backup og meta

အသားအရေအတွက် ကောင်းမွန်တဲ့ skincare တွေထဲက ဗီတာမင် C

အသားအရေလေးကို အမဲစက်တွေ ကင်းပြီး ကြည်ကြည်လင်လင်လေး လှပစေချင်တာ လေဒီလေးတိုင်းရဲ့ စိတ်ကူးအိပ်မက်ပါ။ မိတ်ကပ်ပြင်ရတာကို နှစ်ခြိုက်တဲ့ လေဒီလေးတွေရှိပေမယ့် အချို့ လေဒီလေးတွေကတော့ skincare ကောင်းကောင်းလုပ်ထးတဲ့ မူလ အသားအရေ ကြည်ကြည်လင်လင်လေးပေါ်မှာ sunscreen လေးလောက် လိမ်းပြီး နေ့စဉ်ဘဝမှာ သွားလာ လှုပ်ရှားနေရတာကို သဘောကျတတ်ကြပါတယ်။

စစ်တမ်းတွေအရလည်း အမျိုးသားတွေက မိတ်ကပ်ပြင်ဆင်ထားတဲ့ မိန်းကလေးတွေထက် အသားအရေကောင်းတဲ့ မိတ်ကပ်မလိမ်းခြယ်ထားတဲ့ လေဒီလေးတွေကို ပိုသဘောကျတတ်​ကြပါသတဲ့။

အသားလေးကို ကြည်လင်ဝင်းပနေစေမယ့် လျှို့ဝှက်ချက်တစ်ခု

လေဒီလေးတွေရဲ့ အသားအရေကို အနာအဆာကင်းစွာနဲ့ ကြည်ကြည်လင်လင် လှပစေမယ့် အရာလေးတစ်ခုရှိပါတယ်။ ဒါကတော့ ဗီတာမင် C ပါ။ ဗီတာမင် C ကို ကိုယ်ခံအား ဗီတာမင်လို့ သိကြပေမယ့် အလှအပအတွက်လည်း တကယ်ကို ထောက်ကူပေးပါတယ်။

ဗီတာမင် C နဲ့ အသားအရေ

ဗီတမင် C ကို အရေပြားရဲ့ အပေါ်ယံလွှာမှာ တွေ့ရနိုင်သလို အတွင်းလွှာမှာလည်း တွေ့ရပါတယ်။ ဗီတာမင် C က ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိသလို  ကင်ဆာတိုက်ဖျက်ပေးပြီး အရေပြား ကျန်းမာစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

ဗီတာမင် C က အသားအရေ ထိန်းသိမ်းမှုပစ္စည်းတွေ အများစုမှာ မပါမဖြစ်ပါဝင်နေတဲ့ ပါဝင်ပစ္စည်းလေးတစ်မျိုးပါ။ ဗီတာမင် C က အသားအရေကို

  • အရွယ်တင်နုပျိုစေတယ်
  • နေရောင်ဒဏ်ကြောင့်ဖြစ်တဲ့ နေလောင်ဒဏ်ကနေလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်တယ်
  • အသက်အရွယ်​ကြောင့်ဖြစ်တဲ့ အစက်အပြောက်တွေကို သက်သာစေနိုင်တယ်
  • အရေပြားပေါ်က အနာတွေကို ကျက်စေနိုင်တယ်
  • အရေပြားဆဲလ်တွေ အသစ်ဖြစ်ပေါ်စေတယ်
  • အရေပြားကို ခြောက်သွေ့မှု ကင်းစေတယ်
  • ဝက်ခြံသက်သာစေတယ်
  • ဝက်ခြံအမာရွတ်တွေကို သက်သာစေတယ်
  • အရေပြားကို ကြည်လင်စေတယ်
  • ညစ်ညမ်းမှုတွေကနေ ကာကွယ်ပေးတယ်။

အသားအရေလှပစေဖို့အတွက် ဗီတာမင် C ကြွယ်ဝတဲ့ သံပုရာသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ဂရိတ်ဖရုစ် စတာတွေကို စားပေးလို့ရသလို နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးမယ့် ဗီတာမင် C ကို Skincare လိမ်းပေးတာကနေတဆင့်လည်း ရယူလို့ရပါတယ်။ ဒီလို skincare ကနေတဆင့် ဗီတာမင် C ကို ရယူမယ်ဆိုရင် သတိထားရမှာလေး တစ်ချက်က သဘာဝ ဗီတာမင် C စစ်စစ် ဖြစ်ဖို့ပါ။ (ဥပမာ လိမ္မော်သီးကနေ ထုတ်ထားတာမျိုးပါ)

ဗီတာမင် C ကို ပုံမှန်စားဖြစ်ဖို့က ခက်ခဲနိုင်တာကြောင့် အသားအရေကို ထိခိုက်မှုနည်းစေပြီး ​ကြည်လင်ဝင်းပတဲ့ အသားအရေကို ရရှိနိုင်စေဖို့ နေ့စဉ် ဗီတာမင် C ပါတဲ့ အသားအရေထိန်းပစ္စည်းကို သုံးပေးတာက ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ ဗီတာမင် C က အသားအရေရဲ့ အာဟာရလို့ပြောရမယ့် ကော်လာဂျင်ထွက်ရှိစေဖို့လည်း လှုံ့ဆော်ပေးနိုင်ပါတယ်။

ဗီတာမင် C နဲ့ သတိပြုစရာ အချက်လေးများ

အသားအရေအတွက် ဗီတာမင် C ကို အသုံးပြုတဲ့အခါ ထိရောက်စေဖို့ ဒီအချက်လေးတွေကို သိထားဖို့လိုပါမယ်။

  • ဗီတာမင် C ကို လိမ်းတဲ့အခါ ညဘက် (နေရောင်နဲ့ မထိတွေ့မိနိုင်တော့တဲ့အချိန်) မှာ လိမ်းတာ အကောင်းဆုံးပါ။
  • ဗီတာမင် C ကို နေ့တိုင်း လိမ်းပေးဖို့ လိုပါမယ်။ ဒါမှ ရလဒ် ကောင်းကောင်းထွက်မှာပါ။
  • ဗီတာမင် C ပါတဲ့ skincare တစ်ခုခု လိမ်းပြီးတိုင်း နေလောင်ကာခရင်မ် လိမ်းပေးပါ။
  • ဗီတာမင် C ပါတဲ့ skincare ကို အေးမြခြောက်သွေ့ပြီး နေရောင်နဲ့ တိုက်ရိုက်မကျတဲ့နေရာမှာ သိမ်းပါ။

အသင့်တော်ဆုံးဖြစ်မယ့် ဗီတာမင် C ပါဝင်မှု ပမာဏ

ဒီအချက်တွေ အားလုံး ပြည့်စုံပြီဆိုရင် သတိထားရမှာလေး တစ်ခု ကျန်ပါသေးတယ် ဒါကတော့ အသားကြည်ချင်လို့ဆိုပြီး ဗီတာမင် C ပါတဲ့ skincare  သုံးတဲ့အခါ ဗီတာမင် C များများပါရင် ပိုထိရောက်မယ်ဆိုတဲ့ အတွေးပါ။ တကယ်ကတော့ အသားအရေ ကြည်လင်ပြီး ပြစ်မျိုးမှဲ့မထင် အလှမျိုး ပိုင်ဆိုင်ဖို့ဆိုရင် ဗီတာမင် C ပမာဏ ၁၀ ရာခိုင်နှုန် ကနေ ၂၀ ရာခိုင်နှုန်ကြားကို​ ရွေးချယ်ဖို့ လိုပါမယ်။

ဗီတာမင် C ပါဝင်မှု ၈ ရာခိုင်နှုန်းကျော်ကအသင့်တော်ဆုံး အခြေအနေပါ။ ဒီလိုဆိုတာနဲ့ ပိုများရင် ကောင်းတယ်ဆိုပြီး ၂၀ ရာခိုင်နှုန်းနဲ့အထက်ကို မရွေးဝယ်ပါနဲ့။ ၂၀ ရာခိုင်နှုန်းနဲ့အထက် ဖြစ်နေမယ်ဆိုရင် အသားအရေကို ကျိန်းစပ်စေတာ၊ ဓာတ်မတည့်တာတွေဖြစ်စေနိုင်တာကြောင့် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများသွားနိုင်ပါတယ်။

ကဲ…. နည်းစနစ်မှန်မှန်လေးနဲ့ ဗီတာမင် C ပါတဲ့ skincare သုံးပြီး glow လိုက်ရအောင်လား လေဒီလေးတို့ရေ…။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

top 3 benefits of vitamin c for skin https://www.dermalogica.com/blogs/living-skin/top-3-benefits-of-vitamin-c-for-skin Accessed Date 21 December 2020

DOS AND DON’TS OF USING VITAMIN C IN YOUR SKINCARE ROUTINE https://www.bebeautiful.in/all-things-skin/everyday/dos-and-donts-of-using-vitamin-c Accessed Date 21 December 2020

ယခုပုံစံ

14/02/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပိုးကောင်ကိုက်လို့ ယားယံတာကို သက်သာစေဖို့

ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/02/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement