နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။
နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။

အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။
Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။
နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို လိမ်းဖို့လိုပါတယ်။ ကလေးငယ်လေးတွေက စလို့ လူကြီးတွေအထိ အမျိုးသားရော အမျိုးသမီးပါ အကုန်လိမ်းဖို့ လိုပါတယ်။ နေလောင်တာ၊ အရေပြားကင်ဆာဖြစ်တာက အသားဖြူရင် ပိုဖြစ်နိုင်တယ်ဆိုပေမယ့် အသားညိုတွေမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူမဆို လိမ်းသင့်ပါတယ်။
အနည်းဆုံး SPF 30ရှိပြီး UVAကိုရော UVBကိုပါ ကာကွယ်နိုင်တဲ့ Broad spectrum sunscreenကို လိမ်းသင့်ပါတယ်။ Physical sunscreen, Chemical sunscreenဆိုပြီး နှစ်မျိုးရှိပေမယ့် ကိုယ်အဆင်ပြေရာကို လိမ်းနိုင်ပါတယ်။ အဓိကက SPFလုံလောက်ဖို့၊ Broad spectrumဖြစ်ဖို့ပါ။
နေ့တိုင်းလိမ်းရပါမယ်။ အနည်းဆုံး အပြင်မသွားခင် မိနစ် ၂၀၊ နာရီဝက်အလိုမှာ ကြိုလိမ်းရပါမယ်။ နွေရာသီတင်မဟုတ်ဘဲ မိုးရာသီ၊ ဆောင်းရာသီမှာပါ လိမ်းရမှာပါ။ ကုန်းပေါ်မှာသာမက နေပူတဲ့အချိန်မှာ ရေဆင်းကူးမယ်ဆိုရင်လည်း water resistantဖြစ်တာကို လိမ်းရပါမယ်။
Sunscreenလိမ်းတိုင်းမှာ ၂နာရီကြာတိုင်းပြန်လိမ်းပေးရမှာဖြစ်ပြီး water resistantဆိုရင်တော့ မိနစ် ၄၀ကြာတိုင်းပြန်လိမ်းရမှာ ဖြစ်ပါတယ်။
အဝတ်အစားမကာတဲ့ နေရာအားလုံး လိမ်းရမှာပါ။ အများစုက မျက်နှာနဲ့ လက်လောက်ပဲ လိမ်းတတ်ပေမယ့် နားရွက်၊ လည်ပင်း၊ ရင်ဘတ်၊ လက်ဖမိုး၊ ခြေထောက်တွေကိုပါ လိမ်းရမှာ ဖြစ်ပါတယ်။ နေရောင်နဲ့ ထိတွေ့တဲ့ နေရာတိုင်းက ကင်ဆာဖြစ်နိုင်ခြေ ရှိလို့ပါ။
မျက်နှာဆိုရင် လက်နှစ်ချောင်းစာ (လက်ညှိုးနဲ့ လက်ခလယ်) လိမ်းသင့်ပြီး တစ်ကိုယ်လုံးက လွတ်နေတဲ့နေရာတွေအတွက်ဆိုရင် ၁အောင်စလောက် လိမ်းဖို့ လိုပါတယ်။
အရေပြားကင်ဆာအပါအဝင် နေရောင်ခြည်ကြောင့် အရေပြား ပျက်စီးမှုတွေ ဖြစ်တဲ့ နေလောင်တာ၊ အရေးကြောင်းတွေ ဖြစ်လာတာကို တားဆီးဖို့ပဲ ဖြစ်ပါတယ်။
Biodermaရဲ့ Photoderm seriesမှာက SPF50ပါဝင်ပြီး UVAကိုရော UVBကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ပြင် ထိခိုက်လွယ်တဲ့ အသားအရေအတွက် Photoderm Aquafluide၊ အဆီပြန်ပြီး ဝက်ခြံထွက်တတ်တဲ့ သူတွေအတွက် Photoderm AKN Mat SPF30၊ ကလေးများအတွက် Photoderm KID၊ နေရောင်ကြောင့် အမည်းစက်ထွက်ပြီး အသားအရေပျက်စီးနေသူတွေအတွက် Photoderm SPOT-AGE SPF50+ စသဖြင့် လူတိုင်း လိမ်းနိုင်အောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။
ဒါကြောင့် Sunscreenဆိုတာ နေလောင်မှာစိုးလို့ လိမ်းရတဲ့ အလှအပပစ္စည်းတစ်ခုသက်သက် မဟုတ်ပါဘူး။ အရေပြားကင်ဆာကို ကာကွယ်ဖို့ လိမ်းရတဲ့ ကာကွယ်ဆေးတစ်ခု ဖြစ်တာကြောင့် ဘယ်ရာသီဖြစ်ဖြစ် အပြင်သွားတိုင်း Sunscreenလိမ်းဖို့ တိုက်တွန်းချင်ပါတယ်။
Bioderma Myanmar