brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အသားဖြူချင်တယ် ဘာတွေစားရမလဲ ....

အသားဖြူချင်တယ် ဘာတွေစားရမလဲ …. အသားဖြူအောင် ဆိုရင် အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေ သုံးမှ ဖြစ်တာလား။ ဒါမှမဟုတ် အသားဖြူ ပါတယ် ဆိုတဲ့ ကုထုံးတွေကို ခံယူမှ ဖြစ်မှာလား။ ဆေးသောက်မှ ဖြစ်မှာလား။ မဟုတ်ပါဘူး။ အစားအသောက်တွေကို အာဟာရမျှတအောင် စားသုံးမှုကလည်း သင့်ကို အသားဖြူစေနိုင် ပါတယ်။ အစားအသောက်တွေလည်း စားရ အသား ကလည်း ဖြူသေး ဆိုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုတော့ ဘယ်လောက်များ အဆင်ပြေလိုက်လဲ။

အသားဖြူချင်တယ် ဘာတွေစားရမလဲ ....

အသားဖြူအောင်ဘာတွေစားရမလဲ……

အသားဖြူချင်တယ် ဘာတွေစားရမလဲ …. အသားဖြူ စေဖို့ ဆိုရင်တော့ နေ့စဉ် စားသုံးတဲ့ အစားအစာတွေ ထဲမှာ ဒါတွေ ပါအောင် စားသုံးပေးသင့် ပါတယ်။

  • ခရမ်းချဉ်သီး
  • ဖရဲသီး
  • သံပရိုသီး
  • လိမ္မော်သီး
  • သလဲသီး
  • သခွားသီးတို့ပါ။
  • ခရမ်းချဉ်သီး

    အသားအရေ အတွက် အထောက်အကူ ပြုပေးနိုင်တယ် ဆိုတာကို တော်တော်များများ သိထားပြီး ဖြစ်မှာပါ။ သဘာဝ နေလောင်ကာခရင်မ်တစ်မျိုး ဖြစ်ပြီး အသားအရေကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးသလို ကြည်လင်လှပစေ ပါတယ်။

    ဖရဲသီး

    နွေရာသီမှာပဲ ရေငတ် ပြေအောင် စားလို့ ရတာ မဟုတ်ပါဘူး။ အသားဖြူ စေဖို့လည်း စားပေးလို့ ရပါတယ်။ အသားအရေကို ကြည်လင်စေမှာပါ။ ရေဓါတ် ဖြည့်ပေးသလို အဆိပ်အတောက်တွေကိုပါ ဖယ်ရှားပေးနိုင်ပါ သေးတယ်။

    သံပရိုသီး

    ဗီတာမင် C ကြွယ်ဝမှုက အသားအရေကို ကြည်လင်စေပြီး ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင် ပါတယ်။ တစ်နေ့ကို သံပရိုရည် တစ်ခွက် သောက်သုံး ပေးတာက အသားအရေကို ကြည်လင်စေဖို့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်း တစ်ခုပါ။

    လိမ္မော်သီး

    လိမ္မော်သီးမှာ ဗီတာမင် A နဲ့ ဗီတာမင် C ပါဝင် နေတာက အသားအရေကို အကောင်းဆုံး အားဖြည့်ပေးနိုင် တာပါ။ လိမ္မော်သီးက ကော်လာဂျင် ထွက်လာအောင် လှုံ့ဆော်ပေးပြီး အသားအရေကို ကြည်လင်စေမှာပါ။ လိမ္မော်သီး အပြင် ကီဝီသီး၊ ဂရိတ်ဖရုတို့ကလည်း အသားအရေကို ကြည်လင်စေ ပါတယ်။

    သလဲသီး

    သလဲသီးက အရွယ်တင် နုပျိုစေ နိုင်ပါတယ်။ အသားအရေ ကြည်လင်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင် ပါတယ်။ သွေးသန့်စေပြီး အသားအရေကို သဘာဝ အတိုင်း ဖြူဝင်းစေမှာပါ။

    သခွားသီး

    ဗီတာမင် B နဲ့ အသားအရေ အတွက် အကောင်းဆုံး ထောက်ပံ့ပေးနိုင်တဲ့ အာဟာရဓါတ်တွေ ကြွယ်ဝစွာ ပါဝင်နေသလို ရေဓါတ်လည်း အကောင်းဆုံး ဖြည့်ပေးပါတယ်။ ကြည်လင် စိုပြေတဲ့ အသားအရေကို ပိုင်ဆိုင် နိုင်စေမှာ သေချာပါတယ်။

    အသား ဖြူချင်ရင် ဒါတွေရှောင်ပါ

    အသား ဖြူချင်တဲ့ သူတွေ အနေနဲ့ အသားအရေကို ထိခိုက်စေနိုင်တဲ့ ဒီလို အစားအစာတွေကို ရှောင်ပါ။

    • ကော်ဖီ
    • ကိုလာ
    • ဆိုဒါ
    • အချိုရည်
    • ဆီကြော်တွေ
    • အငန်ကဲ၊ အချိုကဲတဲ့ အစားအစာတွေ
    • ဆီသွတ်ဗူးတွေကို ရှောင်ပါ။
    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/04/2024 ဖြစ်ပါသည်။