backup og meta

ရေနွေးငွေ့ခံပေးတာ အသားအရေ ကျန်းမာစေသလား

ရေနွေးငွေ့ခံပေးတာ အသားအရေ ကျန်းမာစေသလား

အသားအရေ ထိန်းသိမ်းမှုတော့ လုပ်ချင်ပါရဲ့။ ဘယ်ကနေ စလုပ်ရမလဲ မသိဘူးဆိုပြီး ဖြစ်နေပြီလာ။ ဒါဆိုရင်တော့ အလွယ်ကူဆုံး အသားအရေ ထိန်းသိမ်းနည်းဖြစ်တဲ့ ရေနွေးငွေ့ ခံပေးတာက စတင်လိုက်ပါ။ ဒါဆို မေးချင်နေလောက်မှာက ရေနွေးငွေ့ခံပေးတာ အသားအရေ ကျန်းမာစေသလား ဆိုပြီးဟုတ်။

အသားအရေ အထူးသဖြင့် မျက်နှာကို ရေနွေးငွေ့ ခံပေးတာ အသားအရေကို ကျန်းမာစေသလို လှပချောမွေ့စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ တစ်ပတ်ကို ၁ ကြိမ် ဒါမှမဟုတ် ၂ ကြိမ်လောက် ပုံမှန် လုပ်ပေးတာက အသားအရေ ကျန်းမာလှပစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ ရေနွေးငွေ့ခံပေးတာ အသားအရေ ကျန်းမာစေသလား ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

ရေနွေးငွေ့ခံပေးတာ အသားအရေ ကျန်းမာစေသလား

ရေနွေးငွေ့ခံပေးတာ အသားအရေ ကျန်းမာစေသလား

ရေနွေးငွေ့ခံပေးတာ အသားအရေကို အခုလို ကျန်းမာစေနိုင်ပါတယ်။

ရေနွေးငွေ့  ခံပေးတာက ချွေးပေါက်တွေကို ပွင့်စေပြီး ချွေးပေါက်ထဲက အညစ်အကြေးတွေ ဖုန်မှုန့်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ ဆားဝက်ခြံတွေကို ဖယ်ရှားရ လွယ်ကူစေပါတယ်။ ဝက်ခြံအဆံတွေ ထွက်လာအောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် ဒါက ယာယီပဲဖြစ်ပါတယ်။

ရေနွေးနွေးလေးနဲ့ ရေနွေးငွေ့ခံပေးတာက သွေးကြောတွေကို သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးစီးဆင်းမှု ကောင်းစေတာက အရေပြားကို အောက်ဆီဂျင် ပိုမို ရရှိစေပြီး အသားအရေကို သဘာဝအတိုင်း ကျန်းမာလှပစေမှာပါ။

ရေနွေးငွေ့က ချွေးပေါက်တွေကို ပွင့်စေတာကြောင့် အရေပြားချွေးပေါက်တွေထဲက ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေနဲ့ အခြားသော အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒီလို ဖယ်ရှားပေးတာက ဝက်ခြံဖြစ်တာကို သက်သာစေနိုင်ပါတယ်။

  • အဆီတွေ ဖယ်ရှားပေးတယ်

အရေပြားနဲ့ ဆံသားတွေကို ချောမွေ့စေဖို့ အဆီဂလင်းတွေက အဆီတွေကို အလိုလို ထုတ်ပေးပါတယ်။ ဒါပေမယ့် အဆီက လိုတာထက် ပိုများနေမယ်ဆိုရင် ဘက်တီးရီးယားတွေကို ဖြစ်စေပြီး ဝက်ခြံတွေ ဆားဝက်ခြံတွေ ဖြစ်စေနိုင်ပါတယ်။ ရေနွေးငွေ့ခံပေးတာက အဆီပိုတွေကို ဖယ်ရှားပေးပြီး ဝက်ခြံ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ရေနွေးငွေ့ခံပေးတာက အသားအရေကို ရေဓာတ် ဖြည့်ပေးပါတယ်။ အဆီထွက်စေပြီး အသားအရေကို သဘာဝအတိုင်း အစိုဓာတ် ရှိနေအောင် ထောက်ကူပေးပါတယ်။ ဒါပေမယ့် လိုတာထက် ပိုခံရင်တော့ အသားအရေခြောက်နိုင်တာကို သတိပြုပါ။

ရေနွေးငွေ့ခံပေးတာက သွေးစီးဆင်းမှု ကောင်းစေပြီး အသားအရေကို တင်းရင်းစေသလို ကော်လာဂျင် ထွက်ရှိမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ အသားအရေကို အရွယ်တင်နုပျိုစေမှာပါ။

ရေနွေးငွေ့ခံပေးတာက အရေပြားကို ချွေးပေါက်တွေ ပွင့်စေပြီး အညစ်အကြေးတွေကို ထိထိရောက်ရောက် ဖယ်ရှာပေးပြီး အာဟာရဓာတ်တွေကို ကောင်းကောင်း စုပ်ယူနိုင်စေဖို့ ထောက်ကူပေးပါတယ်။ အရေပြားက လိုအပ်တဲ့ အာဟာရကို ပြည့်ဝစွာ ရရှိမှုက အသားအရေ ချောမွေ့စေမှာပါ။

ရေနွေးငွေ့ ဘယ်လိုခံမလဲ

ရေနွေးငွေ့ခံဖို့ အကောင်းဆုံး နည်းလမ်းက

  • ရေနွေးကို ဆူအောင်တည်ပါ
  • သန့်စင်တဲ့ အဝကျယ် ဇလုံ တစ်ခုထဲ ထည့်ပါ
  • ပြီးရင် မျက်လုံးကို မှိတ်ထားပြီး ဇလုံအထက် လက်သီးဆုပ် ၂ ဆုပ်စာလောက် အကွာကနေ မျက်နှာကို ငုံ့ထားပါ
  • ခေါင်းပေါ်ကနေ တဘက်ကို အုပ်ထားပါ
  • ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက် ရေနွေးငွေ့ ခံပေးပါ။ ချွေးတွေထွက်လာတာကို သုတ်ပေးပါ။

သတိထားရမယ့် အချက်တွေကတော့ အပူချိန်သိပ်မများပါစေနဲ့။ မျက်နှာလောင်တတ်ပါတယ်။ ဒါ့ပြင် အရေပြားရောဂါအခံတွေရှိရင်၊ အသားခြောက်ရင်၊ ထိခိုက်လွယ်တဲ့ အသားရေရှိရင်၊ ရောင်ရမ်းနေတဲ့ ဝက်ခြံတွေရှိရင် ရေနွေးငွေ့ခံတာကို ရှောင်ကြဉ်သင့်ပါတယ်။

ရေနွေးငွေ့ ခံပေးပါ

မျက်နှာလေးကို ရေနွေးငွေ့ ခံပေးတာက
  • ချွေးပေါက်တွေ ပွင့်စေတယ်
  • အညစ်အကြေးတွေ ဖယ်ရှားပေးတယ်
  • အသားအရေ ကြည်လင်စေတယ်
  • အဆီတွေ ဖယ်ရှားပေးတယ်
  • အသားအရေ ကျန်းမာစေတယ်
  • ရေဓာတ်ဖြည့်ပေးတယ်
  • သွေးလည်ပတ်မှု ကောင်းစေတယ်
  • ဝက်ခြံ သက်သာစေတယ်
  • ကော်လာဂျင် ထွက်ရှိစေတယ်

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Will a Facial Steam Treatment Clear Acne? https://www.verywellhealth.com/will-a-facial-steam-clear-acne-15513 Accessed Date 26 August 2022

Is Steaming Your Face Good for Your Skin? https://health.clevelandclinic.org/is-steaming-your-face-good-for-your-skin/ Accessed Date 26 August 2022

Benefits of steaming face: Lemon, saltwater, green tea, and more https://www.medicalnewstoday.com/articles/benefits-of-steaming-face Accessed Date 26 August 2022

Is Steaming Your Face Good for Your Skin? https://health.clevelandclinic.org/is-steaming-your-face-good-for-your-skin/ Accessed Date 26 August 2022

Is Facial Steam Good or Bad? https://www.specialistsindermatology.com/blog/is-facial-steam-good-or-bad#:~:text=Steam%20opens%20up%20pores%20and,blood%20vessels%20and%20increases%20circulation. Accessed Date 26 August 2022

ယခုပုံစံ

27/01/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝက်ခြံ အဖြစ်လွယ်သူတွေအတွက် အသုံးတည့်မယ့် အသားအရေ ထိန်းသိမ်းနည်း

နည်းစနစ်မှန်မှန် Sheet Mask ကပ်ရင်း အသားအရေ ထိန်းသိမ်းကြမယ်


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 27/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement