backup og meta

အရေးအကြောင်းတွေဖြစ်မလာဖို့ ဘယ်လိုကာကွယ်ရမလဲ

အရေးအကြောင်းတွေဖြစ်မလာဖို့ ဘယ်လိုကာကွယ်ရမလဲ

အရေးအကြောင်းတွေ ဖြစ်မလာဖို့ ဘယ်လိုကာကွယ်ရမလဲ။

အရေးအကြောင်းဆိုတာ အသားအရေပေါ်မှာ အတွန့်အခေါက်တွေဖြစ်လာတာပါ။ များသောအားဖြင့်တော့ အသက်ကြီးလို့ ဖြစ်ကြတာပေါ့။ သင်အသက်ကြီးလာလေလေ ဆဲလ်ပွားနှုန်းက ပိုနှေးလာလေလေဖြစ်ပြီး အရေပြားက တဖြည်းဖြည်းပါးလာပါတယ်။ အသက်ကြီးလာတာနဲ့ အမျှ အသားတွေ ခြောက်လာပါးလာပြီး အသားကြုံ့နိုင်ဆန့်နိုင်စွမ်းတွေ နည်းပါးလာတဲ့အခါမှာ သင့်အသားပေါ်မှာ အရေးအကြောင်းတွေ ထင်လာတော့တာပါပဲ။ အခြားအချက်တွေကလည်း ဇရာဖြစ်စဉ်ကိုပိုမြန်စေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေကာ အချိန်မတိုင်ဘဲ အရေးအကြောင်းတွေဖြစ်လာစေတော့တာပါပဲ။ ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ နေရောင်ခြည်နဲ့ ညစ်ညမ်းမှုတွေကလည်း အရွယ်မတိုင်ခင် အိုမင်းလာစေပါတယ်။

အရေးအကြောင်းဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်း -နေရောင်ခြည်နဲ့ ထိတွေ့မှု

ကျန်းမာတဲ့ ရွှေညိုရောင်အသားအရေဆိုတာက အတော်ကိုကောင်းမွန်ပါတယ်။ ဒါပေမဲ့ နေပူဆာလှုံခြင်းကြောင့်ဖြစ်လာတဲ့ ရွှေညိုရောင် အသားကတော့ အသားအရေပျက်စီးခြင်းရဲ့ သင်္ကေတပါပဲ။ ဒါဟာ ခရမ်းလွန်ရောင်ခြည်ကအသားအရေကို အထောက်အပံ့ပေးနေတဲ့ ဖွဲ့စည်းပုံတွေကို ထိုးဖောက် ဖျက်ဆီးပစ်လိုက်ခြင်းရဲ့ သက်သေပဲမဟုတ်လား။ အရေးအကြောင်းအများစုဟာ ဘဝတစ်သက်တာ ေ နရောင်ခြည်နဲ့ ထိတွေ့လာရခြင်းကြောင့် ဖြစ်လာကြတာပါ။ ဒီလိုဖြစ်နေတာတွေကိုရပ်တန့်လိုက်ဖို့ ဘယ်တော့မ ှနောက်ကျသွားတယ် လို့မရှိပါဘူး။

အရေးအကြောင်းတွေဖြစ်စေတဲ့ အခြားထိပ်တန်းအကြောင်းရင်း – ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းဟာ သင့်အသားအရေကို ထိခိုက်စေနိုင်တယ်ဆိုတာ မေးနေစရာကိုမလိုပါဘူး။ ဆေးလိပ်သောက်ခြင်းဟာ အိုမင်းရင့်ရော်ခြင်းကို ပိုမြန်ဆန်လာစေပြီး အရေးအကြောင်းတွေနဲ့ အသားအရည်ဟာ သင့်နဂိုရှိရင်းစွဲအသက်ထက် ပိုပြီးကြီးနေတယ်လို့ ထင်ရစေပါတယ်။

ဆေးလိပ်သောက်တဲ့ လူတွေမှာဆိုရင် အသက်၂၀အရွယ်လောက်မှာတည်းက အချိန်မတိုင်မီ အရေးအကြောင်းဖြစ်ခြင်းကို မိုက်ခရိုစကုပ် အောက်မှ မြင်နေနိုင်ပါပြီ။ ဆေးလိပ်သောက်တဲ့ နှစ်ပေါင်းကြာလေလေ အရေးအကြောင်းတွေ ပိုပြီးများလာလေလေပါပဲ။ အရေးအကြောင်းတွေဟာ ဆေးလိပ်သောက်သူတွေမှာ ပိုပြီးနက်နက်ရှိုင်းရှိုင်းဖြစ်တတ်ပါတယ်။ ဆေးရွက်ကြီးက အသားအရည်ကိုမွဲခြောက် ကြမ်းတမ်းစေပါတယ်။

မျက်နှာကြွက်သားတွေရဲ့ လှုပ်ရှားမှုက အရေးအကြောင်းတွေကို ဘယ်လိုဖြစ်စေသလဲ။

မျက်လုံးထောင့်က အရေးအကြောင်းတွေ သို့မဟုတ် မျက်ခုံးနှစ်ခုကြားထဲက အရေးအကြောင်းတွေ ဟာ ကြွက်သားငယ်တွေ လှုပ်ရှားခြင်းကြောင့် ဖြစ်ရတယ်လို့ယူဆကြပါတယ်။ ဘဝတစ်လျှောက်လုံးမှာ အကျင့်ပါနေခဲ့တဲ့ မျက်နှာအမူအရာတွေ ဥပမာမျက်မှောင်ကြုံ့ခြင်း ၊ပြုံးခြင်းနဲ့ မျက်လုံးမှေးကြည့်ခြင်းတွေဟာ အရေပြားပေါ်မှာသူတို့ရဲ့ အမှတ်အသားတေ ွချန်ထားခဲ့ကြပါတယ်။

အိပ်စက်တဲ့ပုံစံတွေက အရေးအကြောင်းတွေကို ဘယ်လိုဖြစ်စေသလဲ။

သင်အိပ်စက်တဲ့ပုံစံနည်းလမ်းတွေကလည်း အရေးအကြောင်းတွေကို တကယ်ဖြစ်လာစေနိုင်ပါတယ်။ ခေါင်းအုံးက ဘယ်လိုပဲ နူးညံ့ပျော့ပြောင်းနေပါစေ၊ ညတိုင်းသင့်မျက်နှာပေါ်မှာ ဖိအားသက်ရောက်စေနိုင်တာပါပဲ။ နှစ်ပေါင်းများစွာကြာလာတဲ့အချိန်မှာ ဒါတွေက မေးစေ့ ပါးနဲ့ နဖူးတွေပေါ်မှာလိုင်း (sleep lines) တွေထင်စေနိုင်ပါတယ်။ သင့်ရဲ့ ကိုယ်ပိုင်sleep lines ပုံစံတွေက သင့်ခေါင်းအုံးပေါ်မှာ မျက်နှာကို ဘယ်လိုထားပြီး အိပ်သလဲဆိုတာ ပေါ်မှာမူတည်ပါတယ်။

အရေးအကြောင်းဖြစ်ရခြင်းရဲ့ အံ့အားသင့်စရာကောင်းတဲ့ အကြောင်းရင်း – Yo-yo Dieting

အချို့သောကျွမ်းကျင်ပညာရှင်တွေကတော့ yo-yo dieting ကို ထပ်ခါထပ်ခါလုပ်နေတာဟာ အသားအရည်ကိုပျက်စီးစေတယ်လို့ ယုံကြည်ကြပါတယ်။ Yo-yo dieting ဆိုတာကတော့ ခုပဲ အလေးချိန်ပမာဏ အများကြီးလျှော့ချလိုက်တယ် မကြာဘူးအလေးချိန်တွေ မနည်းပြန်တက်လာတယ် စတဲ့ဖြစ်စဉ်ကိုဆိုလိုတာပါ။ အရေပြားကိုထပ်ခါထပ်ခါ ဆွဲဆန့်နေခြင်းက နုပျိုတင်းရင်းတဲ့ အသားကို ရရှိစေနိုင်တဲ့ အရေပြားရဲ့ elastic structure (ကြုံ့ဆန့်နိုင်တဲ့ဖွဲ့စည်းပုံ) ကိုပျက်စီးစေနိုင်ပါတယ်။

အရေးအကြောင်းတွေမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ။

နေရောင်ခြည်နဲ့ထိတွေ့မှုကိုရှောင်ကြဉ်ပါ။

အပြင်ထွက်တိုင်းအဖြူရောင် သို့မဟုတ် အရောင်ဖျော့လေးတွေကိုဝတ်ဆင်ပြီးဦးထုပ်ကိုအမြဲဆောင်းပါ။ နေပူစာလှုံတာကိုလည်း ရှောင်ကြဉ်ပါ။ နရောင်ခြည်ထက် ဒါကပိုဆိုးပါတယ်။

နေလောင်ခံခရင်မ်လိမ်းပါ။

အကောင်းဆုံး အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်မယ့်နည်းလမ်းကတော့အနည်းဆုံး SPF 15ပါဝင်တဲ့ နေရာင်ကာ လိမ်းဆေးကိုနေရောင်ခြည်ထဲမထွက်ခင် နာရီဝက်အလိုမှာတည်းကလိမ်းထားပါ။ ဒီလိုလုပ်ခြင်းက သင့်အသားအရည်ကို UVA နဲ့ UVBနေရောင်ခြည်ဒဏ်မှ ကာကကွယ်ပေးနိုင်ပါတယ်။ ပါဝင်ပစ္စည်းစာရင်းထဲမှာ zinc သို့မဟုတ် titanium oxide ပါဝင်တာကို ရွေးချယ်ပါ။

ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုရှောင်ကြဉ်ပါ။

အိုဇုန်း၊မီးခိုးနဲ့ ဓါတ်ငွေ့တွေဟာအသားအရည်အိုမင်းရင့်ရော်စေပြီးအချိန်မတိုင်ခင် အရေးအကြောင်းတွေကိုဖြစ်စေနိုင်တဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေပါ။

စောစောစတင်ပါ။

အိုမင်းရင့်ရော်ခြင်းကို ကာကွယ်တဲ့ အရေပြားထိန်းသိမ်းမှုတွေကို စောစောစတင်ပါ။ ခွဲစိတ်မှုမပါသောအလှအပရေးရာ ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးပါ။ အရေပြားပြန်ထူလာစေပြီးအရေးအကြောင်းတွေကိုလျှော့ချပေးနိုင်တဲ့ ပစ္စည်းတွေ အများကြီးသိရှိရနိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။

ဆေးလိပ်သောက်ခြင်းဟာ အောက်ဆီဂျင်နဲ့အာဟာရတွေကိုဖယ်ရှားပစ်နိုင်ပြီး ခန္ဓါကိုယ်ဆဲလ်တွေထဲမှာရှိတဲ့ free radicalတွေကိုတိုးလာစေနိုင်ပါတယ်။ ဒါကအရေပြားရင့်ရော်ခြင်းရဲ့ အဓိကအချက်ပါ။ သောက်ခဲ့တဲ့ ဆေးလိပ်ပမာဏနဲ့ နှစ်ပေါင်းတွေဟာ အရွယ်မတိုင်ခင် အရေးအကြောင်းဖြစ်ခြင်းနဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ်။

နေကာမျက်မှန်တပ်ပါ။

အိမ်တွင်းမှာနေထိုင်ခြင်းနဲ့ ပြူတင်းပေါက်တွေနဲ့ ခပ်ဝေးဝေးမှာနေထိုင်ခြင်းတွေအပြင် နေကာမျက်မှန်တွေဟာ

မျက်လုံးတစ်ဝိုက်က ပါးလွှာပြီးထိခိုက်လွယ်တဲ့ အေရေပြားကိုခရမ်းလွန်ရောင်ခြည်တွေကနေ ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါ။

ပက်လက်အိပ်ပါ။

မှောက်ခုံအိပ်ပြီးမျက်နှာနဲ့ ခေါင်းအုံးကပ်ထားခြင်းက sleep lines တွေဖြစ်စေနိုင်ပြီးဒီလိုင်းတွေကအရေးအကြောင်းတွေအဖြစ် ပြောင်းသွားမှာပါ။ ပိုးခေါင်းအုံးစွပ်တွေကလည်းအရေးအကြောင်းမဖြစ်လာဖို့ ကာကွယ်တဲ့နေရာမှာအထောက်အပံ့ဖြစ်ပါတယ်။

Moisturizer သုံးပါ။

Moisturizer (အစိုဓါတ်ထိန်းအလှဆီ)ကောင်းတစ်ခုက အသားအရည်ကို ရေဓါတ်ဖြည့်ပေးပြီး အရေးအကြောင်းတွေကို ချောမွေ့စေပါတယ်။

ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။

ပုံမှန်လေ့ကျင့်ခန်းလုပ်တာက နှလုံးသွေးလည်ပတ်မှု ကောင်းမွန်စေပြီး အသားအရေအတွက် လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရကို ရစေနိုင်ပါတယ်။ နှလုံးသွေးလည်ပတ်မှုကောင်းစေတဲ့ လေ့ကျင့်ခန်းတွေကိုနှလုံးနဲ့ အရေပြားကျန်းမာရေးအတွက် လုပ်သင့်ပြီးအရေပြားအောက်က ကြွက်သားတွေအတွက် ကြွက်သားသန်မာလာစေတဲ့ လေ့ကျင့်ခန်းတွေကိုလုပ်သင့်ပါတယ်။

ကောင်းကောင်းစားပါ။

အာဟာရပြည့်တဲ့ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်တဲ့အစားအသောက်တွေကို စားသုံးပါ။ ရေနဲ့ အခါးရည်များများသောက်ပေးပါ။ ဟင်းသီးဟင်းရွက် သစ်သီးဝလံတစ်မျိုးမျိုးကို တစ်ရက်မှာရှစ်ခေါက်မှ ဆယ်ခေါက်ထိစားသုံးပေးပါ။ ဆယ်မွန်ငါးလတ်လတ်ဆတ်ဆတ်တွေကို တစ်ပတ်မှာ ၃ကြိမ်စားပေးပါ။ သို့မဟုတ် herring, mackerel, trout, tuna စတဲ့ အိုမီဂါ ၃ ပါဝင်တဲ့ငါးတွေစားပါ။ အစားအစာတွေမှာ အရေး အကြောင်းတွေကို တိုက်ဖျက်ဖို့ ခန္ဓါကိုယ်ကလိုအပ်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အပြည့်အဝပါဝင်တာကြောင့် ဇရာဖြစ်စဉ်ကိုရင်ဆိုင်နိုင်တဲ့ အံ့သြဖွယ်စွမ်းရည်တွေရှိပါတယ်။

သကြားကိုရှောင်ပါ။

ဓါတုပစ္စည်းတွေနဲ့ ပြုလုပ်ပြုပြင်ထားတဲ့ စားစရာတွေနဲ့ သကြားတွေကိုရှောင်ကြဉ်ပါ။ သူတို့မှာသင့်အရေပြားကိုအချိန်မတိုင်မီအိုမင်းစေတဲ့ ဓါတုပစ္စည်းတွေပါဝင်ပါတယ်။

Retin-A or Renovaကိုစမ်းသုံးကြည့်ပါ။

ဆရာဝန်နဲ့တွေ့ပြီးRetin –A ကိုသုံးဖို့အညွှန်းတောင်းပါ။ Retin –A ဆိုတာဇရာဖြစ်စဉ်တစ်ခုဖြစ်တဲ့ အရေးအကြောင်းတွေကို လျှော့ချပေးနိုင်ပြီး ပါးနေတဲ့အရေပြားကို ထူစေနိုင်ကြောင်းသက်သေပြထားတဲ့ ခရင်မ်တစ်မျိုးပါ။ သင့်အသားအရည်ကို အရမ်းကိုခြောက်သွေ့နေမယ်ဆိုရင် Renovaအကြောင်းမေးကြည့်ပါ။ Renovaဆိုတာပိုပြီးနူးညံ့ပျော့ပျောင်းတဲ့ ဖော်မြူလာပါဝင်တဲ့ အရေးအကြောင်း ပျောက်ခရင်မ်တစ်မျိုးပါပဲ။

စိတ်ဖိစီးမှုတွေကိုရှောင်ပါ။

သင်ကစိတ်ဖိစီးမှုတွေများနေမယ်ဆိုရင် သင့်ခန္ဓါကိုယ်က စွမ်းအားပြည့်အိုမင်းရင့်ရော်စေတဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ cortisol ကို သင့်သွေးလမ်းကြောင်းထဲ ထည့်လွှတ်ပေးလိုက်မှာပါ။ တကယ်လို့ သင့်မှာ နှစ်ရှည်လများ စိတ်ဖိစီးစရာတွေရှိခဲ့မယ်ဆိုရင် ယောဂကျင့်ပါ။ နေ့စဉ်ဂျာနယ်ထဲထည့်ဖို့စာရေးပါ။ သီချင်းဆိုပါ။ လမ်းလျှောက်ပါ။ တရားထိုင်ပါ။ သင့်စိတ်ဖိစီးမှုတွေ လျော့ကျနိုင်မယ့် ဘယ်အရာကိုမဆိုလုပ်ကြည့်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.webmd.com/beauty/wrinkles/aging-skin- do-you- look-older- than-you-should

http://www.livestrong.com/article/102505-causes- premature-wrinkling- skin/

http://www.huffingtonpost.ca/2013/04/04/get-rid- of-wrinkles- _n_3014430.html

ယခုပုံစံ

12/05/2020

Wathun Myat Chal မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခရမ်းသီး အသားအရေ လှစေသလား!

လက်သည်းဖျက်ဆေး နဲ့ ကျန်းမာရေးအန္တရာယ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement