ပွေး
ရေညှိတွေမှာပေါက်ဖွားနေထိုင်တာ၊ ကန်တွေထဲမှာပေါက်ဖွားရှင်သန်နေတဲ့ ဘက်တီးရီးယားလေး၊ မှိုပိုးလေးတွေ ရေထဲမှာပါဝင်တာကနေတဆင့် အရေပြားကိုထိခိုက်ပျက်စီးစေပြီး အရေပြားမှာပွေးတွေဖြစ်စေတာပါ။
အရေပြားခြောက်သွေ့ပျက်စီးခြင်း
ရေထဲမှာ ပိုးသတ်ဆေးတွေ၊ အပင်သုံးဓါတ်မြေသြဇာတွေပျော်ဝင်နေမယ်ဆိုရင် အဆိုပါရေတွေနဲ့ ထိတွေ့မိတဲ့အခါအပေါ်ယံအရေပြားကိုခြောက်သွေ့တာတွေ ထိခိုက်ပျက်စီးတာတွေကိုဖြစ်စေနိုင်ပါတယ်။ အရေပြားကိုရေနဲ့အချိန်ကြာမြင့်စွာထိတွေ့တာကလည်း အပေါ်ယံအရေပြားကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ အရေပြားအဖတ်တွေလန်ပြီးခြောက်သွေ့ကွဲအက်ပျက်စီးတာတွေဖြစ်စေနိုင်ပါတယ်။
တခြားအရေပြားပြဿနာအမျိုးမျိုး
ဒါတွေတင်မကသေးပါဘူး သင်္ကြန်မှာ ဆပ်ပြာရည်တွေနဲ့အခြား အမွှေးအကြိုင်ထည့်ထားတဲ့ရေတွေနဲ့ ထိတွေ့မိတဲ့အခါ အရေပြားဓါတ်မတည့်တာ၊ အရေပြားမှာ အနီကွက်တွေထတာ၊ခြောက်သွေ့ပျက်စီးတာ၊ မျက်နှာမှာ ဝက်ခြံထွက်တာနဲ့ အမျိုးမျိုးသော အရေပြားပျက်စီးစေနိုင်တဲ့ အခြေအနေတွေတွေ့ကြုံရနိုင်ပါတယ်။လေဒီတွေမှာဆိုရင်ရေစိုခံမိတ်ကပ်တွေနဲ့ အရောင်မပျက်တဲ့ နှုတ်ခမ်းနီတွေ၊ အိုင်းလိုင်နာတွေကြောင့် မျက်နှာ၊မျက်ဝန်းတဝိုက်နဲ့ နှုတ်ခမ်းအသားအရေတွေထိခိုက်ပျက်စီးတာမျိုးအထိပါကြုံရနိုင်ပါသေးတယ်။
သင်္ကြန်ရေကြောင့် အသားအရေမပျက်စီးရလေအောင်
သင်္ကြန်ကိုပျော်လည်းပျော်ပြီးပြီးသွားတဲ့အခါမှာလည်း နှစ်ဆန်းတစ်ရက် ဘုရားသွားတာ၊ လျှောက်လည်တာတွေလုပ်တဲ့အခါ အလှမပျက်ရလေအောင်သင်္ကြန်လည်ပြီးပြန်လာတိုင်း အသားအရေကိုပြန်ထိန်းသိမ်းဖို့ပြောပါရစေ။
အများကြီးမလုပ်နိုင်ရင်တောင်မှ သင်္ကြန်လည်ပြီးပြန်လာတဲ့အခါရေသန့်သန့်လေးနဲ့ ဆပ်ပြာသုံးပြီးရေချိုးသန့်စင်ပေးပါ။ပြီးရင်တော့ တစ်နေ့တာလုံး ထိခိုက်လာတဲ့အသားအရေကို Moisturizerလေးလိမ်းပေးပါ။ အသားအရေကို အာဟာရဓါတ်တွေဖြည့်ပေးနိုင်တဲ့ Body lotion လူးပေးဖို့လည်းမမေ့ပါနဲ့။ မျက်နှာကိုလည်း သခွားသီးကပ်ပေးတာနဲ့ အခြား mask ကပ်တာမျိုးတွေလုပ်ပေးလို့လည်းရပါတယ်။နောက်တစ်ခုက အိမ်တိုင်းလိုလိုမှာရှိတဲ့ သနပ်ခါးပါ။ သနပ်ခါးလူးပေးတာကလည်း အသားအရေကိုပြုပြင်ထိန်းသိမ်းရာရောက်ပါတယ်။ အရေပြားဓါတ်မတည့်တာမျိုးဖြစ်တဲ့အခါမှာတော့ ဘာမီတွန်လိုမျိုးဆေးကိုသောက်လို့ရတယ်ဆိုပေမယ့် အရမ်ပြင်းထန်ရင်တော့ ဆရာဝန်နဲ့ပြသကြည့်ဖို့ပြောပါရစေ။
တစ်နေ့တာလုံးမှာရေဓါတ်ပြည့်ဝအောင် မရခဲ့တာမျိုးဖြစ်နိုင်တာကြောင့်ရေဓါတ်ပြည့်ဝအောင်သောက်သုံးပေးဖို့ကိုလည်းမေ့မထားပါနဲ့။နောက်တစ်ခုက မနက်ခင်း အပြင်ထွက်မလည်ခင်မှာ တစ်ကိုယ်လုံးကိုနေလောင်ကာခရင်မ်လူးသွားဖို့ပါ။
သင်္ကြန်ရေကြောင့် ဘယ်လိုကာကွယ်မလဲ
လူတစ်ယောက်ရဲ့ သွင်ပြင်အပေါ်တော်တော်လေးသက်ရောက်မှုရှိနေတဲ့ အသားအရေကို သင်္ကြန်ရေကြောင့် ထိခိုက်ပျက်စီးတာမျိုး မဖြစ်ရလေအောင် အခုပြောပြတဲ့နည်းလမ်းလေးတွေသုံးပြီး ကာကွယ်ကြည့်ဖို့ပြောပါရစေ။
Moisturizer လူးပေးပါ – ပတ်ဝန်းကျင်မှာရှိနေတဲ့ မီးခိုငွေ့တွေ ဖုန်မှုန့်တွေနဲ့ ရေထဲမှာပါတဲ့ဘက်တီးရီးယာတွေကြောင့် အရေပြားထိခိုက်ပျက်စီးတာမျိုးမဖြစ်ရလေအောင် အသားအရေကိုMoisturizer လူးပေးပါ။
နေလောင်ကာခရင်မ်လူးပါ – ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေထိခိုက်ပျက်စီးသွားတာမျိုးမဖြစ်စေဖို့အတွက် သင်္ကြန်မလည်ခင် နာရီဝက်အလိုမှာနေလောင်ကာခရင်မ်လူးပေးပါ။ သင်္ကြန်မှာနေလောင်ကာခရင်မ်ကိုရေစိုခံတာမျိုးရွေးချယ်ရပါမယ်။ ဒါ့အပြင်ရေစိုနေတာကြောင့် နှစ်နာရီခြားအများဆုံးခြားပြီးပြန်ပြန်လူးပေးရပါမယ်။
အရေပြားအတွက် အထောက်အကူဖြစ်စေမယ့် အစားအစာတွေစားပေးပါ – ဗီတာမင် C ရရှိစေနိုင်တဲ့ အစားအစာတွေကို စားသုံးပေးပြီး အရေပြားအတွက် လိုအပ်တဲ့ ဓါတ်တွေဖြည့်ပေးပါ။ ဗီတာမင် C ကအသားအရေအတွက်သာမက ခန္ဓါကိုယ် ကျန်းမာဖို့လည်း အထောက်အကူပြုပေးပါတယ်။
အရေပြားကိုချေးချွတ်သန့်စင်ပါ – သင်္ကြန်လည်ပြီးပြန်လာတဲ့အခါ ခန္ဓါကိုယ်မှာလူးထားသမျှတွေကို ဖယ်ရှားသန့်စင်ပြီးရေချိုးသန့်စင်ပါ။ မျက်နှာကို သန့်စင်ပြီး ညလိမ်းခရင်မ်တစ်ခုခုလူးပေးပါ။ ခန္ဓါကိုယ်ကိုလည်း အစိုဓါတ်ထိန်းပေးတဲ့ lotion တစ်မျိုးမျိုးလူးပေးပါ။
ရေသောက်ပါ – ကဖင်းဓါတ်ပါတဲ့သောက်စရာတွေနဲ့ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကို တတ်နိုင်သမျှရှောင်ပြီး ခန္ဓါကိုယ်ကိုရေဓါတ်ပြည့်ပြည့်ဝဝရရှိစေဖို့ရေသောက်ပေးပါ။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။