backup og meta

အောင်မဲညို အသားအရေ လှစေသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အောင်မဲညို အသားအရေ လှစေသလား

    အောင်မဲညို ကို အရင်က မြင်ဖူးသူ ရှားနိုင်ပေမယ့် အခုနောက်ပိုင်းတော့ ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုပြီး ရေနွေးကြမ်းထဲ ထည့်သောက်လာကြလို့ မမြင်ဖူးသူက ခပ်ရှားရှား ဖြစ်မယ်ထင်ပါတယ်။

    ဒီလို ကျန်းမာရေးအတွက် အကျိုးများတဲ့ အောင်မဲညိုက အသားအရေကိုရော ဘယ်လိုတွေ ထောက်ကူပေးသလဲ။ အသားအရေ လှပစေဖို့ အောင်မဲညိုကို အသုံးပြုလို့ရလားဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။

    အောင်မဲညို ဆိုတာ

    အောင်မဲညိုဆိုတာက ခရမ်းရောင်ရင့်ရင့် ပန်းပွင့်လေးတွေပါ။ အညှာစိမ်းစိမ်းလေးနဲ့ ပွင့်ချပ်လေးတွေက အရင်းနားမှာ အဖြူရောင် နဲ့ အဝါရောင် နည်းနည်းပါပြီး ရွက်ဖက်လေးတွေ အားလုံးက ခရမ်းရောင်ပါ။

    အောင်မဲညိုမှာ ဘာတွေပါလဲ

    အောင်မဲညိုမှာ

    ဓာတ်တိုးဆန့်ကျင် အာနိသင်တွေလည်း ကြွယ်ဝတာကြောင့် ကိုယ်တွင်းကိုယ်ပကို ကျန်းမာစေနိုင်သလို အရေပြားနဲ့ ဆံသားကိုလည်း လှပစေနိုင်ပါတယ်။

    အောင်မဲညို အသားအရေ လှစေသလား

    အောင်မဲညို အသားအရေ လှစေသလား

    အောင်မဲညို အသားအရေ လှစေသလား ဆိုတော့ အောင်မဲညိုက ကျန်းမာရေးကို ထောက်ကူပေးသလို အသားအရေလည်း လှပစေနိုင်ပါတယ်။ အသားအရေကို ဘယ်လိုများ ထောက်ကူပေးလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်လား။

    အသားအရေ အမျိုးအစား အားလုံးနဲ့ သင့်တော်တယ်

    အောင်မဲညိုက အသားအရေကို ရေဓာတ်ဖြည့်ပေးသလို ချောမွေ့စေဖို့ ထောက်ကူပေးပါတယ်။ ဓာတ်မတည့်တာမျိုး မဖြစ်စေနိုင်တာကြောင့် ထိခိုက်လွယ်တဲ့ အသားအရေက စလို့ အသားအရေ အမျိုးအစား အားလုံးအတွက် အသုံးပြုပေးလို့ ရပါတယ်။

    အရေပြားကို ကာကွယ်ပေးနိုင်တယ်

    အောင်မဲညိုမှာ အပင်ကနေရတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် E တို့ ပါဝင်နေတာကြောင့် အရေပြားကို နေဒဏ်၊ လေဒဏ်နဲ့ ညစ်ညမ်းမှုဒဏ်တွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဓာတ်မတည့်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို ဘက်တီးရီးယားတွေကြောင့် အရေပြား ထိခိုက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေကို အားဖြည့်ပေးပြီး အရေပြား ကျန်းမာစေနိုင်ပါတယ်။

    Collagen ထွက်ရှိစေတယ်

    အရေပြားကို အနာအဆာ ကင်းပြီး ကျန်းမာလှပစေဖို့ဆိုရင် အောင်မဲညိုကို အသုံးပြုပေးလို့ ရပါတယ်။ အောင်မဲညိုက အရေပြားကို ကော်လာဂင် ထွက်ရှိအောင် လှုံ့ဆော်ပေးပြီး အရေးအကြောင်းတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အမဲစက်တွေ၊ ဝက်ခြံတွေ သက်သာစေနိုင်ပါတယ်။ အခြားသော အရေပြားပြဿနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

    အစိုဓာတ် ထိန်းပေးတယ်

    အောင်မဲညို ရဲ့ နောက်ထပ် အလှအပ အကျိုးကျေးဇူးကတော့ အရေပြားကို အစိုဓာတ် ထိန်းပေးတာပါ။ အသားလေးကို တစ်နေ့တာလုံး ရေဓာတ်ဖြည့်ပေးထားပါတယ်။ နုပျိုပြီး ကြည်လင်တဲ့ အသားအရေ ပိုင်ဆိုင်ဖို့ အသုံးပြုပေးလို့ ရပါတယ်။

    အရေပြား နီမြန်းတာကို သက်သာစေနိုင်တယ်

    အောင်မဲညိုက အရေပြား နီမြန်းတာတွေကို သက်သာစေနိုင်သလို အရေပြားကို ဓာတ်မတည့်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဝက်ခြံကြောင့် နီမြန်းတာ၊ အသားအရေ ခြောက်သွေ့တာ၊ အရေပြား ကျိန်းစပ်စပ် ဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။

    အရေပြားကို ကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရတွေ ဖြည့်ပေးနိုင်ပါတယ်။

    ဓာတ်မတည့်တာကို သက်သာစေနိုင်တယ်

    အသားအရေမှာ ယားယံတာ၊ ဓာတ်မတည့်တာမျိုး ဖြစ်တာကို သက်သာစေဖို့ဆိုရင် အောင်မဲညိုကို အသုံးပြုပေးလို့ ရပါတယ်။ အောင်မဲညိုက အသားအေးစေပြီး ဓာတ်မတည့်တာကို သက်သာစေနိုင်ပါတယ်။

    ဓာတ်မတည့်မှုကို သက်သာစေသလို အရေပြားဆဲလ်တွေ အသစ်ဖြစ်စေဖို့လည်း ထောက်ကူပေးပါသေးတယ်။

    ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ်

    အောင်မဲညိုမှာ ဖလေဗာနွိုက်၊ anthocyanins နဲ့ polyphenols တို့လိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အသားအရေကို တင်းရင်း ကျန်းမာစေနိုင်ပါတယ်။

    တစ်နေ့တာမှာ တွေ့ကြုံရတဲ့ ညစ်ညမ်းမှုတွေ၊ ဓာတ်တိုးပစ္စည်းတွေကြောင့် အသားအရေ မထိခိုက်စေဖို့ ကာကွယ်ပေးပါတယ်။ အရေးအကြောင်း သက်သာစေပြီး ကြည်လင်လှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမှာပါ။

    ကဲ …. အရောင်အသွေးလှတဲ့ အောင်မဲညိုက ကျန်းမာရေးကိုပဲ ထောက်ကူပေးတာ မဟုတ်ပါဘူး။ အသားအရေ လှပစေဖို့လည်း အခုလိုလေးတွေ ထောက်ကူပေးပါတယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 20/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement