backup og meta

အဆီပြန်တဲ့အသားအရေအတွက် အကောင်းဆုံး Moisturizerကို ဘယ်လိုရှာဖွေမလဲ

အဆီပြန်တဲ့အသားအရေအတွက် အကောင်းဆုံး Moisturizerကို ဘယ်လိုရှာဖွေမလဲ

Moisturizer (အစိုဓါတ်ထိန်းအလှဆီ) ကိုဘယ်လိုရှာဖွေမလဲ။

အဆီပြန်တဲ့အသားအရေအတွက် Moisturizer (အစိုဓါတ်ထိန်းအလှဆီ)ကဘာလို့လိုအပ်တာလဲ။

Moisturizer (အစိုဓါတ်ထိန်းအလှဆီ) က အဆီပြန်တဲ့သူတွေအတွက် ကောင်းကျိုးကိုဖြစ်စေပါတယ်လို့ဆိုရင် သင်ယုံနိုင်ပါ့မလား။ အဆီတွေက အသားအရေကို ချောမွတ်နေစေတာပါ။ အစိုဓါတ်ဖြည့်ပေးတာမဟုတ်ပါဘူး။ moisturizer တွေက အသားထဲကိုစုပ်ယူသွားနိုင်မယ့် ပစ္စည်းတွေပေးနိုင်တာကြောင့် အရေးကြီးပါတယ်။

အဆီတွေကတော့ မွှေးညှင်းပေါက်တွေကနေထွက်လာပြီး အသားအရေကိုချောမွေ့စေကာ အစိုဓါတ်ကို ထိန်းထားပေးပါတယ်။ အဆီပြန်ခြင်းကို တိုက်ဖျက်ပေးမယ့် ပစ္စည်းတွေနဲ့ မျက်နှာသစ်ပြီးတဲ့အချိန်န်မှာ အသားအနည်းငယ်ခြောက်နေသလို ခံစားရစေမှာပါ။

Moisturizerမသုံးဘူးဆိုရင် အသားအရေစိုပြည်နေအောင် သင့်အသားကနဂိုထုတ်ပေးနေကျအဆီထက် ပိုပြီးထုတ်ပေးနေမှာဖြစ်လို့ ပိုပြီးအဆီပြန်လာတာကို သင်တွေ့ရမှာပါ။ Moisturizers တွေက အဆီပိုတွေထုတ်လုပ်နေခြင်းကို လျှော့ချပေးနိုင်ပြီး အဆီပြန်နေတဲ့ပုံစံဖြစ်လာခြင်းကို လျော့နည်းစေပါတယ်။

အဆီမပါတဲ့Moisturizer တွေ၊ ချွေးပေါက်မပိတ်စေတဲ့ moisturizer တွေနဲ့ salicylic acid ပါဝင်တဲ့ Moisturizer တွေဟာ အဆီတွေစုပုံနေခြင်းမဖြစ်လာဖို့ကာကွယ်ပေးပြီး matte ပုံစံဖန်တီးပေးနိုင်တဲ့ moisturizer တွေကတော့ အဆီတွေကိုခြောက်သွေ့နေအောင်စုပ်ယူပေးနိုင်ပြီး အဆီပြန်ခြင်းကိုကာကွယ်ပေးပါတယ်။

သင့်ရဲ့အဆီပြန်တဲ့အသားအရေအတွက် အကောင်းဆုံး Moisturizer တွေကိုဘယ်လိုရွေးချယ်မလဲ။

သင့်အသားပေါ်ကိုအဆီပိုတွေထပ်မထည့်ပေးဘဲ ရေဓါတ်ပဲအပြည့်အဝပေးနိုင်ဖို့အတွက် သင်ရွေးချယ်ရမှာတွေကတော့ အဆီမပါဝင်ဘဲ ပေါ့ပါးပြီးချွေးပေါက်တွေကိုမပိတ်စေနိုင်မယ့် ရေကိုအခြေခံထုတ်လုပ်ထားတဲ့ moisturizer တွေပါ။ ပေါ့ပေါ့ပါးပါးဖြစ်နေစေမယ့် အရာတွေက ဝက်ခြံတွေနဲ့ အပြစ်အနာအဆာတွေကို ဖျောက်ဖျက်ပေးနိုင်မှာမဟုတ်ပေမယ့် ထပ်တော့ဖြစ်လာစေတော့မှာမဟုတ်ပါဘူး။

တကယ်လို့သင်က အပြစ်အနာအဆာတွေကို ထိန်းချုပ်ချင်တယ်ဆိုရင်တော့ ပိုးသေစေတဲ့အာနိသင် တွေပါဝင်တဲ့ moisturizer တွေကိုရွေးချယ်သင့်ပါတယ်။

အဆီပြန်တဲ့အသားအရေအတွက် Moisturizer ရွေးချယ်တော့မယ်ဆိုရင် သူ့မှာပါဝင်တဲ့ပစ္စည်းတွေကို အဓိကထားကြည့်ပေးပါ။ သင့်အသားအရေအတွက်အကောင်းဆုံးဖြစ်မယ့် Moisturizer တွေမှာ organic ပစ္စည်းတွေ၊ water-based alpha hydroxyl acid တွေ ဥပမာအားဖြင့် Lactic acid သို့မဟုတ် glycolic acid တွေပါဝင်ပါတယ်။ Panthenol, glycerin သို့မဟုတ် Urea စတဲ့ အစိုဓါတ်ဖြည့်ပေးနိုင်တဲ့အရာတွေကို ပါဝင်ပစ္စည်းစာရင်းထဲမှာတွေ့နေရမယ်ဆိုရင် တကယ်ကောင်းတဲ့ပစ္စည်းပါပဲ။

သင့်အသားအရေမှာ အဆီပိုတွေမပါဝင်ဘဲ အစိုဓါတ်ကိုစုပ်ယူနိုင်ဖို့နဲ့ ထိန်းသိမ်းထားနိုင်ဖို့ ဒီအရာတွေက ကူညီပေးမှာပါ။ တကယ်လို့သင်ကအပြင်မှာပဲအနေများမယ်ဆိုပါစို့။ ပုံမှန်လိမ်းနေကျ နေလောင်ခံခရင်မ်ကို မလိမ်းခင်မှာ နေရောင်ခြည်ဒဏ်ကိုကာကွယ်နိုင်မယ့် Moisturizer ကိုသုံးပေးပါ။

တကယ်လို့သင့်အသားအရေဟာ T-Zone (နဖူး၊ နှာခေါင်း၊မေးစေ့၊ပါးစပ်တစ်ဝိုက်) မှာ အဆီပြန်ပြီး ပါးတွေမှာခြောက်သွေ့နေမယ်ဆိုရင်တော့ သင်က ပေါင်းစပ်အသားအရေပိုင်ရှင်ပါ။ ပေါင်းစပ်အသားအရေဟာ နူးညံ့ပြီး ရေဓါတ်ကိုအခြေခံထားတဲ့ Moisturizer တွေနဲ့ အဆင်ပြေပါတယ်။ ပြင်းထန်တဲ့ဆပ်ပြာမပါဝင်တဲ့ မျက်နှာသစ်ဆပ်ပြာအပျော့စားတွေကိုလည်း ဒီအသားအရေမျိုးက နှစ်သက်တတ်ပါသေးတယ်။

အဆီကိုအခြေခံထားတဲ့ Moisturizer တွေကို အဆီပြန်တဲ့အသားအရေတွေအတွက် လုံး၀ လုံး၀ အသုံးမပြုပါနဲ့။ Lanolin, mineral oil သို့မဟုတ် vitamin E စတာတွေပါဝင်တဲ့ moisturizer တွေကိုရှောင်ကြဉ်ပါ။ ဒီအရာတွေအားလုံးက သင့်အသားအရည်ကို လိုအပ်တဲ့အဆီပမာဏထက် ပိုပြီးဖြည့်ဆည်းပေးပါလိမ့်မယ်။ စေးကပ်ထူပိန်းနေတဲ့ Moisturizer တွေကိုလည်း အသုံးမပြုသင့်ပါဘူး။ အဆီပြန်တဲ့အသားအရေအတွက် အကောင်းဆုံး Moisturizer တွေဟာ အဆီကိုအခြေခံထားတာမျိုးမဟုတ်ပါဘူး။

Occlusive ဆိုတာဟာ အရေပြားမှာ အစိုဓါတ်တွေကိုကောင်းကောင်းထိန်းသိမ်းထားနိုင်တဲ့ပစ္စည်းတစ်မျိုးပါ။ ခြောက်သွေ့တဲ့အသားအရေတွေအတွက် အလွန်ကောင်းမွန်ပေမယ့် အဆီပြန်တဲ့အသားအရေတွေအတွက်ကတော့ အတော်ဆိုးရွားစေမှာပါ။ ဒီအရာက စေးပျစ်ပျစ် ထူပိန်းပိန်းနိုင်ပြီး ဆီတွေအများကြီးပါဝင်ပါတယ်။ Petrolatum, paraffin, collagen စတဲ့နာမည်တွေ စာရင်းထဲမှာ ပါမပါကြည့်ပါ။ ဒီအရာတွေအားလုံးက အဆီပြန်တဲ့အသားအရေအတွက် ဘာမှအကူအညီဖြစ်စေမှာမဟုတ်ပါဘူး။

Emollients တွေကတော့ ပိုမိုပေါ့ပါးပြီး occlusives တွေလိုပဲသင့်အသားအရည်မှာ အစိုဓါတ်ကို ထိန်းသိမ်းထားပေးနိုင်ပါတယ်။ မတူညီတဲ့အချက်ကတော့ အချို့ emollients တွေဟာ ရေဓါတ်ကိုအခြေခံထားတာပါ။ ဥပမာ stearic acid, dimethicone စတာတွေပေါ့။ ဒါကြောင့်မို့လည်း အဆီပြန်တဲ့အသားအရေအတွက်ဆိုရင် emollients တွေက အလုပ်ဖြစ်တာပါ။

အဆီပြန်တဲ့အသားအရေကို နူးညံ့ညင်သာစွာထိတွေ့ကိုင်တွယ်ဖို့ သိပ်ကိုအရေးကြီးပါတယ်။ မျက်နှာကို ခဏခဏ scrub တိုက်တာမျိုး၊ ပြင်းထန်တဲ့ ဝက်ခြံကုသမှု တွေကို ခဏခဏခံယူတာမျိုး မလုပ်ပါနဲ့။ Salicylic acid, rubbing alcohol နဲ့ benzoyl peroxide တွေဟာ ပြင်းထန်လွန်း အားကောင်းလွန်းတဲ့အတွက် တစ်ရက်ကိုတစ်ကြိမ်ထက်ပိုပြီးအသုံးပြုဖို့ မသင့်လျော်ပါဘူး။ သဘာဝဆားလို ကြမ်းတမ်းတဲ့ ပစ္စည်းတွေကို ချေးချွတ်ဖို့သုံးတာမျိုး ရှောင်ကြဉ်ပါ။ ကြမ်းတမ်းတဲ့ပစ္စည်း တွေဟာ သင့်အသားအရည်ကိုရောင်ရမ်းစေပြီး အနာတရတွေပိုဖြစ်စေပါတယ်။

အသားအရေအဆီပြန်ခြင်းကို ရင်ဆိုင်တိုက်ခိုက်နေမယ့်အစား နူးညံ့ညင်သာစွာဆက်ဆံပေးပါ။ ရေကိုအခြေခံတဲ့ Moisturizer တွေသုံးပေးပြီး အဆီပြန်ချောမွတ်နေတဲ့အသားအရေကို ကျန်းမာတောက်ပတဲ့အသားအရည်အဖြစ်ပြောင်းလဲနေတဲ့အချိန်မှာ ဇိမ်ကျပြီး ပိုမိုနူးညံ့ပျော့ပျောင်းတဲ့အထိအတွေ့တွေကို ခံစားလိုက်ပါ။ အဆီပြန်တဲ့အသားအရေအတွက်ထုတ်တဲ့ အရည်အသွေးမြင့် moisturizer တွေကိုအသုံးပြုပြီး ရေဓါတ်ဖြည့်ပေးခြင်းက လှပကျန်းမာပြီးညီညွတ်မျှတတဲ့အသားအရေကို ပိုင်ဆိုင်နိုင်စေမှာပါ။ ရေကိုအခြေခံထုတ်ထားတဲ့ နူးညံ့တဲ့ Moisturizer တွေက သင့်ရဲ့ အဆီပြန်တဲ့အသားအရေအတွက် အကောင်းဆုံး Moisturizer တွေဖြစ်မှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

HOW TO CONTROL OILY SKIN https://www.aad.org/public/everyday-care/skin-care-basics/dry/oily-skin Accessed Date Jul 9, 2017

Does Oily Skin Need a Moisturizer? https://www.verywellhealth.com/do-i-need-a-moisturizer-if-i-have-oily-skin-15595 Accessed Date Jul 9, 2017

Top six home treatments for oily skin https://www.medicalnewstoday.com/articles/321090 Accessed Date Jul 9, 2017

Editor-Approved Morning and Night Skincare Routines for Oily Skin https://www.skincare.com/article/skin-care-routine-for-oily-skin Accessed Date Jul 9, 2017

Dermatologist-recommended skin care routines and tips for different skin types https://www.medicalnewstoday.com/articles/dermatologist-recommended-skin-care#oily Accessed Date Jul 9, 2017

 

 

 

 

ယခုပုံစံ

27/05/2022

Wathun Myat Chal မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသားအရေ ညီညာလှပအောင် ဘယ်လိုလုပ်ရမလဲ

အလှအပရေးရာအတွက် ဗီတာမင် ကေ ရဲ့ ကောင်းကျိုးများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 27/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement