ဗောဓိညောင်ကို အလှအပအတွက် ရှေးယခင် ကာလတွေကတည်းက အသုံးပြုခဲ့ကြပါတယ်။ ဗောဓိညောင်က ကျန်းမာရေးအတွက် အကျိုးများသလို အလှအပအတွက်လည်း အတော်လေး အထောက်အကူ ပြုပေးနိုင်ပါတယ်။ ဗောဓိညောင်ရဲ့ အရွက်နဲ့ ပင်စည်က အခေါက်ကို အရေပြားရောဂါ တော်တော်များများ အတွက် အသုံးပြုပေးလို့ ရပါတယ်။ ဝက်ခြံ၊ ဆားဝက်ခြံနဲ့ အမည်းစက်တွေ သက်သာစေဖို့လည်း ဗောဓိညောင်ကို အသုံးပြုပေးလို့ ရပါတယ်။
ဗောဓိညောင် ဆိုတာ
ဗောဓိညောင် ဆိုတာက ညောင်ပင်နဲ့ ခပ်ဆင်ဆင် အပင် တစ်မျိုးပါ။ ဒီအပင်က သဖန်းပင်နဲ့ မျိုးရင်းတူပြီး mulberry မျိုးရင်းပင်ဆိုလည်း ဟုတ်ပါတယ်။ အရွက်က ဝိုင်းဝိုင်း ကြီးကြီးနဲ့ ထိပ်ဖျားမှာ ရှည်မြောမြောလေး ရှိပါတယ်။ အရွက်မှာ ရွက်ကြောတွေ ဖြာနေပြီး နုစဉ်မှာ ညီုတိုတို ရှိပြီး ရင့်လာချိန်မှာ အစိမ်းရောင်လေးပါ။
ဗောဓိညောင်ရဲ့ အရွက်တင် အခေါက်၊ ပင်စည်၊ အမြစ် စတာတွေကို အလှအပအတွက် အသုံးပြုပေးလို့ ရပါတယ်။
ဗောဓိညောင်က အလှအပကို ဘယ်လို အားဖြည့်ပေးသလဲ!
ဗောဓိညောင်က အလှအပကို ဘယ်လို အားဖြည့်ပေးသလဲ ဆိုတော့
ဗောဓိညောင်ရဲ့ အခေါက်ကို သွေးပြီးဖြစ်ဖြစ် ဒါမှမဟုတ် အရွက်ကို သန့်စင်အောင်ဆေးပြီး ကြိတ်ပြီးဖြစ်ဖြစ် အရေပြားပေါ်မှာ တိုက်ရိုက်လေး အသုံးပြုပေးလို့ ရပါတယ်။ ဝက်ခြံကို အရောင်ကျစေနိုင်သလို အမာရွတ် မကျန်စေဖို့လည်း လုပ်ဆောင်ပေး ပါတယ်။ ဆားဝက်ခြံတွေကိုရော ဝက်ခြံအမျိုးမျိုးကိုပါ သက်သာစေနိုင်ပါတယ်။
ဝက်ခြံထပ်မဖြစ်အောင် ကာကွယ်ဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။
အရေပြားမှာ ဝက်ခြံကြောင့် ဖြစ်ဖြစ် ထိခိုက်မိတာကြောင့် ဖြစ်ဖြစ် ရောင်ရမ်းနာကျင်တာကို သက်သာစေဖို့ဆိုရင် ဗောဓိညောင်ကို အသုံးပြုပေးလို့ ရပါတယ်။ အခေါက်ကို သွေးလူးတာ ဖြစ်ဖြစ်၊ အရွက်ကို ကြိတ်ပြီး သုံးတာဖြစ်ဖြစ် အသုံးပြုလို့ ရပါတယ်။
အရေပြားပေါ်မှာ ဖြစ်တဲ့ အနာတွေကို သက်သာစေဖို့အတွက်လည်း ဗောဓိညောင်ကို အသုံးပြုပေးလို့ ရပါတယ်။ အနာကို သန့်စင်အောင် ဆေးကြောပြီး အနာတဝိုက်မှာ အခေါက်ကို သွေးလိမ်းပေးတာ၊ အရွက်ကို ကြိတ်ပြီး သတ္တုရည်ကို လိမ်းပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။
- အရေးအကြောင်းတွေ သက်သာစေတယ်
ဗောဓိညောင်ရွက်က အရေပြားပေါ်က အရေးအကြောင်းတွေကို သက်သာစေပြီး အရွယ်တင်စေဖို့လည်း ထောက်ကူပေးပါတယ်။ အသားအရေ တင်းရင်းစေချင်သူတိုင်း အသုံးပြုပေးလို့ ရပါတယ်။
- အကြောပြတ်ရာတွေ သက်သာစေတယ်
ဗောဓိညောင်ရွက်ကို အလှပျက်စေတဲ့ အကြောပြတ်ရာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ အရွက်ကို ကြိတ်ပြီး အကြောပြတ်ရာပေါ်မှာ တိုက်ရိုက် လိမ်းပေးလို့ ရပါတယ်။ အရွက်နုလေးတွေကို စားပေးတာကလည်း နည်းလမ်းကောင်းပါပဲ။
- အရေပြားကွဲအက်တာ သက်သာစေတယ်
ဗောဓိညောင်ရဲ့ နောက်ထပ် အလှအပ ရေးရာ နောက်တစ်ခုကတော့ ဖနောင့်ကွဲတာတွေကို သက်သာစေတာပါ။ အရွက်သတ္တုရည်ကို သုံးလို့ ရသလို ပြုတ်ရည်ကို အသုံးပြုပေးလည်း ရပါတယ်။ အရွက်အဆီအနှစ်နဲ့ ထုတ်ထားတဲ့ ဆပ်ပြာကို သုံးပေးတာကလည်း နည်းလမ်းကောင်း တစ်ခုပါ။
- အရေပြား ယားယံတာကို သက်သာစေတယ်
အရေပြားယားယံတာနဲ့ နှင်းခူလိုမျိုး အရေပြား ပြဿနာတွေကို သက်သာစေဖို့အတွက် ဗောဓိညောင်ကို အသုံးပြုပေးလို့ ရပါတယ်။ အရေပြားပေါ်မှာ အခေါက်သွေးလိမ်းတာ၊ အရွက်နုနုလေးကို ပွတ်ခြေပြီး လိမ်းပေးတာမျိုး လုပ်ပေးလို့ ရသလို သတ္တုရည်ကိုလည်း အသုံးပြုပေးလို့ ရပါတယ်။
အသားအရေကို ကြည်လင်တောက်ပချင်တယ်ဆိုရင် ဗောဓိညောင်ကို အသုံးပြုပေးလို့ ရပါတယ်။ မျက်နှာပေါင်းတင်ဖို့ အတွက် အသုံးပြုပေးလို့ အရွက်သတ္တုရည်ကို ပုံမှန်လေး သုံးပေးတာကလည်း အဆင်ပြေပါတယ်။
သတိပြုရန် အချက်
ဗောဓိညောင်ပင်ကရတဲ့ အခေါက်၊ အရွက်၊ အမြစ်တွေက အရေပြားကို ကျန်းမာစေတယ်ဆိုပေမယ့် လေ့လာမှုတွေ ဆက်လုပ်ဖို့ လိုပါသေးတယ်။ ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်းမရှိတဲ့ အမြစ်၊ အခေါက်တွေကို အရေပြားမှာ တိုက်ရိုက်အသုံးပြုတဲ့အခါ အဆိပ်အတောက်တွေပါ ပါဝင်တတ်တာကို သတိပြုဖို့ လိုပါတယ်။ ဒါကြောင့် ကိုယ့်မှာ ထိခိုက်လွယ်တဲ့အသားအရေရှိရင်၊ အရေပြားရောဂါအခံတစ်ခုခု ရှိနေရင် အသုံးမပြုသင့်ပါဘူး။
သုံးနေရင်းနဲ့ မသက်သာဘူးဆိုရင်လည်း တတ်ကျွမ်းသူနဲ့ ပြသပြီး ဆက်လက်ကုသသင့်ပါတယ်။ အရေပြားပေါ်မှာ အသုံးပြုနေတုန်း ယားယံတာ၊ ရောင်ရမ်းတာ စတဲ့ ဓာတ်မတည့်လက္ခဏာတွေ ပေါ်လာရင် ရေနဲ့ ဆေးချပြီး ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။
[embed-health-tool-bmi]