backup og meta

အတွင်းသို့ပြန်ပေါက်နေသော အမွေးတွေကို ကောင်းမွန်စွာ ဖယ်ရှားရန်နည်းလမ်းများ

အတွင်းသို့ပြန်ပေါက်နေသော အမွေးတွေကို ကောင်းမွန်စွာ ဖယ်ရှားရန်နည်းလမ်းများ

အမွေးတွေဟာ အတွင်းသို့်ပြန်ပေါက်ရန် ဖိနှိပ်ခံရသောအခါ အရေပြားအပြင်ဘက်ကို ကောင်းကောင်းမပေါက်နိုင်တော့ဘဲ အတွင်းဘက်ကို ပေါက်သောအမွှေးတွေ ဖြစ်လာတတ်ပြီး နာကျင်စေတဲ့ အနီရောင်အဖုအဖြစ်ပြောင်းလဲကာ ရောဂါပိုးဝင်ရောက်စေနိုင်ပါတယ်။ သင်ဟာ အလှပြင်ဆိုင်မှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် ဖယောင်းနှင့်အမွေးချွတ်ခြင်း ပြုလုပ်တဲ့အခါ အတွင်းကိုပြန်ပေါက်တဲ့အမွေးတွေဖြစ်လာတတ်ပါတယ်။ ဖိခြင်းခံရတဲ့နေရာတွေမှာ အတွင်းကိုပေါက်တဲ့ အမွှေးတွေအဖြစ်များတတ်ပါတယ်။( ဥပမာ- အတွင်းခံနေ့တိုင်းဝတ်တဲ့သူမှာ အတွင်းခံကြိုးနေရာမှာ တွေ့ရတတ်ပါတယ်)

အတွင်းကိုပြန်ပေါက်တဲ့အမွှေးတွေကို ဖြစ်စေသောအကြောင်းများ

လူတိုင်းမှာ အတွင်းကိုပြန်ပေါက်တဲ့ အမွှေးတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီပြဿနာဟာ အမွှေးကြမ်းပြီးကောက်တဲ့လူတွေမှာ ပိုအဖြစ်များတတ်တယ်။ အမွှေးရိတ်ပြီးတဲ့အချိန် သို့ ညှပ်ပြီးတဲ့အချိန်မှာ ကောက်တဲ့အမွှေးဟာ နောက်ကိုပြန်ကွေးပြီး အရေပြားအောက်ကိုပြန်ဝင်သွားတတ်တယ်။

ဒါ့ပြင် တချို့လိင်နှင့်ဆိုင်သောဟော်မုန်းအထွက်များတဲ့ လူတွေဟာ အမွေးပိုပေါက်တဲ့အတွက် အမွေးရိတ်ပြီးချိန်မှာ အတွင်းသို့ ပြန်ပေါက်တာအဖြစ်များတယ်။

အမွှေးထူထူကောက်ကောက်တွေကို ပိုင်ဆိုင်တဲ့လူမျိုးတွေမှာ Pseudofolliculitis လို့ခေါ်တဲ့ အတွင်းကိုပြန်ပေါက်တဲ့ အမွေးတွေရှိတတ်ကြတယ်။ Razor အဖုလို့ အသိများကြတယ်။ ဒီအဖုလေးတွေဟာ ပါးသိုင်းမွှေးပေါက်တဲ့နေရာမှာ တွေ့ရများပြီး သင်မလိုလားတဲ့အမွေးတွေကို ဖယ်ရှားဖို့အတွက် မုတ်ဆိတ်ရိတ်ခြင်း၊ ဖယောင်းကပ်ခွာသုံးခြင်း(သို့) ဆွဲနှုတ်ပြီးချိန်တို့မှာ တွေ့ရတတ်တယ်။ အတွင်းကိုပေါက်တဲ့ အမွှေးတွေရဲ့အစွန်းဟာ ချွန်ထက်နေတတ်တဲ့အတွက် အရေပြားအောက်ကိုလွယ်ကူစွာ ဝင်ရောက်နိုင်ပြီး ပိတ်မိနေတတ်တယ်။

အတွင်းကိုပေါက်တဲ့အမွှေးတွေကို ဘယ်လိုဖယ်ရှားမလဲ။

အဝတ်အစားကျပ်ကျပ်တွေ ဝတ်ခြင်းမှရှောင်ကြဉ်ပါ

အကယ်၍ သင်ဟာ ကိုယ်ခန္ဓါကောက်ကြောင်းပေါ်စေတဲ့ အတွင်းခံမျိုး ( Spanx shapewear) ဝတ်တဲ့အခါ အဝတ်တွေက သင်နှင့်ကြည့်ကောင်းတယ် လို့ခံစားရနိုင်ပါတယ်။ သို့သော် အတွင်းကိုပြန်ပေါက်တဲ့အမွေးတွေ အဖြစ်များတာ ဘာကြောင့်လို့ သင်ထင်ပါသလဲ။ တင်းကြပ်တဲ့ အတွင်းခံတွေက သင့်ရဲ့မွှေးညင်းပေါက်တွေကို အားနှင့်ဖိတာတို့ ပွတ်တိုက်တာတို့ ဖြစ်စေတယ်။ ထိုအကြောင်းကြောင့် အမွှေးတွေကို အပြင်သို့မပေါက်စေဘဲ လိမ်ကောက်ပြီး အရေပြားအတွင်းသို့ ပြန်ဝင်စေတယ်လို့ အရေပြားဆရာဝန် Ava Shamban M.D ကပြောတယ်။ ဂျင်းဘောင်းဘီကျပ်ကျပ်တွေကို အကြာကြီးဝတ်ရင်လည်း ဖြစ်စေနိုင်ပါတယ်။

ရေပန်းအောက်မှာ အမွေးရိတ်ဖို့ အချိန်အနည်းငယ်သုံးပါ

အမွေးရိတ်ခြင်းဟာ အရေပြားကို ဖိအားပေးသလိုဖြစ်စေတယ်၊ မွှေးညင်းပေါက်တွေကို ပျက်ဆီးစေတယ်၊ အတွင်းဘက်သို့ အမွေးပြန်ပေါက်ဖို့ကို အားပေးတယ်။ ထိုသို့မဖြစ်စေရန် သင်ဟာ ရေချိုးပြီးနောက်မှ အမွေးရိတ်တာကို လုပ်သင့်တယ်လို့ ဗီးနပ်စ်မှအရေပြားဆရာဝန် Jody Levine,M.D. ကအကြံပြုထားတယ်။ ဒီအချိန်ခဏလေးဟာ မွှေးညင်းပေါက်တွေကို အစိုဓါတ်ဖြည့်ပေးနိုင်တဲ့အပြင် အမွှေးတွေက ပျော့ပျောင်းနေပြီး ရိတ်တဲ့ အချိန်မှာ အမွေးတွေကို အတင်းဆွဲနှုတ်မိတာမျိုး မဖြစ်အောင် လျော့ချပေးပါတယ်။ အမွှေးတွေကို အတင်းဆွဲနှုတ်လေလေ အမွှေးတွေကောက်ပြီး အတွင်းသို့ဝင်ပြီး အဖုဖြစ်နိုင်ချေများလေပဲလို့ Levine ကဆိုပါတယ်။

အစိုဓါတ်ဖြည့်ပေးတဲ့ အမွေးရိတ်တဲ့ ခရင်မ် သုံးပါ

ကြမ်းပြီးကောက်တဲ့ အမွေးတွေက အတွင်းသို့ ပြန်ပေါက်နိုင်ချေများတာကြောင့် သင့်အတွင်းခံဘောင်းဘီကြိုးနေရာတွေက အဖြစ်များဆုံးနေရာဖြစ်တတ်တယ်။ သင့်ခါးပတ်အောက်ပိုင်းနေရာတွေကို အမြဲချောမွေ့နေဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ အမွေးရိတ်တိုင်း အစိုဓါတ်ဖြည့်ပေးတဲ့ ခရင်မ်ကိုလိမ်းပါ။

ဆဲလ်သေတွေကို ကွာကျအောင်လုပ်ပါ

အမွေးတွေမဖယ်ရှားခင် ဆဲလ်သေတွေကို ကွာကျအောင်ပြုလုပ်တာဟာ အတွင်းကိုပြန်ပေါက်တဲ့အမွေးတွေကို မဖြစ်စေနိုင်ပါဘူး။ အရေပြားက ဆဲလ်သေတွေနဲ့ထူလေလေ အရေပြားကိုဖြတ်ပြီး ဖြောင့်တန်းစွာအမွေးပေါက်ဖို့ခက်လေလေ လို့ မျက်နှာအလှအပခွဲစိတ်ဆရာဝန် James Marotta.M.Dကပြောပါတယ်။ ဆဲလ်အသေတွေ ဖယ်ရှားခြင်းဟာ အမွှေးတွေကို ကောင်းစွာပေါက်စေနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

6 Strategies to Banish Ingrown Hairs for Good. http://www.womenshealthmag.com/beauty/ingrown-hairs

Ingrown Hair. http://www.webmd.com/skin-problems- and-treatments/guide/ingrown- hair-causes- symptoms-treatment#16 Strategies to Banish Ingrown Hairs for Good. http://www.womenshealthmag.com/beauty/ingrown-hairs

Ingrown Hair. http://www.webmd.com/skin-problems- and-treatments/guide/ingrown- hair-causes- symptoms-treatment#1

ယခုပုံစံ

04/11/2022

Phyo Wai Yan မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

ဆက်စပ် အကြောင်းအရာများ

ခရမ်းသီး အသားအရေ လှစေသလား!

လက်သည်းဖျက်ဆေး နဲ့ ကျန်းမာရေးအန္တရာယ်

Phyo Wai Yan မှ ရေးသားသည်။ · 04/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement