backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အမျိုးသမီးများ အမွေးရိတ်ဖို့ နည်းလမ်းကောင်းများ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အမျိုးသမီးများ အမွေးရိတ်ဖို့ နည်းလမ်းကောင်းများ

အမျိုးသမီးတွေအတွက် ကြည့်ကောင်းစေဖို့ အမွေးရိတ်ဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ အမွေးရိတ်ဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းကောင်းတွေကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။

အမွေးရိတ်ဖို့ နည်းလမ်းများ

အရေပြားဟာ ပျော့ပြောင်းနေဖို့ လိုအပ်ပါတယ်။

အမွေးမရိတ်ခင် ထိခိုက်ပြတ်ရှမှုတွေကို ကာကွယ်ဖို့ အရေပြားဟာ ပျော့ပြောင်းနေဖို့ လိုအပ်ပါတယ်။ သဘာဝ အဆီတွေ ဖြစ်တဲ့ အုန်းဆီ၊ သံလွင်ဆီတွေဟာ သင့်အရေပြားပေါ်မှာ ဘရိတ်ဓါးနဲ့ ရိတ်ခြင်းကို ပိုမိုချောမွေ့စေပါတယ်။ သင့်မှာ အချိန်ရှိရင် ဘရိတ်ဓါးကို ပိတ်စေနိုင်တဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်တဲ့ ချေးချွတ်ခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။

ဘရိတ်ဓါးကို မကြာခဏ လဲလှယ်သင့်ပါတယ်။

တုံးနေတဲ့ ဘရိတ်ဓါးဟာ ပြတ်ရှမှုတွေကို ဖြစ်စေနိုင်ပြီး ဟောင်းနွမ်းနေတဲ့ ဘရိတ်ဓါးဟာလည်း ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ အမျိုးသမီးတွေဟာ ဘရိတ်ဓါးကို သုံးခါကနေ ငါးခါအထိသာ အသုံးပြုသင့်ပြီး ဈေးပေါတဲ့ ဓါးကိုလည်း မဝယ်သင့်ပါဘူး။

အောက်ကို အရင်ရိတ်ပြီးမှ အပေါ်ကိုပြန်တက်ပါ။

အရေပြားကိုချေးချွတ်ပြီး ပျော့ပြောင်းအောင်လုပ်ပြီးရင်တော့ အမွှေးပေါက်တဲ့ဘက်အတိုင်းရိပ်ပြီး နောက် ပြောင်းပြန်ရိတ်သင့်ပါတယ်။ ဒါဟာ ပထမ အောက်ဘက်ကို အရင်ရိတ်ပြီးမှ အပေါ်ပြန်တက်လာသင့်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ အမွှေးအကုန်ပြောင်သွားတာ သေချာစေဖို့ တစ်နေရာကို နှစ်ခါ ရိတ်သင့်ပါတယ်။

အရှည်ကြီးဆွဲရိတ်တာများ မလုပ်ပါနဲ့

အထူးသဖြင့် တင်းကျပ်ပြီး ရိတ်ရခက်တဲ့ နေရာတွေဖြစ်တဲ့ ဒူးခေါင်းလိုနေရာမျိုးအတွက် ရှမိခြင်းကို ကာကွယ်ဖို့ ခပ်တိုတို အချက်လေးတွေနဲ့ ရိတ်သင့်ပါတယ်။ ကိုယ်ခန္ဓါအတွင်းမှရှိတဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေကို အမွေးရိတ်ချိန်မှာလည်း မတူညီစွာ ရိတ်သင့်ပါတယ်။

ခြေထောက်ကို ဘယ်လိုအမွေးရိတ်မလဲ။

  • အမွေးရိတ်တဲ့ ဂျယ် (သို့) သဘာဝဆီကို ပြတ်ရှခြင်းတွေကို ကာကွယ်ဖို့ အရင်လိမ်းပေးသင့်ပါတယ်။
  • အရေပြားတင်းရင်းစေဖို့ ဒူးကိုအနည်းငယ်ကွေးသင့်ပါတယ်။ ခေါက်နေတဲ့ အရေပြားဟာ အမွှေးရိတ်ဖို့ ခက်ခဲစေပါတယ်။
  • မပျောက်သေးတဲ့ ပြတ်ရှဒဏ်ရာတွေနားမှာ အမွေးရိတ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
  • အမွေးပေါက်တဲ့ ဘက်အတိုင်းအရင်ရိတ်ပြီး ပြောင်းပြန်ပြန်ရိတ်သင့်ပါတယ်။
  • အမွေးရိတ်ဂျယ် တွေကို ပြန်ဆေးချသင့်ပါတယ်။

ချိုင်းကို ဘယ်လိုအမွေးရိတ်မလဲ

  • အရေပြားကို စိုစေဖို့ အမွေးရိတ်ဂျယ် လိမ်းသင့်ပါတယ်။
  • ချိုင်းမြှောက်ပြီး ရိတ်သင့်ပါတယ်။
  • အောက်ပိုင်းကနေ စရိတ်သင့်ပြီး ပြောင်းပြန်ရိတ်သင့်ပါတယ်။
  • အရေပြားယားယံမှုကို ကာကွယ်ဖို့ ဘရိတ်ဓါးကို အရမ်းမဖိသင့်ပါဘူး။
  • အမွေးရိတ်ဂျယ် ကို ပြန်ဆေးချသင့်ပါတယ်။
  • အရေပြားကိုကာကွယ်ဖို့ လိုးရှင်းကို အသုံးပြုသင့်ပါတယ်။

ဘီကီနီ အပိုင်းကို ဘယ်လိုလုပ်မလဲ။

  • အမွေးရိတ်ဂျယ် ထူထူလိမ်းပြီး အရေပြားကို စွတ်စိုစေ သင့်ပါတယ်။ ဒီနေရာက အမွှေးတွေဟာ အခြားနေရာတွေကထက် ပိုပြီးရိတ်ရခက်တာကြောင့် သေချာ ဂရုစိုက်ပြီး ရိတ်သင့်ပါတယ်။
  • အရေပြားဟာ ပါးပြီး နူးညံ့တာကြောင့် သေချာ ကိုင်တွယ်သင့်ပါတယ်။
  • ရေပြင်တစ်ညီတည်းအရင်ရိတ်သင့်ပြီး ပေါင်အပေါ်ပိုင်းနဲ့ ပေါင်ခြံနေရာတွေမှာ အပြင်ကနေ အတွင်းကို ရိတ်သင့်ပါတယ်။ တူညီတဲ့ ရိတ်ချက်တွေနဲ့ ချောမွေ့စွာ ညင်ညင်သာသာ ရိတ်သင့်ပါတယ်။
  • ဘီကီနီ အပိုင်းကို အမွှေးရိတ်တာထက်စာရင် ဖယောင်းနဲ့ အမွေးချွတ်တာကို ပြုလုပ်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement