brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

Royal Jelly နဲ့ အသားအရေ ကျန်းမာရေး

အသားအရေ ကျန်းမာလှပဖို့က လူတိုင်းအတွက် အသက်အရွယ်တိုင်းအတွက် အရေးပါပါတယ်။ အမျိုးသမီးတွေက အသားအရေကို ဂရုစိုက်ဖြစ်နိုင်ခြေ များပေမယ့် အမျိုးသားတွေလည်း အသားအရေကို ဂရုစိုက်ဖို့ လိုပါမယ်။ အကြောင်းကတော့ အသားအရေကို သေချာ ဂရုစိုက်မှ အရေပြား ပိုးဝင်တာ၊ မှိုစွဲတာကစလို့ အရေပြား ပြဿနာ အမျိုးမျိုး ကင်းဝေးမှာပါ။ ဒီတစ်ခေါက်တော့ Royal Jelly နဲ့ အသားအရေ ကျန်းမာရေး အကြောင်းလေး ပြောပြပေးချင်ပါတယ်။

Royal Jelly နဲ့ အသားအရေ ကျန်းမာရေး

Royal Jelly ဆိုတာ

Royal jelly ဆိုတာက အနှစ်တစ်မျိုးပါ။ ခပ်ဖြူဖြူလေးရှိပြီး လေနဲ့ ထိတွေ့မိချိန်မှာ အဝါရောင်လေး ပြောင်းသွားတတ်ပါတယ်။ ပရိုတင်း ကြွယ်ဝပြီး လုပ်သားပျားတွေရဲ့ ဂလင်းတွေကနေ ထုတ်လုပ်ထားတဲ့ အရာတစမျိုးပါ။ ပျားဘုရင်မ အသက်ရှည်စေဖို့နဲ့ ကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝစွာ ပါဝင်နေတဲ့ သဘာဝ အာဟာရ တစ်မျိုးပါ။

Royal Jellyမှာ ဗီတာမင် B အပါအဝင် ဗီတာမင်တွေ ကြွယ်ဝစွာ ပါဝင်နေသလို fatty acids၊ ဓာတ်တိုးဆန့်ကျင်အင်ဇိုင်းတွေ နဲ့ အရေပြားကို အားဖြည့်ပေးနိုင်တဲ့ ကော်လာဂျင်တို့ ပါဝင်နေပါတယ်။ ခန္ဓာကိုယ်ကို ကျန်းမာစေသလို အသားအရေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။

Royal Jellyမှာ ဘာတွေပါ

Royal Jellyမှာ အရေပြားကို ကျန်းမာစေပြီး ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်တဲ့

  • ပရိုတင်း
  • ရေဓာတ်
  • ကာဗိုဟိုက်ဒရိတ်
  • ဗီတာမင် B
  • Fatty acids
  • ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့
  • Mineral salts တို့ ပါဝင်နေပါတယ်။

Royal Jelly နဲ့ အသားအရေ ကျန်းမာရေး

Royal Jelly နဲ့ အသားအရေ ကျန်းမာရေး

Royal Jellyက အသားအရေကို အခုလို ကျန်းမာစေပါတယ်။

  • အရေးအကြောင်းတွေကို သက်သာစေတယ်

Royal Jellyမှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝပြီး အရေပြားကို အရေးအကြောင်းတွေ မဖြစ်အောင် ကာကွယ်ပေးသလို အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

  • အသားအရောင် ညီစေတယ်

Royal Jelly ရဲ့ နောက်ထပ် အာနိသင် တစ်ခုကတော့ အသားအရောင် မညီတာကို သက်သာစေတာပါ။ အသားအရောင် ညီစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • ဝက်ခြံ သက်သာစေတယ်

အသားအရေမှာ ဖြစ်တဲ့ ဝက်ခြံတွေကို သက်သာစေဖို့အတွက် Royal Jellyကို သောက်ပေးလို့ ရသလို အရေပြားပေါ်မှာ တိုက်ရိုက် လိမ်းပေးလို့လည်း ရပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဝက်ခြံတွေကို သက်သာစေသလို ဝက်ခြံတွေ မဖြစ်အောင် ထောက်ကူပေးပါတယ်။

  • ဝက်ခြံ အမာရွတ်တွေကို သက်သာစေတယ်

Royal Jellyမှာ ပါဝင်နေတဲ့ အာဟာရတွေက ဝက်ခြံကိုတင် သက်သာစေတာ မဟုတ်ပါဘူး။ ဝက်ခြံအမာရွတ်တွေကိုပါ သက်သာစေတာပါ။ ဝက်ခြံ အမာရွတ် သက်သာစေဖို့အတွက် အရေပြားမှာ တိုက်ရိုက် အသုံးပြုပေးလို့ ရပါတယ်။

  • အသားအရေကို ရေဓာတ်ဖြည့်ပေးတယ်

ရေဓာတ် ကြွယ်ဝတဲ့ Royal Jellyက အသားအရေကို ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် အရေပြား ခြောက်သွေ့တာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အရေပြားမှာ ပုံမှန်လေး လိမ်းပေးတာက အသားအရေကို ကျန်းမာစေပြီး အစိုဓာတ် ထိန်းပေးနိုင်မှာပါ။ အရေပြား ခြောက်သွေ့မှု ကင်းစေဖို့ ထောက်ကူပေးပါတယ်။ အရေပြားမှာ လိမ်းမယ်ဆိုရင်တော့ ဓာတ်တည့်မှုရှိ၊ မရှိ အရင်စမ်းသပ်သင့်ပါတယ်။

medical
Htet Htet Zaw Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။
အထွေထွေရောဂါကုဆရာဝန် · HHG
Aye Thi Mon မှ ရေးသားသည်။ · 15/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။