backup og meta

မျက်ကွင်းတစ်ဝိုက်လိမ်းဖို့ အကောင်းဆုံး ခရင်မ် eye cream ရွေးချယ်ရာမှာ သိထားသင့်တဲ့အချက်၄ချက်

မျက်ကွင်းတစ်ဝိုက်လိမ်းဖို့ အကောင်းဆုံး ခရင်မ် eye cream ရွေးချယ်ရာမှာ သိထားသင့်တဲ့အချက်၄ချက်

မျက်ကွင်းတစ်ဝိုက်လိမ်းဖို့ အကောင်းဆုံး ခရင်မ် eye cream ရွေးချယ်ရာမှာ သိထားသင့်တဲ့အချက်၄ချက်က ဘာတွေဖြစ်မလဲ!

သင့်အနေနဲ့မျက်နှာကို moisturizer လိမ်းပြီးပြီဆိုရင် မျက်ကွင်းတဝိုက်ကို ခရင်မ် သက်သက်ထပ်လိမ်းဖို့ မလိုဖူးလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ မျက်လုံးပတ်လည်မှာရှိတဲ့ အသားအရေဟာ အင်မတန်နူးညံ့တာမို့ သူတို့ကိုလည်း ကျန်းမာသန်စွမ်းအောင် ရေဓာတ် အနည်းငယ် ထပ်ဖြည့်ပေးဖို့ လိုပါတယ်။

မျက်ကွင်းတစ်ဝိုက်လိမ်းဖို့ အကောင်းဆုံး ခရင်မ် eye cream ရွေးချယ်ရာမှာ သိထားသင့်တဲ့အချက်၄ချက်

အခုအောက်မှာ ပြောပြမှာကတော့ မျက်လုံးတဝိုက်ကို ခရင်မ်လိမ်းပေးခြင်းအားဖြင့် ရလာနိုင်မယ့် အကျိုးကျေးဇူးတွေအပြင်မျက်ကွင်းတစ်ဝိုက်လိမ်းဖို့ အကောင်းဆုံး ခရင်မ် eye cream ရွေးချယ်ရာမှာ သိထားသင့်တဲ့အချက်လေးတွေကိုပါ ပြောပြပေးမှာ ဖြစ်ပါတယ်။

eye cream ကို ဘာလို့ သုံးသင့်တာလဲ?

ကျွန်တော်တို့ ခန္ဓာကိုယ်မှာရှိတဲ့ အရေပြားဟာ တစ်နေရာနဲ့တစ်နေရာ မတူညီပါဘူး။ မျက်လုံးပတ်ချာလည်မှာ ရှိတဲ့ အရေပြားဟာ အတော်လေးပါးတဲ့အပြင် အနားမှာရှိတဲ့ ကြွက်သားတွေဟာလည်း သေးငယ်တဲ့အတွက် မျက်ရစ်ဖောင်းတာ၊မျက်ကွင်းညိုတာ၊အရေတွန့်တာ စတဲ့ ပြဿနာတွေ အင်မတန်ဖြစ်လွယ်ပါတယ်။

ဒါ့အပြင် အရေပြားကို သဘာဝအတိုင်း အစိုဓာတ်ထိန်းပေးတဲ့ အဆီဂလင်းတွေဟာလည်း မျက်လုံးနားတဝိုက်မှာ နည်းနည်းပဲရှိတဲ့အတွက် မှန်ကန်ကောင်းမွန်တဲ့ eye cream ကို ရွေးချယ်အသုံးပြုခြင်းအားဖြင့် မလိုလားအပ်တဲ့အလှအပဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပြီးသားဖြစ်သွားမှာ ဖြစ်ပါတယ်။

မျက်ရစ်ဖောင်းခြင်းအတွက်

မျက်လုံးတဝိုက်မှာရှိတဲ့ တစ်ရှူးတွေထဲမှာ အရည်တွေစုပုံလာတာကြောင့် မျက်ရစ်ဖောင်းလာတာဖြစ်ပါတယ်။ တစ်ခုခုနဲ့ ဓာတ်မတည့်တာ၊ sinus လို့ခေါ်တဲ့ ဦးခေါင်းခွံအတွင်းမှာရှိတဲ့ အပေါက်ကလေးတွေ ရောင်ရမ်းတာကနေလည်း ဒီအခြေအနေဖြစ်လာနိုင်သလို အိပ်ရေးပျက်ခြင်း၊အစားအသောက်အနေအထိုင်မမှန်ခြင်း၊ အရက်သောက်ခြင်း ဒါမှမဟုတ် အသက်အရွယ်ကြီးလာတာကြောင့်လည်း မျက်ရစ်ဖောင်းလာနိုင်ပါတယ်။

ဒီလိုဖြစ်လာရင် ကဖင်းဓာတ် သို့မဟုတ် သခွားဓာတ်ပါတဲ့ eye cream ကို ရွေးချယ်သုံးစွဲခြင်းအားဖြင့် မျက်ရစ်ဖောင်းတာကို သက်သာစေမှာပါ။

မျက်ကွင်းညိုခြင်းအတွက်

မျက်ကွင်းညိုစေတဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ မျိုးရိုးဗီဇ၊ စိတ်ဖိအားများတာ၊ဆေးလိပ်သောက်တာ၊ နေလောင်တာ၊ခန္ဓာကိုယ်မှာ အမည်းရောင်ဖြစ်စေတဲ့ ဓာတ်များတာ နဲ့ မျက်ကွင်းချိုင့်တာတွေကြောင့် မျက်ကွင်းညိုစေပါတယ်။

ဗီတာမင်စီ၊ ဗီတာမင် ကေ၊ kojic acid၊ နွယ်ချို စတဲ့ အရာတွေဟာ မျက်ကွင်းညိုတာကို သက်သာပျောက်ကင်းစေသလို peptide (ပရိုတင်းဓါတ်တမျိုး) ပါတဲ့ eye cream တွေဟာလည်း မျက်တွင်းချိုင့်တာကို ကာကွယ်ပေးခြင်းအားဖြင့် မျက်ကွင်းမညိုအောင် လုပ်ပေးနိုင်ပါတယ်။

မျက်လုံးတဝိုက်က အသားအရေ တောက်တောက်ပပ စိုစိုပြေပြေရှိဖို့ဆိုရင် အလင်းပြန်စေတဲ့ပစ္စည်းတွေပါဝင်တဲ့ eye creamမျိုးကို အသုံးပြုဖို့လည်း လိုအပ်ပါတယ်။

အရေတွန့်ခြင်း၊ အရေးအကြောင်းပေါ်ခြင်းအတွက်

မျက်တောင်ခတ်တာ၊ မျက်စိမှိတ်ပြတာ ဒါမှမဟုတ် ပြုံးပြတာတောင်မှ မျက်လုံးနားမှာရှိတဲ့ ကြွက်သားတွေကို အသုံးပြုရပါတယ်။ ဒါတွေဟာ နိစ္စဓူဝ လုပ်နေရတဲ့ကိစ္စတွေ ဖြစ်တဲ့အပြင် မျက်လုံးနားပတ်လည်က အရေပြားကလည်း ပါးလျတဲ့အတွက် အားလုံးပေါင်းခြုံလိုက်တဲ့အခါ မျက်လုံးနားတဝိုက်မှာ အရေးအကြောင်းတွေဟာ တခြားမျက်နှာ အစိတ်အပိုင်းတွေထက် ပိုပြီးစောစောပေါ်လာပါတယ်။

ဒါ့ကြောင့် အရေပြားကို အားဖြည့်ပေးပြီး အရေးအကြောင်းတွေကို သက်သာပျောက်ကင်းစေမယ့် collagen (ပရိုတင်းတစ်မျိုး)ဓာတ်ဖြည့်ဆည်းပေးနိုင်တဲ့ ပစ္စည်းမျိုး (ဥပမာ။ ။ retinol) ပါဝင်တဲ့ eye creamတွေကို ရွေးချယ်ရပါမယ်။

eye cream ရွေးချယ်ရာမှာ သိထားသင့်တဲ့ အချက်၄ချက်

၁။ ရေဓာတ်ဖြည့်ပေးနိုင်တဲ့ eye creamကိုရွေးချယ်ပါ။ ဘာလို့လဲဆိုတော့ အထိမခံပါးလျတဲ့ မျက်လုံးတဝိုက်ကအရေပြားအတွက် အဓိကပြဿနာက ရေဓါတ်နည်းပါးခြင်းဖြစ်လို့ပါ။ ရေဓာတ်ဖြည့်ပေးနိုင်တဲ့ eye creamတွေကို သုံးခြင်းအားဖြင့် အသားအရေခြောက်သွေ့ခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ မျက်ကွင်းညိုခြင်း၊အရေပြားထိခိုက်တာ စတာတွေကို လျှော့ချပေးနိုင်ပါတယ်။

ဒီလို ရေဓာတ်ဖြည့်ပေးနိုင်တဲ့ eye cream တွေကို ဈေးကွက်ထဲမှာ ဈေးနှုန်းအစားစားနဲ့ ရရှိနိုင်ပါတယ်။

၂။ နုနယ်တဲ့အသားအရေအတွက် ထုတ်လုပ်ထားတဲ့ eye creamတွေကို ရွေးချယ်ပါ။ eye creamဟာ မျက်လုံးနားတဝိုက်ကို အသုံးပြုရတာမို့ အသုံးပြုမယ့် ကုန်ပစ္စည်းဟာ မျက်လုံး ဒါမှမဟုတ် မျက်လုံးနားက အသားအရေကို မထိခိုက်စေဖို့ အရေးကြီးလှပါတယ်။

“နုနယ်တဲ့အသားရေအတွက်” ဒါမှမဟုတ် “မျက်စိဆရာဝန်များ ထောက်ခံထားသော” စတဲ့ စာလုံးတွေဖော်ပြထားတဲ့ eye creamတွေဟာ နုနယ်လှတဲ့ သင့်မျက်လုံး နဲ့မျက်လုံးနားက အသားအရေအတွက် အဆင်ပြေစေမှာပါ။

၃။ သင့်လိုအပ်ချက်နဲ့ အတိအကျကိုက်ညီတဲ့ eye creamကိုသာ ရွေးချယ်ပါ။ ဈေးကွက်ထဲမှာ eye cream အမျိုးမျိုးရှိသလို တစ်မျိုးချင်းစီရဲ့ ဦးတည်တဲ့ ရည်ရွယ်ချက်ဟာလည်းမတူညီပါဘူး။

တကယ်လို့ သင်ဟာအရေတွန့်တာ ဒါမှမဟုတ် မျက်ရစ်တွဲကျတာအတွက် သုံးချင်တယ်ဆိုရင် အသားအရေကို နုပျိုစေတဲ့ဓာတ်(anti-aging)တွေ ပါဝင်တဲ့eye creamကို ရွေးရမှာဖြစ်သလို မျက်ရစ်ဖောင်းတာ သို့မဟုတ် မျက်ကွင်းညိုတာအတွက်ဆိုရင်တော့ ဒီပြဿနာတွေအတွက် ရည်ရွယ်ပြီးစီမံထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို ရွေးချယ်ရပါမယ်။

တချို့သော တံဆိပ်(ကုန်ပစ္စည်းတွေ)ဟာ ပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးနိုင်တဲ့အတွက် သူတို့ကိုရွေးချယ်ရင် သင့်အတွက်ပိုပြီးလွယ်ကူစေမှာဖြစ်ပါတယ်။

၄။ ပါဝင်ပစ္စည်းတွေကို အသေအချာ နားလည်အောင်ဖတ်ပါ။ မျက်လုံးနဲ့ပတ်သက်ပြီး အလှကုန်ပစ္စည်း ရွေးချယ်တဲ့အခါ ပါဝင်ပစ္စည်းတွေကို အသေအချာထည့်သွင်းစဉ်းစားတာဟာ အလေ့အကျင့်ကောင်းတခုဖြစ်ပါတယ်။

ရေဓာတ်ဖြည့်တင်းပေးနိုင်တဲ့ eye creamတွေမှာ ရေဟာအဓိကပါဝင်ပစ္စည်းဖြစ်ပြီး အရည်အသွေးမြင့် eye creamအတော်များများမှာလည်း ကုန်ကြမ်းတခုအဖြစ် ရေဟာထိပ်ဆုံးကနေ ပါဝင်လေ့ရှိပါတယ်။ အလှဆီ၊ အဆီဓာတ်၊ ဗီတာမင်တွေနဲ့ shea butter လို့ခေါ်တဲ့ ထောပတ်တစ်မျိုးတို့ဟာလည်း eye cream တွေမှာ ပါဝင်လေ့ရှိတဲ့ အရေးကြီးပြီးအကျိုးရှိတဲ့ ပါဝင်ပစ္စည်းတွေဖြစ်ကြပါတယ်။

သဘာဝကုန်ကြမ်းတွေဟာလည်း မျက်လုံးတဝိုက် အသားအရေပြဿနာတွေအတွက် အင်မတန်အကျိုးရှိပြီး anitoxidant လို့ခေါ်တဲ့ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးတဲ့ဓါတ်ဟာ မျက်လုံးတဝိုက်အသားအရေပြဿနာတွေကို အများကြီးကူညီဖြေရှင်းပေးပါတယ်။

retinol၊ ကဖင်းဓါတ်၊ ဗီတာမင် C၊ alpha-hydroxy acids (AHA)၊ copper peptides တွေပါဝင်တဲ့ eye creamတွေကျတော့ မျက်ကွင်းညိုတာကို ကာကွယ်တားဆီး သက်သာပျောက်ကင်းစေပါတယ်။

အသားအရေကို အားပြန်ဖြည့်ပေးတဲ့ ညလိမ်းခရင်မ်တွေမှာဆိုရင်တော့ antioxidant တွေဖြစ်တဲ့ ဗီတာမင်A,C,E နဲ့ collagen ဓာတ်တို့ပါဝင်လေ့ရှိပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to choose eye cream http://www.overstock.com/guides/how-to-choose-the-best-eye-cream Accessed Date Jul 9, 2017

Act your age when it comes to skin care https://www.aad.org/news/age-and-skin-care Accessed Date Jul 9, 2017

Wrinkle creams: Your guide to younger looking skin. https://www.mayoclinic.org/diseases-conditions/wrinkles/in-depth/wrinkle-creams/art-20047463 Accessed Date Jul 9, 2017

Do eye creams really work?  https://www.piedmont.org/living-better/do-eye-creams-really-work Accessed Date Jul 9, 2017

Hello bright eyes! How to pick the eye cream that’s right for you. https://health.clevelandclinic.org/hello-bright-eyes-how-to-pick-the-eye-cream-thats-right-for-you/ Accessed Date Jul 9, 2017

ယခုပုံစံ

07/04/2023

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အကောင်းဆုံး eye cream ကို ရွေးချယ်နိုင်ရန် အချက် ၄ချက်

မျက်လုံး အညိုအမည်းတွေကို မြန်မြန်ဘယ်လို ပျောက်ကင်းအောင် လုပ်မလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 07/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement