brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

နည်းစနစ်မှန်မှန် Sheet Mask ကပ်ရင်း အသားအရေ ထိန်းသိမ်းကြမယ်

မျက်နှာ အသားအရေ ထိန်းသိမ်းတာကို အခုနောက်ပိုင်း လေဒီလေးတွေရော အမျိုးသားတွေပါ လုပ်လာကြပါတယ်။ မျက်နှာ အသားအရေကို Sheet Mask ကပ်ပေးတာက အသားအရေကို ကျန်းမာစေပြီး ကြည်လင် လှပစေသလို အနာအဆာကင်းစေနိုင်ပါတယ်။

နည်းစနစ်မှန်မှန် Sheet Mask ကပ်ရင်း အသားအရေ ထိန်းသိမ်းကြမယ်

ဒါကြောင့် အသားအရေ ထိန်းသိမ်းမှုထဲမှာ Sheet Mask ကပ်တာကို ထည့်သွင်းလာကြတာပါ။ အရင်က Sheet Mask တွေက လွယ်လွယ်ကူကူ ဝယ်မရသလို ဈေးနှုန်းကလည်း ကြီးမြင့်ကြတာကြောင့် လူနည်းစုလောက်ပဲ သုံးကြတာဆိုပေမယ့် အခုနောက်ပိုင်းမှာတော့ ရွေးစရာ တံဆိပ်တွေ များလာတာ၊ စျေးနှုန်း သင့်တင့်မှု ရှိလာတာကြောင့် လူတိုင်း လိုလို အသုံးပြု လာကြပါတယ်။

ဒီလို အသုံးပြုတဲ့အခါ နေ့တိုင်း သုံးကြတာမျိုးလည်း ရှိတတ်ကြပါတယ်။ ဒီလို အသုံးပြုတဲ့အခါ အသားအရေကို ထိထိရောက်ရောက် ဖြစ်စေဖို့အတွက် နည်းစနစ်မှန်မှန် Sheet Mask ကပ်နည်းလေးကို ပြောပြပေးချင်ပါတယ်။

နည်းစနစ်မှန်မှန် Sheet Mask ကပ်ရင်း အသားအရေ ထိန်းသိမ်းကြမယ်

နည်းစနစ်မှန်မှန် Sheet Mask ကပ်ရင်း အသားအရေ ထိန်းသိမ်းကြမယ်

အသားအရေ ကျန်းမာအောင် ကပ်တဲ့ Sheet Mask ကို ထိရောက်မှု ရှိရှိ ဖြစ်စေဖို့ ဒီအချက်လေးတွေကို သတိထားဖို့ လိုပါမယ်။

  • နေ့တိုင်း Sheet Maskကပ်လို့ ရလား …….

နေ့တိုင်း ကပ်ရင် အသားအရေ ပိုကောင်းလာမယ်လို့ ယူဆတာကြောင့် Sheet Maskကို နေ့တိုင်း ကပ်မယ် စိတ်ကူးနေရင်တော့ ဒီစိတ်ကူးကို အကောင်အထည်မဖော်ခင် စာလေးကို ဆုံးအောင် ဖတ်ပေးပါ။

တကယ်ကတော့ အရေပြားပြဿနာ တစ်ရပ်ရပ်ကို သက်သာစေဖို့ ထုတ်လုပ်ထားတဲ့ Sheet Maskကို နေ့တိုင်း အသုံးမပြုသင့်ပါဘူး။ ဥပမာ activated charcoal maskတွေ၊ Clay maskတွေဆိုရင် တစ်ပတ် တစ်ကြိမ်လောက်ပဲ သင့်တော်ပါတယ်၊၊

အလွန်အကျွံသုံးတာက Sheet Maskမှာပါတဲ့ အချို့သော ပါဝင်ပစ္စည်းတွေကြောင့် အရေပြား ထိခိုက်လွယ်တာ၊ အသားအရေ ခြောက်တာမျိုးတွေ ဖြစ်စေနိုင်တာကြောင့်ပါ။

မိမိအသားအရေရယ်၊ မိမိသုံးမယ့် Maskရယ်ပေါ် မူတည်ပြီး ဘယ်နှကြိမ် သုံးသင့်တယ်ဆိုတာကို တွက်ဆရမှာပါ၊၊

  • ဘယ်လို Sheet Maskတွေကို နေ့တိုင်း သုံးလို့ ရမလဲ ……..

အရေပြားကို အစိုဓာတ် ထိန်းပေးဖို့နဲ့ ရေဓာတ်ဖြည့်ပေးဖို့ အသုံးပြုကြတဲ့ ရေဓာတ်ဖြည့် Sheet Maskတွေကိုတော့ နေ့တိုင်း အသုံးပြုပေးလို့ ရပါတယ်။

  • နေ့တိုင်း မသုံးသင့်တဲ့ Sheet Maskတွေက ဘာတွေလဲ ………

နေ့တိုင်း မသုံးသင့်တဲ့ Sheet Mask တွေကတော့ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့ glycolic acid လိုမျိုး အက်ဆစ်တွေ ပါတဲ့ Sheet Mask တွေ၊ clay maskတွေကိုတော့ နေ့တိုင်း မသုံးသင့်ပါဘူး။ အသုံးမပြုခင်မှာ အညွှန်းကို သေချာဖတ်ပေးဖို့ လိုပါတယ်၊၊

Sheet Maskတွေကို နေ့တိုင်း မသုံးသင့်တဲ့ အကြောင်းအရင်း

Sheet Mask တွေထဲမှာ ရေဓာတ်ဖြည့်ပေးတဲ့ Sheet Mask တွေကလွဲလို့ ဆဲလ်သေဖယ်ရှားတာ၊ အမာရွတ် ပါးစေတာလိုမျိုး mask တွေကိုတော့ နေ့တိုင်း မသုံးသင့်ပါဘူး။

တန်ဆေး လွန်ဘေး ဆိုသလိုပါပဲ။ Sheet Mask တွေက အသားအရေကို ကျန်းမာစေပေမယ့် လိုတာထက် ပိုသုံးမယ်ဆိုရင်တော့ အသားအရေကို ထိခိုက်စေနိုင်ပါတယ်။

Active ingredientsတွေပါတဲ့ Sheet Maskတွေကို နေ့တိုင်း မသုံးရဘူးဆိုတာက ဒီ Sheet Maskကပ်တာက အရေပြားပေါ်က သဘာဝ အဆီတွေကို အကုန်လုံး ဖယ်ရှားပစ်လိုက်ပြီး အရေပြားရဲ့ pH ပမာဏကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ဒီလို ထိခိုက်တာက အသားအရေ ကျန်းမာရေးကို ထိခိုက်စေပြီး ရေရှည်မှာ အသားအရေက ထိခိုက်လွယ်လာပြီး ဝက်ခြံဖြစ်လွယ်တာမျိုး၊ ဓာတ်မတည့်ဖြစ်လွယ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

ဒါကြောင့် အသားအရေ ကျန်းမာလှပအောင်ဆိုပြီး Sheet Mask ကပ်တဲ့အခါ အသားအရေ အမျိုးအစားနဲ့ လိုက်ဖက်တာမျိုး ဖြစ်ဖို့နဲ့ နည်းစနစ်မှန်မှန် သုံးစွဲဖို့ လိုပါမယ်။

Aye Thi Mon
Aye Thi Mon
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 10/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။