backup og meta

အရေပြားဖြည့်တည်းခြင်း


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေပြားဖြည့်တည်းခြင်း

    Dermal filler (အရေပြားဖြည့်တည်းခြင်း) ကို FDA မှ ၁၉၈၁ ခုတွင် လက်ခံပေးခဲ့ပါတယ်။ ထိုနည်းဟာ သင့်အရေပြားကို ပြည့်တင်းချောမွေ့သော သွင်ပြင်ကိုပေးနိုင်ပြီး မျက်နှာအရေးအကြောင်းများပျောက်ကာ တင်းရင်းသောအနေအထားပြန်ရနိုင်မည်ဖြစ်တယ်။

    အရေပြားတည်ဆောက်ပုံ

    အရေပြားမှာသုံးလွှာရှိတယ်

    အပေါ်ယံလွှာ၊ အောက်လွှာ၊ အဆီလွှာ တို့ဖြစ်တယ်။

    အပေါ်ဆုံးအလွှာက ဆဲလ်နဲ့တစ်သျှူးတွေကနေ ရေဓါတ်ဆုံးရှုံးခြင်းကို ကာကွယ်ထိန်းချုပ်ပေးပြီး ထိုအလွှာမရှိပါက ခန္ဓါကိုယ်ကြီးလျင်မြန်စွာ ရေဓါတ်ဆုံးရှုံးသွားမည်ဖြစ်တယ်။

    ဒုတိယလွှာ၊ အရေပြားအောက်လွှာမှာဖြင့် သွေးကြောများ၊ အာရုံကြောများ၊ မွှေးညင်းပေါက်များပါမည်ဖြစ်ပြီး ကော်လဂျင်(collagen) ဟုခေါ်သော ပရိုတင်းတစ်မျိုးနဲ့ အဓိကတည်ဆောက်ထားပါတယ်။

    အောက်ဆုံးလွှာကတော့ အဆီ၊ တွယ်ဆက်တစ်သျှူးများဖြင့် တည်ဆောက်ထားပြီး ပိုကြီးသော သွေးကြောများ၊ အာရုံကြောများရှိပါတယ်။ အဆီဂလင်း၊ အဆီ၊ ကော်လဂျင်ဆဲလ်များလည်း ရှိပြီး ခန္ဓါကိုယ်အပူကိုထိန်းသိမ်းကာ အတွင်းအင်္ဂါများကိုကာကွယ်ပေးထားပါတယ်။

    အရေပြားဖြည့်တင်းခြင်းဆိုတာဘာလဲ

    · နှုတ်ခမ်းပါးကိုထူစေနိုင်တယ်

    · မျက်နှာကောက်ကြောင်းလှစေတယ်

    · အရေးအကြောင်းများလျော့ပါးစေတယ်

    · အမာရွတ်များကို သက်သာစေပါတယ်

    ဆေးထုးပြီး အရေပြားကိုဖြည့်တင်းပေးခြင်းဖြစ်ပြီး ရေဓါတ်ပြည့်ဝကာ နုနယ်ပျိုမျစ်သောအသွင်အပြင် ပေးနိုင်ပါတယ်။ စောစီးစွာ အိုမင်းသောလက္ခဏာများပေါ်ခြင်းအတွက် အမတန်အကူအညီဖြစ်ပြီး မျက်နှာလှပအောင် ပြင်ခြင်းတစ်မျိုးထဲမှာပါတယ်။

    ပြန်လည်ဖြည့်တင်းလေ့ရှိသော နေရာများမှာ နှုတ်ခမ်း၊ ပါး၊ နှာရိုးတို့ဖြစ်ပြီး အရေးအကြောင်းများကို တင်းရင်းချောမွေ့စေဖို့ကတော့ နှာဖူး၊ မျက်လုံး၊ ပါးစပ်၊ မေးစေ့၊ လည်ပင်း၊ လက်တို့ဖြစ်တယ်။

    အသက်အရွယ်ကြီးလာတာနဲ့အမျှ မျက်နှာမှာသဘာဝအဆီများဆုံးရှုံးလာပါတယ်။ ထိုအခါ မျက်နှာကြွက်သားများ အရေပြားမျက်နှာပြင်နဲ့ ပိုနီးလာပြီး ပြုံးရာတွေ၊ မျက်လုံးထောင့်တွေမှာ အရာတွေထင်းလာ ပေါ်လာပါတော့တယ်။

    မျက်နှာအရေပြားလည်း ပိုပျော့လာပြီး တင်းရင်းမှုလျော့လာပါတော့တယ်။ နေလောင်မှု၊ မျိုးရိုးဗီဇ၊ နေထိုင်မှုပုံစံတွေကလည်း မျက်နှာအရေပြားကိုထိခိုက်စေပါသေးတယ်။

    Dermal filler ကိုဘယ်အချိန်သုံးနိုင်လဲ

    တကယ်လို့သင်ဟာ-

    · ကျန်းမာနေမယ်၊

    · ဆေးလိပ်မသောက်ဘူး၊

    · သင့်ပုံပန်းသွင်ပြင်ကိုပြောင်းလဲ တိုးတက်လိုစိတ်၊ အကောင်းမြင်စိတ်ဆန္ဒရှိတယ်ဆိုရင် သုံးနိုင်ပါတယ်။

    ဘယ်လောက်အာနိသင်ရှိလဲ

    ကုသပြီးစမှာ-

    · ကုသလိုက်တဲ့နေရာမှာ ပြည့်ဖောင်းနေလိမ့်မယ်

    · အနည်းငယ်ရောင်နေ၊ ပွန်းပဲ့ရာရှိနေနိုင်ပြီး

    · ထုံနေ၊ နီနေတတ်ပါတယ်

    ထိုအခြေအနေတွေက ရေခဲလေးကပ်ပေးခြင်းဖြင့် သက်သာပြီး နာရီအနည်းငယ်၊ ရက်အနည်းငယ်အတွင်းမှာပဲ ပျောက်ကင်းသွားပါလိမ့်မယ်။

    ထိုးသွင်းဖြည့်တင်းသောအရာက သင့်ကိုယ်ပိုင်အဆီဖြစ်ပါက အနာကျက်ဖို့ပျောက်ဖို့ အချိန်ပိုကြာနိုင်ပြီး ရက်သတ္တပတ်အနည်းငယ်ပင်ကြာနိုင်ပါတယ်။ ပိုသိဖို့အတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

    ဘယ်လောက်အသုံးပြုကြသလဲ

    နည်းအမျိုးမျိုးရှိပါတယ်။

    အရေပြားဖြည့်တင်းခြင်းဟာ မိတ်ကပ်တွေနဲ့မတူဘဲ မတူညီသောနူးညံ့မှုကိုလည်းပေးပါတယ်။ ပိုနူးညံ့သော ဖြည့်တင်းမှုတွေကိုနှုတ်ခမ်းအတွက်ပေးတတ်ပြီး ပိုတင်းရင်းသောဖြည့်တင်းမှုတွေကို ပါးတွေကိုဖြည့်တင်းဖို့အတွက် သုံးတတ်ပါတယ်။ အသုံးများတဲ့ ဖြည့်တင်းတဲ့အရာတွေကတော့ Collagen, Hyaluronic Acid, Bovine Collagen နဲ့ Polymethylmethacrylate, Poly-L-Lactic Acid, Calcium Hydroxylapatite, Autologous Cell Therapy တို့ဖြစ်တယ်။

    နောက်ဆက်တွဲပြဿနာများ

    ထိုပြန်လည်ဖြည့်တင်းမှုလုပ်မလုပ်ဟာ လုံးဝကိုကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ဆိုင်ပါတယ်။ ကောင်းကျိုး ဆိုးပြစ်များကို နှိုင်းယှဉ်ချိန်ဆကြည့်သင့်တယ်။

    နောက်ဆက်တွဲပြဿနာတွေက ဖြစ်လေ့တော့မရှိပါဘူး။ ဖြစ်နိုင်ချေရှိတဲ့အန္တရာယ်တွေက အသုံးပြုတဲ့ ဖြည့်တင်းပစ္စည်းပေါ်မူတည်တတ်တယ်။

    · ဝက်ခြံကဲ့သို့အဖုများပေါက်ခြင်း

    · မျက်နှာမညီခြင်း

    · ဆေးထိုးရာနေရာတွင် ပွန်းရာ၊ သွေးထွက်ရာ ရှိခြင်း၊ ရောင်ရမ်းခြင်း

    · အနာ၊ အမာရွတ်ဖြစ်ကျန်ခဲ့ခြင်း

    · ရောဂါပိုးဝင်ခြင်း

    · အဖုပေါက်ခြင်း

    · အရေပြားမျက်နှာပြင်အောက်တွင် ဖြည့်တင်းသော ပစည်း၊ အရည်စမ်းမိခြင်း

    · ယားဖုများပေါက်ခြင်း

    · နီခြင်း၊ ရဲခြင်း

    · အရေးကြောင်းများပြုပြင်မှုလိုခြင်း၊ ပိုခြင်း

    ထို dermal fillers မှာအဆင့်လေးဆင့်ရှိပါတယ်

    အဆင့် ၁ -ရွေးချယ်လိုက်သော ဖြည့်တင်းမည့်အရာပေါ်မူတည်ပြီး မျက်နှာသွင်ပြင်၊ အသားရောင်နှင့် ပြုပြင်မည့်ဧရိယာကို စစ်ဆေးခြင်း။

    အဆင့် ၂– ဆေးထိုးမည့်နေရာကို ပဋိဇီဝဆေးဖြင့် သန့်စင်ခြင်း။ ဆေးထိုးသည့်နေရာတွင် နာကျင်မှုကို ထုံးဆေးထိုးခြင်း၊ သုတ်ခြင်းဖြင့်ထုံစေခြင်း သို့၊ အေးစက်သောအရာဖြင့်အေးအောင်လုပ်ပြီး သက်သာစေပါလိမ့်မယ်။

    အဆင့် ၃ – ဆေးထိုးခြင်း၊ တစ်နေရာကို အခိုက်အတန့်လေးသာကြာတတ်ပြီး ဆေးထိုး၊ နှိပ်နယ်ကာ ရလဒ်ကိုပိုမိုကောင်းမွန်အောင်ပြုပြင်ပြီး လိုအပ်သည့်နေရာမှာ ထပ်ဖြည့်တင်းခြင်းများ ရှိပါလိမ့်မယ်။ ကုသမည့်နေရာများပေါ်မူတည်ပြီး ၁၅ မိနစ်ခန့်ထိမြန်နိုင်သလို တစ်နာရီခန့်လည်းကြာနိုင်ပါ်တယ်။

    အဆင့် ၄– ရလဒ်များကိုကျေနပ်သည့်အခါ မှတ်သားရာများကို သန့်စင်ပေး၊ ဖျက်ပေးပြီး ရောင်ရမ်းခြင်းအတွက် ရေခဲကပ်နိုင်ပါတယ။် တစ်ရက်နှစ်ရက်ခန့် အနည်းငယ်နာကျင်နိုင်သော်လည်း ဆေးသောက်၊ ဆေးထိုးရလောက်သည်ထိ မနာကျင်တတ်ပါဘူး။

    အရေပြားဖြည့်တင်းခြင်းနည်းတွေဟာ အရေးကြောင်းတွေ၊ မနက်တဲ့အမာရွတ်တွေကို ပြုပြင်ဖို့ အလွန်ကိုအာနိသင်ရှိ၊ အသုံးဝင်ပါတယ်။ ဖြည့်တင်းတတ်သောပစ္စည်းတွေကတော့ Collagen, Hyaluronic Acid, Polymethylmethacrylate With Bovine Collagen, Poly-L-Lactic Acid, Calcium Hydroxylapatite, Autologous Cell Therapy တို့ဖြစ်တယ်။

    Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement