မေလေးတို့ရေ….. ဟိုတစ်ခေါက်က ခန္ဓာကိုယ်ပေါ်က ( အထူးသဖြင့် မျက်နှာပေါ်က ) မလိုအပ်တဲ့ အမွေးအမျှင်တွေ ဖယ်ရှားပစ်နိုင်တဲ့ သဘာဝနည်းလမ်းလေးတွေ ပြောပြပေးခဲ့တယ်နော်။ ဒီနည်းလေးတွေက ခဏတာ အတွက်ပဲ ထိရောက်မှာမို့ ဒီတစ်ခေါက်တော့ ရာသက်ပန် အမွေးအမျှင်ကင်းစင်စေမယ့် laser hair removal ( လေဆာလှိုင်းဖြင့် အမွေးအမျှင်ဖယ်ရှားခြင်း) အကြောင်းလေးကို နှင်းသိသလောက်ဝေမျှ ပေးသွားမယ်နော်။