ဗောက်သီးလို့ ဆိုလိုက်ရင် အခွံလေးတွေကို ခွာလိုက်ပြီး အထဲမှာ ရွှေဝါရောင်သန်းနေတဲ့ ချစ်စရာကောင်းတဲ့ အသီးလေးတွေကို ပြေးမြင်ပြီးသား ဖြစ်မယ် ထင်ပါတယ်။ ဗောက်သီးက ခရမ်းချဉ်သီးနဲ့ အရသာ ခပ်ဆင်ဆင် ဆိုပေမယ့် ခရမ်းချဉ်သီးထက် အချိုကဲပြီး ပိုစားကောင်းတာတော့ အသေအချာပါ။