backup og meta

ပဲနို့ကပေးတဲ့ အလှအပ

မနက်ခင်းမှာ မနက်စာ အနေနဲ့ဖြစ်ဖြစ် နေ့လယ်ခင်းမှာ အဆာပြေ အနေနဲ့ဖြစ်ဖြစ် ပဲနို့ သောက်တတ်ကြလား။ ဒါဆိုရင်တော့ အရသာကို သဘောကျလို့ သောက်နေတဲ့ ပဲနို့လေးကနေ အခုလို အလှအပ အကျိုးကျေးဇူးလေးတွေကို ရရှိစေမှာပါ။ ပဲနို့ကပေးတဲ့ အလှအပ တွေက ဘာတွေများ ဖြစ်မလဲ။

ပဲနို့ကပေးတဲ့ အလှအပ

ပဲနို့ကပေးတဲ့ အလှအပ

ပဲနို့ သောက်သုံးတာက ခန္ဓာကိုယ်မှာ အကျိုးများသလို အလှအပ အတွက်လည်း အခုလို ထောက်ပံ့ပေး ပါသေးတယ်။

အရွယ်တင်စေတယ်

ပဲနို့မှာ ပဲကနေရတဲ့ အဆီအနှစ်တွေ ပြည့်ဝစွာ ပါဝင်နေပြီး အရွယ်တင် နုပျိုစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ပဲနို့ကို သောက်ပေးရင်လည်း အရွယ်တင်နုပျိုစေသလို ပဲနို့ကို ကြက်ဥအကာနဲ့ ရောစပ်ပြီး အသားပေါ်မှာ လိမ်းပေးမယ် ဆိုရင်လည်း အရေးအကြောင်းတွေ လျော့ပါးစေပြီး အသားအရေကို တင်းရင်း လှပနေစေမှာပါ။

အသားမခြောက်အောင် ကာကွယ်ပေးတယ်

ပဲနို့မှာ ရေဓာတ်ပြည့်ဝစွာ ပါဝင်နေတာကြောင့် ရေဓာတ် ဖြည့်ပေးပြီး အသားအရေကို အစိုဓာတ် ပြည့်ဝစေပါတယ်။ ပဲနို့က အသားအရေ အတွင်းပိုင်းအထိ ရေဓာတ် ဖြည့်ပေးနိုင်တာ ဖြစ်သလို အသားအရေကို ချောမွတ်ပြီး နူးညံ့စေနိုင်ပါတယ်။

သန့်စင်ထားတဲ့ မျက်နှာပေါ်ကို ပဲနို့ကို ဂွမ်းစလေးနဲ့ တို့ယူပြီး အိပ်ရာမဝင်ခင် ညတိုင်း လိမ်းပေးပါ။ မနက်ခင်းမှာ လတ်ဆတ်ပြီး ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။

ဆံပင် အဖျားနှစ်ခွတွေကို သက်သာစေတယ်

ပဲနို့မှာ ပရိုတင်း ပြည့်ဝစွာပါဝင်နေပါတယ်။ ပရိုတင်း ပြည့်ဝစွာ စားသုံးမှုက ဆံပင်အဖျား နှစ်ခွ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်မှာပါ။ ဆံသား ကျန်းမာစေဖို့အတွက်ကလည်း လုံလောက်ပြည့်ဝတဲ့ အာဟာရကို စားမိဖို့ လိုပါမယ်။

ဒါကြောင့် နေ့စဉ် ပုံမှန် ပဲနို့ တစ်ခွက် သောက်ပြီး ဆံသားနဲ့ အသားအရေကို အကောင်းဆုံး ထိန်းသိမ်းလိုက်ပါ။ ဆံပင် အဖျားနှစ်ခွ ကင်းပြီး ကျန်းမာတဲ့ ဆံသားကို ပိုင်ဆိုင်နိုင်မှာပါ။

ဝိတ်ကျစေတယ်

လေဒီတိုင်း တောင့်တတဲ့ သွယ်လျတဲ့ ခန္ဓာကိုယ် အချိုးအစား ပိုင်ဆိုင်နိုင်စေဖို့လည်း ပဲနို့က အားဖြည့်ပေးပါတယ်။ ပဲနို့က အပင် ကနေရတဲ့ ပရိုတင်း ပြည့်ဝစွာ ပါဝင်နေတာကြောင့် အဆီ ဖြစ်စေမှု နည်းသလို အမျှင်ဓာတ် ကြွယ်ဝမှုက အဆာခံ နိုင်စေပြီး မလိုအပ်ဘဲ မစားမိအောင် ကာကွယ်ပေးနိုင်ပါတယ်။

အရိုးမပွအောင် ကာကွယ်ပေးတယ်

ပဲနို့မှာ အသီးအရွက် ကနေရတဲ့ ပရိုတင်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် လေဒီလေးတွေမှာ အများဆုံး ဖြစ်တတ်တဲ့ အရိုးပွတာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး အရိုးတွေကို သန်မာစေဖို့ အားဖြည့်ပေးပါတယ်။ သံဓာတ် အားနည်းမှု ကင်းစေပြီး လန်းဆန်းတက်ကြွစေသလို သွေးဆုံးချိန်မှာ ခံစားရနိုင်တဲ့ ဝေဒနာတွေ ကင်းစေပါတယ်။

ကဲ လှပကျန်းမာနေစေဖို့ ပဲနို့တစ်ခွက်တော့ သောက်တော့မယ်ဟုတ်။ လေဒီ………….

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

GET THE SCOOP ON SOY https://www.bebeautiful.in/lifestyle/health-and-fitness/amazing-benefits-of-soy-milk-for-skin-hair-and-body Accessed Date 9 June 2020

6 Health and Beauty Benefits of Soy Milk https://makeupandbeauty.com/6-health-and-beauty-benefits-of-soy-milk/ Accessed Date 9 June 2020

ယခုပုံစံ

27/05/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေဒီလေးတို့ ရေနွေးနွေးတစ်ခွက် သောက်ပေးသင့်တဲ့ အကြောင်းအရင်း

အလှအပနဲ့ပတ်သက်လို့ ဒါတွေလုပ်မိနေပြီလား


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 27/05/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။