၂။ အသားအရေကို ပုံမှန်ထိန်းသိမ်းပါ။
သင့်မျက်နှာမှာ အိုမင်းရင့်ရော်ခြင်းရဲ့ အရိပ်အရောင်၊လက္ခဏာတွေ မြင်တွေ့ရပြီဆိုတာနဲ့ အသားအရေထိန်းသိမ်းခြင်းကို အချိန်မဆိုင်းဘဲ စတင်ဆောင်ရွက်သင့်ပါပြီ။ အသားအရေခြောက်သွေ့ခြင်း၊ဖြူဖျော့ခြင်း၊အစက်အပျောက်များဖြစ်ပေါ်လာခြင်း စတာတွေဟာ သင့်အသားအရေကို ထိန်းသိမ်းသင့်ပြီဖြစ်ကြောင်း အချက်ပေးခေါင်းလောင်းသံတွေပဲ ဖြစ်ပါတယ်။
နုပျိုကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်စေနိုင်ဖို့အတွက် အောက်ဖော်ပြပါ အချက်လေးတွေကို လိုက်နာသင့်ပါတယ်။
- သင်သုံးစွဲနေတဲ့ အလှကုန်ပစ္စည်းတွေဟာ အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ရပါမယ်။
- ဒါ့အပြင် ဆဲလ်အသစ်ဖြစ်ပေါ်မှုကို အားပေးကူညီပေးနိုင်တဲ့ epidermal ပါဝင်ရပါမယ်။
- ဆဲအဟောင်းတွေကို ပြုပြင်ပေးနိုင်ဖို့နဲ့ ဆဲလ်အသစ်တွေ ဖြစ်ပေါ်မှုကို အားပေးနိုင်ဖို့အတွက် ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတဲ့ ပစ္စည်းတွေကို ရွေးချယ်ရပါမယ်။
- သွေးလည်ပတ်မှုကို ကောင်းမွန်ပါစေ။
- အရေပြားတစ်ရှူးခုနှစ်လွှာလုံးကို ကောင်းစွာ အဟာရပြုနိုင်စေဖို့အတွက် အစိုဓါတ်နဲ့ အာဟာရဓါတ်တွေ ကောင်းစွာ စိမ့်ဝင်ပါစေ။
၃။ အသားအရေထိန်းသိမ်းမှုကို နေ့စဉ်ပြုလုပ်ပေးပါ။
သင့်အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒါဏ်က ကာကွယ်ပေးဖို့အပြင် အခြားအရေးကြီးတဲ့အချက်ကတော့ မှန်ကန်တဲ့ အသားဖြူဆေးကို အသုံးပြုပြီး အသားအရေကို ပုံမှန်ထိန်းသိမ်းပေးတာပဲ ဖြစ်ပါတယ်။
အောက်ဖော်ပြပါ အချက်လေးတွေကို လိုက်နာပါ။
- ဝက်ခြံတွေကို မကုတ်ပါနဲ့၊မညှစ်ပါနဲ့။ မျက်နှာကို ခဏခဏ သွားမကိုင်ပါနဲ့။
- ညအိပ်ယာမဝင်မီအချိန်မှာ အပျော့စားမျက်နှာသစ်ဆေးကို အသုံးပြုပြီး မျက်နှာသစ်ပါ။
အသားဖြူစေတယ်ဆိုပြီး ကြော်ငြာတဲ့ မျက်နှာသစ်ဆေးတွေကို ယုံပြီး ဈေးကြီးပေးဝယ်မသုံးပါနဲ့။
ဘာလို့လဲဆိုတော့ မျက်နှာခဏလေးသစ်ပေးလိုက်ရုံနဲ့ အသားဖြူစေတဲ့ ဓါတ်ပစ္စည်းတွေဟာ အရေပြားထဲကို စိမ့်ဝင်သွားမှာ မဟုတ်တဲ့အတွက်ပါပဲ။ မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်တိုက်ခြင်းဟာ အမည်းစက်တွေကို ဖြစ်ပေါ်လာစေနိုင်တာမို့ မျက်နှာသစ်ပြီးတိုင်းမှာ မျက်နှာသုတ်ပုဝါ အပျော့စားလေးနဲ့ပဲ သုတ်ပေးရမှာဖြစ်ပြီး ကြမ်းတမ်းစွာ မျက်နှာသုတ်ခြင်းကို ရှောင်ရှားရပါမယ်။
အရေပြားနီရဲရောင်ရမ်းခြင်းကို သက်သာစေဖို့အတွက် အစိုဓါတ်ထိန်းပေးနိုင်တဲ့ အလှကုန်ပစ္စည်းတွေ (moisturizer)ကို အသုံးပြုရပါမယ်။
moisturizer လိမ်းပြီးတဲ့အခါ သင့်မျက်နှာအရေပြားကို အသာအယာနှိပ်နယ်ပေးရမှာဖြစ်ပြီး သင့်အသားအရေဟာ ခြောက်သွေ့နေမယ်၊ထိရှလွယ်မယ် ဒါမှမဟုတ် အိုမင်းရင့်ရော်ခြင်းရဲ့ လက္ခဏာတွေ ပေါ်ပေါက်နေမယ်ဆိုရင်တော့ တပတ်ကို တကြိမ်နှစ်ကြိမ်လောက် ဂျီးချွတ်ပေးဖို့ လိုပါလိမ့်မယ်။ သင်ဟာ အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်ဆိုရင်တော့ တပတ်ကို နှစ်ကြိမ်သုံးကြိမ်လောက် ဂျီးချွတ်ပေးဖို့ လိုပါလိမ့်မယ်။
အသားအရောင်ပြောင်းလဲခြင်းကို ကာကွယ်ရတာဟာ ထင်သလောက် မရှုပ်ထွေးပါဘူး။ အသားအရောင်ပြောင်းလဲမှုကို ကာကွယ်ခြင်းနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ ဗဟုသုတတွေကို ဒီဆောင်းပါးလေးက ပေးစွမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။