရေပြားအတွင်းထဲထ ကာကွယ်မှု့ ပေးနိုင်သော နေရောင်ခံ လိမ်းဆေးများနှင့် အသားဖြူဆေးများကို အသုံး ပြုပါ။ ထို့ပြင် အောက်ပါ အချက်အလက်များကို အသားအ ရေကို ထိန်းသိမ်းရာတွင် ဂရုပြုပါ။

  • ဝက်ခြံနှင့် အခြားအဖုများကို ကုတ်ခြစ်ခြင်း၊ ညှစ်ခြင်း၊ ဖဲ့ထုတ်ခြင်းကို ရှောင်ကြည်ပါ
  • အိပ်ရာမဝင်မီ မျက်နှာ သန့်စင်ဆေး အပျော့များကို အသုံးပြုပါ။ မျက်နှာကို ဖြူဖွေးစေသည်ဟု ကြော်ညာ ထားသော ဈေးကြီးသန့်စင်ဆေးရည်များ မလိုအပ်ပါ။ အဘယ့်ကြောင့်ဆိုသော မျက်နှာသစ်သော အချိန်ခဏ အတွင်းတွင် ယင်းပစ္စည်းများ၏ အာနိသင်ပြရန် အချိန် မလုံလောက်ပါ။ ပွတ်တိုက်ခြင်းသည် အမဲစက်များကို ပိုဖြစ်စေသဖြင့် မျကနှာသစ်ပြီးနောက် ပဝါဖြင့် မျက်နှာ ကို မပွတ်ရပါ။ ရေစုပ်အားကောင်းသော ပဝါကို အသုံး ပြုခြင်းနှင့် မျက်နှာကို ဖိ၍သုတ်ခြင်းသာ ပြုလုပ်ပါ
  • ရေဓါတ်အားဖြည့်စေသော အလှကုန်များကိုသာ ရွေးချယ်ပါ။ ယင်းအလှကုန်များကို သေချာအသားထဲ စိမ့်ဝင်စေရန် လိမ်းပါ
  • သင့်အရေပြားသည် ခြောက်သွေ့လွန်းခြင်း၊ ထိခိုက် လွယ်ခြင်း၊ အိုမင်းရင့်ရော်ခြင်းများ ဖြစ်နေပါက တစ် ပတ်လျင် တစ်ကြိမ်မှ နှစ်ကြိမ်၊ အဆီပြန်ခြင်း ရှိပါက တစ်ပတ် လျင် နှစ်ကြိမ်မှ သုံးကြိမ် အရေပြား ကြေး ချွတ်သန့်စင်ပါ

ဤအကြောင်းအရာများသည် အရေပြား အရောင်ရင့် လာခြင်းနှင့် ပတ်သက်ပြီး မပြည့်စုံသေးသော်လည်း သင့်အတွက် တန်ဖိုးရှိသော အချက်အလက်များ ရရှိသွားမည်ဟု မျော်လင့်ပါသည်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

HOW TO PROPERLY TREAT AND PREVENT HYPERPIGMENTATION. http://www.zotheysay.com/how-to-properly-treat-and-prevent-hyperpigmentation/ Accessed on April 4, 2017.
Skin Health: How To Prevent And Control Hyperpigmentation
http://www.indiatimes.com/health/healthyliving/skin-health-how-to-prevent-and-control-hyperpigmentation-238685.html Accessed on April 4, 2017.

ယခုပုံစံ

11/05/2020

Dr. Ye Mhan Linn မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Collagen ဆုံးရှုံးမှုကို ကာကွယ်ဖို့ မွေးမြူရမယ့် အလေ့အထကောင်းလေးများ

နှင်းခူ အမျိုးအစား ဘယ်နှမျိုးရှိသလဲ၊ ဘယ်လိုကုသနိုင်သလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Ye Mhan Linn မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/05/2020 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။