backup og meta

အံ့သြစရာကောင်းလောက်တဲ့ Vaseline ရဲ့ အသုံးဝင်ပုံများ

Vaseline လို့ ဆိုလိုက်တာနဲ့ အဖုံးအပြာလေးနဲ့ ဗူးလေးကို မျက်စိထဲ မြင်ယောင်မိကြမှာပါ။ Vasline မှာ အလှအပအတွက် ကောင်းကျိုးတွေ အများကြီး ရှိနေတဲ့အပြင် တော်တော်လေးလည်း အသုံးဝင်ပါတယ်။ ပျိုပျိုမေလေးတို့ Skin care တွေ အများကြီး ဆောင်စရာမလိုဘဲ Vaseline လေး ရှိနေရင်ကို အဆင်ပြေနေပြီနော်။ အံ့သြစရာကောင်းလောက်တဲ့ Vaseline ရဲ့ အသုံးဝင်ပုံများ ကို ပြောပြမယ်နော်။

အံ့သြစရာကောင်းလောက်တဲ့ Vaseline ရဲ့ အသုံးဝင်ပုံများ

Vaseline ဟာ mineral အဆီနဲ့ ဖယောင်းတွေ ပါဝင်တဲ့ တစ်ရာ ရာခိုင်နှုန်းသော petroleum jelly နဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး အသားအရေအတွက် ကောင်းဖို့အတွက် အဓိက ပစ္စည်းတစ်မျိုးပါ။ အံ့သြစရာကောင်းလောက်တဲ့ Vaselineရဲ့ အသုံးဝင်ပုံများ ကတော့

  • လက်သည်းပန်းကုံး ခြောက်သွေ့တာ သက်သာစေနိုင်တယ်

ရေကိုင်ရတာ များလို့ဖြစ်ဖြစ် လက်ခဏခဏ ဆေးတာကြောင့်ဖြစ်ဖြစ် လက်သည်းပန်းကုံးတွေ ခြောက်သွေ့ကွဲအက်နေတာကို သက်သာစေဖို့ဆိုရင်လည်း vaseline ကို အသုံးပြုပေးလို့ ရပါတယ်။ ရာသီဥတုဒဏ်ကြောင့် လက်သည်းပန်းကုံးတွေ ခြောက်သွေ့ကွဲအက်တာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

ဆပ်ပြာမှုန့်လိုမျိုး ဓာတုပစ္စည်းတွေကြောင့် လက်သည်းပန်းကုံး ထိခိုက်တာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

  • ခြေဖနောင့် အသားမာတက်တာကို သက်သာစေနိုင်တယ်

ခြေဖနောင့်မှာ ဆဲလ်သေတွေ များပြီး အသားမာတက်တာ ခြေဖနောင့်တွေ ကွဲအက်တာကို သက်သာစေဖို့ အကောင်းဆုံး အိမ်တွင်းကုထုံးနည်းလမ်း တစ်ခုရှိပါတယ်။ ဒါကတော့ ညဘက် အိပ်ရာမဝင်ခင် ခြေဖနောင့်ကို Vaseline လိမ်းအိပ်တာပါ။

Vaseline မလိမ်းခင်မှာ ခြေထောက်ကို ရေနွေးနွေးလေးနဲ့ စိမ်ပြီး ၁၀ မိနစ်လောက် ဆဲလ်သေတွေ ကွာကျအောင် ပွတ်တိုက် နှိပ်နယ်ပေးပါ။ ပြီးရင် ခြောက်သွေ့အောင် သုတ်ပေးဖို့ မမေ့ပါနဲ့။ လိမ်းပြီးပြီဆိုရင်တော့ ခြေစွပ်လေး စွပ်ပြီး အိပ်လိုက်ပါ။

  • နှုတ်ခမ်းကွဲတာ သက်သာစေနိုင်တယ်

နှုတ်ခမ်းသားတွေ ခြောက်သွေ့ကွဲအက်တာကို သက်သာစေနိုင်ပါတယ်။ နှုတ်ခမ်းသားကို အစိုဓာတ် ထိန်းပေးပါတယ်။ နှုတ်ခမ်းနီတွေကြောင့် နှုတ်ခမ်းသား ထိခိုက်တာမျိုး မဖြစ်စေဖို့ရော ရာသီဥတုဒဏ်ကြောင့် နှုတ်ခမ်းခြောက်သွေ့ ကွဲအက်တာကို သက်သာစေဖို့ပါ အသုံးပြုပေးလို့ ရပါတယ်။

  • နှင်းခူ သက်သာစေတယ်

Vaseline က နှင်းခူကြောင့် ယားယံတာကို သက်သာစေနိုင်သလို နှင်းခူ လက္ခဏာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ အရေပြား ကျိန်းစပ်တာကိုလည်း သက်သာစေနိုင်ပါတယ်။

  • ဒူး နဲ့ တံတောင်ဆစ်

ဒူး နဲ့ တံတောင်ဆစ်မှာ အရေပြားတွေ ခြောက်သွေ့တာ၊ မည်းတာတွေကို သက်သာစေဖို့အတွက်လည်း Vaseline က အသုံးတည့်ပါတယ်။ မည်းနေတဲ့နေရာတွေကို ရေနွေးနွေးလေးနဲ့ ပွတ်တိုက်ဆေးကြောပေးပါ။ ပြီးရင် ရေခြောက်အောင် သုတ်လို့ Vaseline ကို ခပ်ပါးပါးလေး လိမ်းပေးပါ။ ဒါက ဆဲလ်သေတွေကို ဖယ်ရှားပေးသလို အရေပြားကိုလည်း အစိုဓာတ် ထိန်းပေးပါတယ်။

  • မျက်တောင်

မျက်တောင်ကော့ဆေးတွေ သုံးမိပြီး ဖျက်ရခက်နေတယ် ဆိုရင်တော့ Vaseline လေးကို မျက်တောင်မှာ လိမ်းပြီး ခဏနေမှ တစ်သျှူးစလေးနဲ့ ဖျက်လိုက်ပါ။ မျက်တောင်လေးတွေ ပိုရှည်ဖို့ အထောက်အကူ ပြုပြီး ထူထူလေးလည်း ဖြစ်လာမှာ အသေအချာပါပဲနော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://darklipstips.com/vaseline-petroleum-jelly-for-face.html

http://www.youbeauty.com/beauty/20-surprising-ways-use-vaseline/

http://www.vaseline.us/faq.html

20 Surprising Ways to Use Vaseline

ယခုပုံစံ

16/01/2024

Eaindray Kha မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Skin Care တွေကို နည်းစနစ်ကျကျ ဘယ်လိုသုံးမလဲ

သခွားသီးက ပေးစွမ်းနိုင်တဲ့ အလှအပ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Eaindray Kha မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/01/2024 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement