သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

null

Mesotherapy ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ရှောင်ကျဉ်ရန် နည်းလမ်းများ

    Mesotherapy ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ရှောင်ကျဉ်ရန် နည်းလမ်းများ

    Mesotherapy ဟာ သဘာဝ ပစ္စည်းများ၊ homeopathic agents၊ ဆေးများ၊ ဗီတာမင်များ အစရှိတဲ့ ပစ္စည်းတွေရဲ့ ပမာဏ အနည်းငယ်ကို အရေပြားထဲ ထိုးသွင်းခြင်းဖြစ်ပါတယ်။ သူ့ကို cellulite ပျောက်စေဖို့၊ ကိုယ်အလေးချိန် လျော့ကျစေဖို့၊ အသက်ကြီးရင့်တဲ့ အရေပြားကို ကုသဖို့၊ အရေပြားတွဲကျနေခြင်းကို ကုသဖို့နဲ့ လက်၊ လည်ပင်းကို ပြန်လည်နုပျိုစေဖို့အတွက် အသုံးပြုကြပါတယ်။

    အောက်ပါအချက်တွေကတော့ Mesotherapy ရဲ့ အဖြစ်များတဲ့ဆိုးကျိုးတွေနဲ့ ဘယ်လိုရှောင်ကျဉ်ရမလဲဆိုတာပဲ ဖြစ်ပါတယ်။

    Mesotherapy ဟာ cellulite ကို တိုက်ရိုက်ကုသနိုင်ပြီး ရွေးချယ်ထားတဲ့နေရာတွေမှာ အရေပြားကို ချောမွေ့စေကာ အဆီကျစေပါတယ်။ အဆီတွေဟာ ကိုယ်ခန္ဓါအတွင်းမှ ထွက်သွားပြီး Liposuction လုပ်အပြီးမှာလို အခြားနေရာတွေမှာ ပြန်လည်ဖြစ်ပေါ်ခြင်းမရှိပါဘူး။ Mesotherapy ဟာ ဆေးရုံတက်ဖို့၊ မေ့ဆေးပေးဖို့ မလိုအပ်ပါဘူး။

    ဒါပေမယ့် Mesotherapy ဟာ အောက်ပါ နောက်ဆက်တွဲဆိုးကျိုးအချို့ကိုတော့ ဖြစ်စေနိုင်ပါတယ်။

    အရေပြားရောဂါပိုးဝင်ခြင်း

    Mesotherapy နဲ့ ဆက်စပ်နေတဲ့ အဓိက ဆိုးကျိုးကတော့ ထိုးသွင်းတဲ့နေရာမှာ ရောဂါပိုးဝင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေကို ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့နေရာတွေမှာ ပြုလုပ်မှသာ အဖြစ်များပါတယ်။

    အပ်စူးမှုကြောင့် မသက်မသာဖြစ်ခြင်း

    စက္ကန့်အတွင်းမှာ အကြိမ်ပေါင်းများစွာ ထိုးနိုင်တဲ့ Mesotherapy gun ကို အသုံးပြုပြီး အထူးပြုလုပ်ထားတဲ့ ဓါတုရည်ကို အရေပြားထဲကို ထိုးသွင်းမှာဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ နာကျင်မှု အဖြစ်လွယ်သူဆိုရင် အပ်စူးမှုကြောင့် သက်တောင့်သက်သာ မရှိမှု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါကို ထုံဆေးလိမ်းပေးခြင်းအားဖြင့် သက်သာစေနိုင်ပါတယ်။

    ပူလောင်သော ခံစားမှု

    Mesotherapy မှာအသုံးပြုတဲ့ ထိုးသွင်းခြင်းဟာ အရေပြား ယားယံခြင်းကို ဖြစ်စေနိုင်ပါတယ်။ နာကျင်မှု တတ်နိုင်သမျှ နည်းပါးအောင် ထုံဆေးကို ကုသမှုမပြုခင်လိမ်းပေးနိုင်ပါတယ်။ ဆေးတွေ ကိုယ်ခန္ဓါထဲ ဝင်သွားချိန်မှာ အနည်းငယ် ပူလောင်တဲ့ ခံစားမှု ရရှိနိုင်ပါတယ်။ နာကျင်မှုဟာ ကုသမှုအပြီး တစ်ရက်၊ နှစ်ရက်ကြာရင် ပျောက်သွားမှာဖြစ်ပါတယ်။ နာကျင်မှုသက်သာစေဖို့ ဆေးထိုးထားတဲ့နေရာကို ရေခဲကပ်နိုင်ပါတယ်။

    ရောင်ရမ်းခြင်း၊ အညိုအမဲစွဲခြင်း

    အဖြစ်အများဆုံး တုန့်ပြန်မှုကတော့ ဆေးထိုးထားတဲ့နေရာတွေ ရောင်ရမ်းခြင်းနဲ့ အညိုအမဲစွဲခြင်းပဲ ဖြစ်ပါတယ်။ ဒီယားယံမှုတွေဟာ နှစ်ပတ်လောက် ကြာမြင့်နိုင်ပါတယ်။ ပြန်ကောင်းတဲ့ ဖြစ်စဉ်ကို အရှိန်မြှင့်ဖို့အတွက် homeopathic supplement တစ်ခုဖြစ်တဲ့ arnica ကို လိမ်းဆေးအဖြစ်လည်းကောင်း၊ သောက်ဆေးအဖြစ်လည်းကောင်း အသုံးပြုနိုင်ပါတယ်။

    အချို့လူနာတွေဟာ ကုသမှုအပြီးမှာ နာရီအနည်းငယ်ကနေ ရက်အနည်းငယ်အကြာမှာ အနည်းငယ် ယားယံမှုကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် နာရီအနည်းငယ်အကြာမှာတော့ သူတို့ကိုယ်တိုင် ပြန်ကောင်းသွားတတ်ပါတယ်။ တကယ်လို့ ဒီထက်ပိုပြီး ကြာမြင့်ရင်တောင် တစ်ရက်ထက်ပိုပြီး ကြာမြင့်ခြင်း မရှိပါဘူး။ ကုသမှုခံယူတဲ့နေရာကို ရေခဲကပ်ခြင်းဟာ အညိုအမဲစွဲခြင်းနဲ့ ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

    အခြားဆိုးကျိုးများ

    Mesotherapy ကြောင့် ဖြစ်တဲ့ အခြားဆိုးကျိုးတွေကတော့ ခဏတာ ထုံကျင်ခြင်းနဲ့ အရေပြားအရောင်ပြောင်းခြင်း တွေပဲ ဖြစ်ပါတယ်။ အချို့ လူနာတွေဟာ အန်ခြင်း၊ သွေးခဲဖြစ်ခြင်း အစရှိတာတွေ ဖြစ်နိုင်ပါတယ်။

    အချို့လူနာတွေကတော့ ဆေးထိုးတဲ့နေရာမှာ အမာရွတ်ထင်ကျန်ခြင်း ဖြစ်နိုင်ပါတယ်။ ဆေးထိုးတဲ့ ကိရိယာသေချာပိုးသတ်မထားရင် ပြင်းထန်တဲ့ ရောဂါပိုးဝင်ခြင်းကိုလည်း ရှားပါးစွာ တေ့ွရတတ်ပါတယ်။

    နိဂုံးဒီလိုဆိုးကျိုးတွေကို အတွေ့အကြုံရင့်ကျက်တဲ့ လက်မှတ်ရ အရေပြားဆရာဝန်နဲ့ Mesotherapy ကုသမှု ခံယူခြင်းအားဖြင့် သိသာစွာ လျှော့ချနိုင်ပါတယ်။ Mesotherapy ရဲ့ အဖြစ်များတဲ့ ဆိုးကျိုးတွေကတော့ အရေပြားရောဂါပိုးဝင်ခြင်း၊ အပ်စူးခြင်း၊ ပူလောင်သော ခံစားချက်ဖြစ်ခြင်း၊ ရောင်ရမ်းခြင်း၊ အညိုအမဲစွဲခြင်းတွေပဲ ဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Dr . Phyu Mon Latt မှ ရေးသားသည်။ 15/02/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။