backup og meta

Skin care တွေ သုံးနေပေမယ့် ဘာကြောင့် ထူးခြားမလာရတာလဲ

အသားအရေ လှပတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေနိုင်တဲ့ အရာ တစ်ခုပါ။ ဒီလို အသားအရေ လှပစေဖို့အတွက် အခုနောက်ပိုင်းမှာ အမျိုးသားတွေရော အမျိုးသမီးတွေရော အသက်အရွယ်တိုင်းပါ အသားအရေကို ထိန်းသိမ်းလာကြပါတယ်။ ဒီလို အသားအရေ ထိန်းသိမ်းတဲ့အခါ skin care အမျိုးမျိုးကို အသုံးပြုကြပါတယ်။ ဒါပေမယ့် အရမ်းကောင်းတယ်ဆိုတဲ့ skin care တွေကို သုံးပေမယ့်လည်း အခြားသူတွေလိုမျိုး သိသိသာသာ ရလဒ် မရလို့ Skin care တွေ သုံးနေပေမယ့် ဘာကြောင့် ထူးခြားမလာရတာလဲ ဆိုပြီး တွေးနေမိသူလေးတွေ ရှိလား! ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ 

Skin care တွေ သုံးနေပေမယ့် ဘာကြောင့် ထူးခြားမလာရတာလဲ

Skin care တွေက ကိုယ်နဲ့ကျမှ ဘာလို့ effective မဖြစ်ရတာလဲဆိုတော့ ဒီအချက်လေးတွေကြောင့်ပါနော်။ ကိုယ်တိုင်ရော လုပ်မိနေသေးလားဆိုတာကို လေ့လာလိုက်ရအောင်နော်။

အစီအစဉ် မှန်မှန် အသုံးမပြုမိတာ

အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေကို သုံးတဲ့အခါမှာလည်း အစီအစဉ် မှန်မှန်လေး သုံးပေးဖို့ လိုပါမယ်။ ဒီလို အစီအစဉ်တွေကို ကျနမှန်ကန်အောင် အသုံးမပြုရင် အရေပြား စုပ်ယူမှုကို ‌အနှောင့်အယှက်ဖြစ်ပြီး ထင်သလောက် အာနိသင်ရမှာ မဟုတ်ပါဘူး။ အကြမ်းအားဖြင့်တော့ အရည် အကျဲကနေ အပျစ်ကို လိမ်းရပါတယ်။ 

မနက်ပိုင်းမှာဆိုရင်

ညဘက်ဆိုရင်လည်း

  • မိတ်ကပ်ဖျက်ဆေး
  • မျက်နှာသစ်ဆေး
  • Toner
  • Serum
  • Moisturizer
  • Eye cream စသဖြင့် အဆင့်ဆင့်လိမ်းနိုင်ပါတယ်။

ရာသီဥတုအလိုက် မသုံးမိတာ

ရာသီဥတု အခြေအနေ ပြောင်းလဲမှုကို လိုက်ပြီး အသားအရေရဲ့ လိုအပ်ချက်က ပြောင်းလဲနိုင်ပါတယ်။ ဥပမာ ဆောင်းရာသီဆိုရင် အသားပိုခြောက်တာကြောင့် အစိုဓာတ်ကို ကြာကြာထိန်းပေးနိုင်တဲ့ moisturizerကို ပြောင်းပြီး သုံးပေးသင့်ပါတယ်။ 

ဆဲလ်သေတွေကို မဖယ်ရှားမိတာ

မျက်နှာသစ်ဆေးနဲ့ သစ်ရုံပဲဆိုရင် မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားမိမှာ မဟုတ်ပါဘူး။ ဒါကြောင့် မျက်နှာပေါ်က ဆဲလ်သေတွေကို အနည်းဆုံး တစ်ပတ် တစ်ကြိမ်လောက် အနည်ဆုံး ဖယ်ရှားပေးပါ။ ဒီနေရာမှာ အသားအရေ အမျိုးအစားကို လိုက်ပြီး ဆဲလ်သေတွေကို ဖယ်ရှားရမယ့် အကြိမ်ရေလည်း ကွာခြားနိုင်ပါတယ်။ 

  • ပုံမှန် အသားအရေ နဲ့ ခြောက်သွေ့အသားအရေ၊ ထိခိုက်လွယ်အသားအရေ အမျိုးအစားဆိုရင် တစ်ပတ်ကို ၁ ကြိမ်ကနေ ၂ ကြိမ်
  • ပေါင်းစပ် အသားအရေ နဲ့ အဆီပြန်တတ်တဲ့ အသားအရေ ဆိုရင်တော့ တစ်ပတ်ကို ၂ ကြိမ်ကနေ ၃ ကြိမ် ဆဲလ်သေတွေကို ဖယ်ရှားပေးဖို့ လိုပါမယ်။

အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေကို မှားယွင်းသုံးစွဲနေတာ

Skincareတွေမှာ အတူတွဲသုံးသင့်တဲ့ ပစ္စည်းတွေ၊ တွဲမသုံးသင့်တဲ့ ပစ္စည်းတွေ ရှိပါတယ်။ တွဲမသုံးသင့်တာကို တွဲသုံးမိရင် အချင်းချင်း ဓာတ်ပြုပြီး အသားအရေအတွက် ထူးခြားမှု ရှိမှာ မဟုတ်ပါဘူး။ ပိုဆိုးရင်  အရေပြားပျက်စီးတာပါ ဖြစ်နိုင်ပါတယ်။

ဥပမာ Retinolကို AHA, BHAတွေနဲ့ တွဲသုံးရင် အသားပိုခြောက်တာ၊ စပ်ဖျင်းဖျင်း ဖြစ်တာတွေ ဖြစ်တတ်ပါတယ်။ AHA, BHAလိမ်းပြီးရင် moisturizer သေချာ ပြန်လိမ်းရပါတယ်။ ဒီလိုပဲ Retinol လိမ်းပြီး နောက်ရက်ကျရင် Sunscreenလိမ်းဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ Retinol က နေရောင်နဲ့ တွေ့တဲ့အခါ အလိုလို ဓာတ်ပြယ်တတ်လို့ပါ။

ဒီလိုမျိုးအချက်တွေကို မလိုက်နာဘူးဆိုရင် အမျိုးအစား စုံအောင် သုံးနေသည့်တိုင် အသားအရေက ထူးခြားလာမှာ မဟုတ်ပါဘူး။

အချိန် လိုအပ်နေတာ

အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေက အခုလိမ်း အခုကောင်းတာ မဟုတ်ပါဘူး။ အချိန်အတိုင်းအတာ  တစ်ခုပေးရပါတယ်။ ဥပမာ AHA, BHA, vitamin Cဆိုရင် ၁လကနေ ၃လဝန်းကျင်လောက်မှစပြီး သိသာတာပါ။ Retinol ဆိုရင် ၆လလောက် စောင့်ရပါတယ်။ ဒါတောင် ပုံမှန်လိမ်းဖို့ လိုပါသေးတယ်။

လိမ်းလိုက် မလိမ်းလိုက်ဆိုရင် အာနိသင် ကောင်းကောင်းရမှာ မဟုတ်ပါဘူး။

# အမှာစကား

တစ်ခု သတိပေးချင်တာက အသားအရေ အမျိုးအစားကို လိုက်ပြီး မှန်ကန်အောင် skin care ကို သုံးမိမှလည်း အသားအရေက ကျန်းမာလှပလာမှာ ဖြစ်သလို အသားအရေ ကျန်းမာလှပစေဖို့ skin care တွေကို  သုံးရာမှာလည်း အချိန်ပေးဖို့ လိုမယ်ဆိုတာ သတိရပါ။ 

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

https://dermatologymohsinstitute.com/how-to-know-if-your-skincare-routine-is-working/ Accessed Date 7 July 2023

https://pubmed.ncbi.nlm.nih.gov/35051810/ Accessed Date 7 July 2023

https://www.aad.org/public/everyday-care/skin-care-basics/care/apply-skin-care-certain-order Accessed Date 7 July 2023

https://www.aad.org/public/everyday-care/skin-care-secrets/routine/safely-exfoliate-at-home  Accessed Date 7 July 2023

https://health.clevelandclinic.org/guide-to-facial-acids/ Accessed Date 7 July 2023

ယခုပုံစံ

05/10/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Royal Jelly နဲ့ အသားအရေ ကျန်းမာရေး

Retinol ကပေးတဲ့ အသားအရေ ကောင်းကျိုးများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/10/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement