မေလေးတို့ရေ……. အခုတလော မိန်းကလေး အများစုကြားမှာ ရေပန်းစားလာတာတဲ့ စကားစုကတော့ glow skin ဆိုတာပါပဲ။ ဘာမိတ်ကပ်မှ မပါဘဲ မျက်နှာလေး ကြည်လင်ရှင်းသန့်နေတဲ့ ပြစ်မျိုးမှဲ့မထင်အလှမျိုးကို နှင်းတို့ မိန်းကလေးတိုင်း လိုချင်ကြတယ်နော်။ တချို့မေလေးတွေကတော့ ဘာမှ ထွေထွေထူးထူးလုပ်စရာ မလိုဘဲကို အသားအရေ ချောမွေ့ကြည်လင်နေကြပေမယ့် တချို့မေလေးတွေကျပြန်တော့ ဘာ skincare တွေ ဘယ်လိုသုံးသုံး ထင်သလောက်မထိရောက်ကြတာ တွေ့နေရပါရဲ့။ ဒါကြောင့်နှင်းက အသားအရေ ကောင်းချင် glow ချင်သူတွေ အတွက်ရော၊ လှပြီးသားမေလေးတွေ ပိုလှအောင် အတွက်ပါ ကျားမ မရွေး လုပ်နေကြပြီဖြစ်တဲ့ အသားအရေကုထုံးလေး အကြောင်း နှင်းသိသမျှ ဝေမျှပေးမယ်နော်။