ညဘက်အိပ်ခါနီးတိုင်း မိတ်ကပ်ဖျက်ပြီးမှအိပ်ပါ။ ကိုယ့်အသားအရေ နဲ့ သင့်တော်တဲ့ မိတ်ကပ်ဖျက်ဆေးကို Cotton Pad လေးနဲ့ သေချာစွာ ဖျက်ပြီးမှ မျက်နှာသစ်၊ အိပ်စက်သင့်ပါတယ်။ တနေကုန်လိမ်းထားတဲ့မိတ်ကပ်တွေက တော်ရုံဆပ်ပြာတွေ၊သုံးနေကျ မျက်နှာ သစ်ဆေးတွေနဲ့ မျက်နှာသစ်လို့ မပြောင်စင်နိုင်ပါဘူး။ တာရှည်ခံတဲ့အမျိုးအစားဆို ပိုဆိုးပါတယ်။ မိတ်ကပ်မစင်ခဲ့ရင်ချွေးပေါက်ပိတ်ပြီး ဝက်ခြံတွေဖြစ်လာစေနိုင်ပါတယ်။
မျက်နှာသစ်ပါ
မျက်နှာသစ်ဆေးကောင်းကောင်းနဲ့ မနက်တစ်ကြိမ် ညတစ်ကြိမ် ညင်သာစွာ မျက်နှာသန့်စင်ပေးတဲ့အလုပ်ကို ပုံမှန်လုပ်နေကျ အသားအရေ ထိန်းသိမ်း ရေးကိစ္စမှာထည့်သွင်းလိုက်ပါ။ မနက်ဘက် သန့်စင်ပေးခြင်းဖြင့် တစ်ညလုံး မျက်နှာမှာ ထွက်ထားတဲ့ အဆီများကို ဖယ်ရှား၍ လန်းဆန်းစေပါတယ်၊ အသားအရေ သန့်စင်မှသာ မိမိအသုံးပြုတဲ့ skin care ပစ္စည်းတွေအားလုံး အသားထဲ စိမ့်ဝင်မှာဖြစ်လို့ Cleansing Step က အရမ်းအရေးပါပါတယ်။ ညဘက်မှာဆိုရင်လဲ တနေကုန် အပြင်ထွက်ထားတဲ့ အတွက် မမြင်နိုင်တဲ့ ဖုန်မှုန့် အညစ်အကြေးတွေက မျက်နှာပေါ်မှာမက ချွေးပေါက်တွေ ထဲထိ ဝင်ရောက်နေနိုင်ပါတယ် ဒါတွေအားလုံး သန့်စင်ဖို့ ကိုယ်နဲ့သင့်တော်တဲ့ Facial Foam သို့ Gel ကို နေ့စဉ် သုံးသင့်ပါတယ်။
တိုနာသုံးပါ
မျက်နှာသစ်ပြီး တိုနာ(Toner) သုံးပေးပါ။ Cleanser နဲ့ မျက်နှာ သစ်ပြီးတဲ့အခါ မျက်နှာမှာရှိတဲ့ ချွေးပေါက် တွေထဲက အညစ်အကြေး တွေ အားလုံးထွက်သွားတဲ့အတွက် ချွေးပေါက်တွေ ပွင့်ပြီး ကျန်ခဲ့ပါတယ် အဲဒီလိုပွင့်သွားတဲ့ ချွေးပေါက်တွေ ပြန်ပိတ်ဖို့ ၊ Double Cleansing လုပ်ဖို့၊ ရေဓါတ်ဖြည့်ပေးဖို့၊ အသားအရေ စိုပြေပြီး သမမျှတဖို့ Toner က ကူညီပေးနိုင်ပါတယ်။ Toner သုံးတဲ့အခါမှာလဲ တချို့က Cotton Pad နဲ့သုံးပြီး တချို့က လက်နဲ့ သုံးကြတယ်၊ နည်းမှန် လမ်းမှန်ကတော့ Cotton Pad ကိုသုံးပြီး မျက်လုံး တဝိုက်ကို ရှောင်ပြီး မျက်နှာတပြင်လုံး နှံ့စပ်အောင် လိမ်းသင့်ပါတယ်။ Cotton Pad ကို သုံးခြင်းဖြင့် အသားအရေ အတွင်းထိ သေချာစိမ့်ဝင်နိုင်ပြီး အညစ်အကြေး အကြွင်းအကျန် များကိုလဲ သေချာ သန့်စင်ပေးနိုင်ပါတယ်။
နေ့လိမ်းခရင်မ်
အသားခြောက်တဲ့သူဘဲဖြစ်ဖြစ် အဆီပြန်တဲ့သူဘဲဖြစ်ဖြစ် ကိုယ့်အသားအရေနဲ့ သင့်တော်တဲ့ Moisturizer ဆိုတာ လူတိုင်း အသုံးပြု သင့်ပါတယ်၊ အဲမှာမှ Day Cream နဲ့ Night Cream ဆိုပြီး ၂ မျိုးရှိပါတယ် Day Cream က အဓိက ဘာလုပ်ပေးလဲဆိုရင် အသားအရေ ကို ရေဓါတ်ဖြည့်ပေးပြီး ပတ်ဝန်းကျင် လေဒဏ်ရေဒဏ် ကာကွယ်ပေးပါတယ်၊ Day Cream က ကာကွယ်မှုကို လုပ်ဆောင် ပေးတဲ့ အတွက် မိမိအသားအရေ မပျက်စီးဖို့ အဓိက အထောက်အကူ ပေးပါတယ်။ ဒါ့အပြင် Day Cream သုံးထားခြင်းဖြင့် အသားအရေ နဲ့ မိတ်ကပ် တိုက်ရိုက်မထိဖို့ ကာကွယ်ပေးနိုင်ပြီး မိတ်ကပ်လိမ်းတဲ့ အခါ ပွတ်ဆွဲစရာမလိုဘဲ ပိုပြီး လွယ်ကူ ချောမွေ့စေ ပါတယ်။ Day Cream သုံးတဲ့ အခါမှာလဲ ဖြစ်နိုင်ရင် နေရောင်ခြည် ဒဏ် ကာကွယ်ဖို့ အတွက် SPF, PA ပါတဲ့ Day Cream ကို ရွေးချယ် အသုံးပြုသင့် ပါတယ်။ အကယ်၍ ကိုယ်သုံးတဲ့ Day Cream မှာ Sun Protection မပါဘူးဆိုရင်တော့ Sunscreen မဖြစ်မနေ ထပ်လိမ်းဖို့ လိုပါတယ်။
ညလိမ်းခရင်မ်သုံးပါ
Night Cream ကတော့ အားဖြည့်မှုကို အဓိက လုပ်ပေးပါတယ်။ အသားအရေ မှာ လိုအပ်တဲ့ အာဟာရဓါတ်များကို စုပ်ယူနိုင် စွမ်းအား က ညအချိန်မှာ ပို အားကောင်း ပါတယ်။ မိမိ ကိုယ်ရောစိတ်ပါ အနားယူအိပ်စက်နေချိန်မှာ ဆဲလ်များအသစ်ဖြစ်၍ ပြန်လည် အားပြည့် နိုင်စွမ်းအားလဲ ပိုမိုမြင့်မားပါတယ်။ Night Cream ကိုသုံးခြင်းဖြင့် အသားအရေအတွင်းရှိ ဆဲလ် အဟောင်းများကို ဖယ်ထုတ်၍ ဆဲလ် အသစ် ဖြစ်ပေါ်စေကာ အသားအရေ မပျက်စီးစေရန် ကာကွယ် ပေးနိုင်ပါတယ်၊ Collagen နှင့် Elastin ထုတ်လုပ်မှုကို လှုံ့ဆော် ပေးပြီး သွေးလှည့်ပတ် မှုအားကောင်း ရန်လဲ ကူညီပေးပါတယ်၊ ဒါကြောင့် Night Cream ဟာ အသားအရေကို ရေဓါတ် ဖြည့် ပေးရုံမက ပျက်စီး နေသော အသားအရေကို ပြန်လည်ပြုပြင်၍ အသစ်ဖြစ်ကာ နုပျိုစေပါတယ်၊ တနေကုန် ပင်ပန်း နေသော အသားအရေကို Night Cream သုံး၍ အားဖြည့်ခြင်းဖြင့် မနက် အိပ်ယာထလျှင် ကြည်လင် လန်းဆန်း၍ နူးညံ့စိုပြေသော အသားအရေ ကို ပိုင်ဆိုင်နိုင်လို့ လူတိုင်း Night Cream သုံးဖို့ လိုအပ်ပါတယ်။
ဆဲလ်သေဖယ်ရှားခြင်း(Exfoliate)
တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ်လောက် Exfoliateလုပ်ပေးပါ။Deep Cleansing လုပ်ဖို့ Scrub သို့ Deep Cleansing Foam မျိုး သုံးပြီး သန့်စင်ခြင်းဖြင့် မျက်နှာပေါ်ရှိ ဆဲလ် အဟောင်းတွေ ဖယ်ပြီး ဆဲလ် အသစ်များ ဖြစ်စေလို့ ပိုချောမွေ့တဲ့ အသားအရေကို ရရှိစေပါတယ်။ Exfoliating Scrubsတွေမှာမွေးညင်းပေါက်တွေကိုရှင်းလင်းသန့်စင်နိုင်ဖို့နဲ့ အရေပြားဆဲလ်သေတွေကို ဖယ်ထုတ်နိုင်ဖို့ Microbeadsတွေ သို့မဟုတ် ကြိတ်ထားတဲ့သစ်သီးစေ့တွေကိုသုံးထားတတ်ပါတယ်။
ရေကိုအကြာကြီးစိမ်မချိုးပါနဲ့၊ရေပူနဲ့မချိုးပါနဲ့
ခပ်ပူပူရေနွေးနဲ့ချိုးတာက အသားအရေကိုခြောက်သွေ့စေလို့ ပိုရင့်ရော်စေနိုင်ပါတယ်။ရေကိုအကြာကြီးမချိုးပါနဲ့။ ကြက်သီးနွေးရေလောက်နဲ့ချိုးတာဆိုရင်တော့ အသားအရေမထိခိုက်စေနိုင်ပါဘူး။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။