backup og meta

မျက်နှာမှာရှိတဲ့ နေလောင်ကွက်နဲ့ အမည်းစက်တွေ သက်သာစေဖို့

မျက်နှာက လူတစ်ယောက် အတွက် အရေးပါတဲ့ သွင်ပြင် လက္ခဏာ ပါနော်။ လူအများစု ပြောကြတာက စိတ်ဓာတ်ကို ကြည့်ပေါင်းတာ ဆိုပေမယ့် တကယ်တော့ စတွေ့စမှာ ရုပ်ရည်သွင်ပြင်ကို ကြည့်ကြတာပါ။ လှပကြော့ရှင်းတဲ့ သွင်ပြင်က ယုံကြည်မှုကိုပါ တိုးစေတာပါနော်။ ဒီလို အရေးပါတဲ့ မျက်နှာလေးမှာ နေလောင်ကွက်နဲ့ အမည်းစက်တွေ ဖြစ်နေမယ် ဆိုရင် တော်တော်လေး စိတ်ပျက်မိမှာ အမှန်ပဲနော်။ ဒီအရေးပါတဲ့ မျက်နှာ သွင်ပြင်လေးကို နေလောင်ဒဏ်နဲ့ အမည်းစက်တွေကြောင့် အလှမပျက်စေဖို့ နဲ့ မျက်နှာမှာရှိတဲ့ နေလောင်ကွက်နဲ့ အမည်းစက်တွေ သက်သာစေဖို့ ဒီဆောင်းပါးလေး ကနေတဆင့် ကူညီပေးပါရစေ။

မျက်နှာမှာရှိတဲ့ နေလောင်ကွက်နဲ့ အမည်းစက်တွေ သက်သာစေဖို့

မျက်နှာမှာရှိတဲ့ နေလောင်ကွက်နဲ့ အမည်းစက်တွေ သက်သာစေဖို့

မျက်နှာမှာရှိတဲ့ နေလောင်ကွက်နဲ့ အမည်းစက်တွေ သက်သာစေဖို့ဆိုရင် ဒီနည်းလေးတွေက အဆင်ပြေစေမှာပါ။

Beta-carotene သောက်မယ်

လေ့လာသုတေသနပြုချက်တွေ အရ Beta-carotene က ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုး ဖြစ်ပြီး အသားအရေကို လိုအပ်တဲ့ အာဟာရဖြည့်တင်းပေးနိုင် သလို နေရောင်ကြောင့် ဖြစ်တဲ့ အသားအရေ ထိခိုက်မှုတွေကို လျော့ပါး သက်သာစေနိုင်ပါတယ်။ မုန်လာဥနီ၊ ဟင်းနုနွယ်နဲ့ သခွားမွှေးတို့မှာ Beta-carotene ပါတယ် ဆိုပေမယ့် လုံလောက်တဲ့ ပမာဏ ရရှိဖို့ဆိုရင်တော့ Beta-carotene ဖြည့်စွက်ဆေး တစ်ခုခုသောက်ပေးပါ။ ဗီတာမင် အေ အမျိုးအစား အားဆေးဖြစ်တာကြောင့် ဆရာဝန် ညွှန်ကြားချက်နဲ့ သောက်ဖို့ လိုပါတယ်။

Retinoids ပါဝင်တဲ့ လိမ်းဆေးတစ်ခုခုလိမ်းမယ်

ဒီဒြပ်ပေါင်းက အရေပြားက ကော်လာဂျင် ပမာဏကို တိုးစေနိုင်ပါတယ်။ ခရင်မ် ရှိသလို Serum အနေနဲ့လည်း အသုံးပြုနိုင် ပါတယ်။ ဒီနည်းလမ်းကလည်း နေလောင်ကွက်နဲ့ အမည်းစက်တွေကို လျော့ပါးသက်သာစေ နိုင်ပါတယ်။

Chemical peeling လုပ်မယ်

ဒီကုထုံး ကတော့ အပေါ်ယံ အရေပြားက ဆဲလ်သေတွေ၊ ပျက်စီးနေတဲ့ ဆဲလ်တွေကို ဖယ်ရှားတဲ့ ကုထုံးပါ။ ဆရာဝန်က ညွှန်ကြားတဲ့ အတိုင်း လိုက်လုပ်ရုံပါနော်။ alpha-hydroxy acid cream ဒါမှမဟုတ် salicylic acid cream ကို အသုံးပြုပြီး ဆဲလ်သေတွေကို ဖယ်ရှားလို့ အရေပြားကို ပြန်ပြုပြင်တဲ့ နည်းပါ။

Microdermabrasion ကုထုံး

ဒီကုထုံးကတော့ ဆန်စေ့လိုမျိုး အစေ့အဆန်တွေ၊ ပုံဆောင်ခဲလေးတွေ ဒါမှမဟုတ် စိန်တုံးရဲ့ ထိပ်ကလိုမျိုး အချွန်သေးသေးလေးတွေကို အသုံးပြုပြီး အပေါ်ယံ အရေပြားကို ဖယ်ရှားတဲ့ကုထုံးပေါ့။ ဒီနည်းလမ်းက ကော်လာဂျင်တွေ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးပြီး အရေပြားကို ကြည်လင်လှပစေနိုင်ပါတယ်။

လေဆာကုထုံး

ကုန်ကျစရိတ် အများဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းပါ။ အခြား ကုထုံးတွေထက် ပိုမို ကုန်ကျနိုင်ပါတယ်။ အရေပြားကို ထွင်းဖောက်နိုင်တဲ့ လေဆာ ရောင်ခြည်ကို အသုံးပြုပြီး ပျက်စီးနေတဲ့ အရေပြား အလွှာကိုဖယ်ရှားပြီး အရေပြားကို အသစ် ဖြစ်ပေါ်စေတဲ့ ကုထုံးပါ။

ကဲ မျက်နှာပေါ်က နေလောင်ကွက်တွေနဲ့ အမည်းစက်တွေကြောင့် စိတ်ညစ်နေတာလား။ အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေကို သုံးလို့ နေ့ရက်တိုင်းကို ယုံကြည်မှု ရှိရှိ ဖြတ်သန်းလိုက်ကြစို့လား………..

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

04/04/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ချွေးပေါက်ကျယ်ပြီး ဝက်ခြံပေါက်တတ်တဲ့ အသားအရေရှိသူတွေ ဘယ်လို skin care မျိုးရွေးချယ်သင့်သလဲ ။ ။

အသားအရေလှချင်ရင် ညနက်မှ အိပ်တဲ့အကျင့်ကို အရင်ဖျောက်ပါ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/04/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။