brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ပျိုမေလေးတို့အတွက် အသားအရေထိန်းသိမ်းမှု အဆင့်ဆင့်

မိန်းကလေးတို့ရေ မနက်ခင်း အလုပ်သွား အပြင်သွားတဲ့အခါမှာ မိတ်ကပ်လေးတွေ အဆင့်ဆင့် လိမ်းကြတယ် မဟုတ်လား။ မိတ်ကပ်တွေ မကွက်ဖို့၊ ကြာရှည်ခံဖို့ဆိုတာကလည်း အသားအရေကောင်းမှဖြစ်မှာပါ။

ပျိုမေလေးတို့အတွက် အသားအရေထိန်းသိမ်းမှု အဆင့်ဆင့်

ဒီတော့ အသားအရေကောင်းဖို့ဆိုရင် မိတ်ကပ်ထက် အသားအရေထိန်းပစ္စည်းတွေ သုံးဖို့ လိုပါတယ်။ ခုခေတ်မှာ အသားအရေထိန်းသိမ်းခြင်းကိုလည်းတော်တော်များများပြုလုပ်လာကြပါပြီ။ ထိန်းသိမ်းတဲ့အခါမှာ နည်းလမ်းမှန်မှန်လေး ထိန်းသိမ်းဖို့တော့ လိုပါတယ်နော်။

ဒါမှ အသားအရေ မပျက်စီးဘဲနဲ့ ပိုမိုကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေဖြစ်လာမှာပါ။ မနက်ခင်းမှာ မိတ်ကပ်အဆင့်ဆင့် လိမ်းကြသလိုပဲ ညဘက်ရောက်တဲ့အခါမှာလည်း အဆင်ဆင့် အသားအရေ ထိန်းဖို့လိုတာမို့ တစ်ဆင့်ချင်းစီ ကြည့်ကြည့်ပါဦးနော်။

မိတ်ကပ်ဖျက်ဆေး

ညရောက်ပြီဆိုရင်တော့ တစ်မနက်လုံးက မျက်နှာမှာ ရှိခဲ့သမျှ မိတ်ကပ်တွေနဲ့ အိုင်းလိုင်နာတွေကို ဖျက်ဖို့ အချိန်တန်ပါပြီ။ make up remover အရည်လေးတွေကို cotton padလေးမှာစွတ်ပြီး မိတ်ကပ်တွေကိုပြောင်စင်အောင် ဖျက်ပါ။ နှာခေါင်းကြားနေရာက မိတ်ကပ်တွေကိုပြောင်စင်အောင်ဖျက်ပါ။

cleansing water

မိတ်ကပ်ဖျက်တဲ့အဆင့်ပြီးပြီဆိုရင်တော့ cleansing waterလေးသုံးရပါမယ်။ သူကချွေးပေါက် အတွင်းထဲက အညစ်အကြေးတွေကိုပါ သန့်စင်ပေးတာပါ။ ဒါ့အပြင် အဆီဖုတွေကိုလည်း သက်သာစေနိုင်ပါသေးတယ်။ cleansing water ကိုလည်းcotton padလေးမှာစွတ်ပြီး မျက်နှာတစ်ဝိုက်ကို ဖြည်းဖြည်းချင်းဖိပြီး ဖျက်ရမှာပါ။

မျက်နှာသစ်ဆေး

မိတ်ကပ်တွေကို ဖျက်တဲ့ အဆင့်တွေလုပ်ပြီးပြီဆိုရင်တော့ မျက်နှာသစ်ရပါမယ်။ ကိုယ့်မျက်နှာအသားအရေနဲ့တည့်တဲ့ အမျိုးအစားကို တိတိကျကျ သုံးစွဲနိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ မျက်နှာကိုရေနည်းနည်းစွတ်ပါ။ ပြီးရင် မျက်နှာသစ်ဆေးကို လက်ထဲမှာထည့်ပြီး အမြုပ်ထအောင်အရင်လုပ်ပါ။နောက်မှ မျက်နှာပေါ်မှာတင်ပြီး စက်ဝိုင်းပုံသဏ္ဍန်နှိပ်နယ်ပြီး သစ်ပါ။ T zoneလေးတွေသေချာသစ်ပါ။

Toner

ချွေးပေါက်တွေ မဖြစ်အောင်ရေဓာတ်ကို ညှိပေးတဲ့ Toner သုံးပေးဖို့ လိုပါတယ်။ ဒါက အသားအရေ စိုစိုပြည်ပြည်လေးလည်းဖြစ်စေမှာပါ။ ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ ပစ္စည်းပဲ သုံးပါနော်။

Essence နဲ့serums

Essence နဲ့ Serums ကတော့ လူတိုင်းမလိမ်းကြပါဘူး။ Essence မှာလည်း ဝက်ခြံထွက်တဲ့သူတွေအတွက်၊ အမဲစက်ပျောက်စေဖို့ဆိုပြီး အစရှိသလို အမျိုးမျိုး ကွဲပါတယ်။ ကိုယ့်အသားအရေနဲ့ ကိုက်ညီတာကို လိမ်းပါ။ ဒီအဆင့်ကိုကျော်ခဲ့ရင်လည်း ရပါတယ်။ Serum ကိုတော့ လက်လေးနဲ့ မျက်နှာကို ပါးပါးလေးပုတ်ပြီး လိမ်းပေးပါ။ အသားထဲ စိမ့်ဝင်လေ အကျိုးရှိလေပါပဲနော်။

Eye cream

Eye cream ကတော့ မျက်လုံးအရေးအကြောင်းဖြစ်ခြင်း၊ မျက်ကွင်းညိုခြင်းတွေ မဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် မျက်လုံးအစ်အစ်ဖောင်းဖောင်းကြီး မဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်။ မျက်လုံးတစ်ဝိုက်နားလေးမှာ လိမ်းပြီး အိပ်ပါ။

Sheet

Sheet ကတော့ ညတိုင်းပြုလုပ်ဖို့ မလိုပါဘူး။ အသားအရေထိန်းသိမ်းဖို့အတွက်တော့ တစ်ပတ်ကို (၂) ကြိမ်လောက်ပြုလုပ်နိုင်ပါတယ်။

မအိပ်ခင်မှာရေများများသောက်ပေးတာကလည်း အသားအရေ ထိန်းသိမ်းခြင်း နည်းလမ်းတမျိုးဖြစ်တာကြောင့် skin care အဆင့်ဆင့် လိမ်းပြီးရင်ရေသောက်ပေးနော်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Eaindray Kha မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/11/2020 ဖြစ်ပါသည်။